စိတ်ကြွဆေးများ

ဝီကီပီးဒီးယား မှ

ATS သုံးစွဲမှုသည် ရုတ်တရက်စိတ်ရူးသွပ်ခြင်းနှင့် ဆက်နွယ်နေပြီး ရူးသွပ်ခြင်းဖြစ်ပေါ်မှုသည် အသက်ငယ်ငယ်ရွယ်ရွယ်နှင့် ဆေးသုံးခြင်း၊ ATS ဆေးအလွန်သုံးစွဲခြင်း၊ နဂိုစိတ်ကျရောဂါအခံရှိခြင်း၊ အရက်စွဲခြင်း၊လူမှုရေးနယ်ပယ်တွင် ကလန်ကဆန်လုပ်လေ့ရှိသည့် အမူအကျင့်ဝေဒနာ စသည့် အခြေအနေတို့တွင် ပိုမိုဖြစ်ပွားနိုင်ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း (MANA)က တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည်။ ATS ကိုအမှုန့်၊ ပုံဆောင်ခဲ၊ အရည်၊ ဆေးပြားစသော ပုံစံအမျိုးမျိုးနှင့် တွေ့ရပြီး ATS ပုံစံပေါ်မူတည်၍ မျိုချခြင်း၊ ရှူသွင်းခြင်း၊ ထိုးသွင်းခြင်းများပြုလုပ်သုံးစွဲကြကြောင်းသိရသည်။ ATSကို အာရုံမစိုက်နိုင်၊ လှုပ်ရှားမှုလွန် ဝေဒနာစုနှင့် ခန္ဓာကိုယ်အလေးချိန်လျှော့ချရန်စသည်ဖြင့် ဆေးကုသရာတွင်အသုံးပြုကြောင်းသိရသည်။ စိတ်ကြွဆေးအမျိုးအစားဖြစ်သည့် ATSသည် ဗဟိုအာရုံကြော အဖွဲ့အစည်းကို နှိုးဆွခြင်းဖြင့်ခန္ဓာကိုယ်တွင်းရှိပုံမှန်လုပ်ငန်းရပ်များကို အရှိန်အဟုန်မြှင့်တင်ပေးပြီး လွန်လွန်ကဲကဲသုံးစွဲမိပါက စိတ်ကြွနေရာမှ ဆေးစွမ်းပြယ်သည့်အခါ၌ ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်ဓာတ်ကျဆင်းခြင်းနှင့် တစ်ခါတစ်ရံစိတ်ခံစားမှု အပြောင်းအလဲ အလွန်မြန်ကာ ထိန်းမနိုင်သိမ်းမရ ဖြစ်တတ်ကြောင်း သိရသည်။ ATSသုံးစွဲမှုသည် ကမ္ဘာတစ်လွှားနိုင်ငံများအားလုံးတွင်တရားမဝင်သော်လည်း ATS သုံးစွဲသူများကို ထောင်သွင်းအကျဉ်းချခြင်းသည် ၎င်းတို့၏ ကျန်းမာရေးနှင့် အကျိုးစီးပွားကို ထိခိုက် စေနိုင်ကြောင်းသိရသည်။ အကြောင်းမှာ အကျဉ်းချခြင်းသည် စိတ်ကျန်းမာရေး ပြဿနာများ ပေါ်ပေါက်စေခြင်း၊လူမှုပေါင်းသင်းဆက်ဆံရေးများ ပျက်ပြားခြင်း HIV ရောဂါပိုးကူးစက်ခံရမှု အန္တရာယ် ပိုမိုကြီးမားလာခြင်း စသည်တို့ကို ဖန်တီးနိုင်သောကြောင့် ဖြစ်ကြောင်းသိရသည်။ ATSသုံးစွဲသူအများစုမှာ ငယ်ရွယ်စဉ် ခေတ္တခဏမျှသာ သုံးစွဲသူများဖြစ်သဖြင့် လူငယ်များအကြား ATS သုံးစွဲမှုကို ကိုင်တွယ်ဖြေရှင်းရာတွင်အခြားအစားထိုးနည်းလမ်းများရှာဖွေပေးရန် အရေးကြီးကြောင်းသိရသည်။ အဆင်ပြေချောမွေ့စေသော လူမှု ဆက်ဆံရေးများ၊ ပဋိက္ခဖြေရှင်းနည်းများ၊ လူငယ်များအားကျောင်းအလုပ်နှင့် အခြားသောအရာများတွင် စိတ်ပါ ဝင်စားစေရန် စီစဉ်ပေးခြင်း တို့သည် ATS သုံးစွဲမှုကို လျော့ပါးစေနိုင်သည်။ATS သည် Amphetamine Type Stimulants ဟုအဓိပ္ပာယ်ရသည်။