စားရကံကြုံလို့ မုတ်ဆိတ်ပျားစွဲ

ဝီကီပီးဒီးယား မှ

စားရကံကြုံလို့ မုတ်ဆိတ်ပျားစွဲ ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ပျားရည်ပျားသလက်စားရရန် အခွင့်ကြုံသဖြင့် မိမိ၏ခံတွင်းဝအနီး မုတ်ဆိတ်၌ ပျားလာ၍ စွဲဘိသကဲ့သို့ ကံကောင်းကြုံသဖြင့် မိမလက်တွင်းသို့ အခွင့်အလမ်းကောင်းကြီးတစ်ခု တိုက်တိုက်ဆိုင်ဆိုင် ရောက်လာသည်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "စားရကံကြုံလို့ မုတ်ဆိတ်ပျားစွဲဆိုသလို အချက်ကောင်းကြီးနှင့် ကျွန်ုပ်တို့ တွေ့နေကြပြီ။" [၁၂၈၁] ရွှေပြည်၊ ဒု။ ၁၃၆။
  • "ပစ္စည်းပေါတဲ့ ရတနာသိုက်ကို အားမစိုက်ဘဲ တိုးနေမိတာပဲ၊ စားရကံကြုံလို့ မုတ်ဆိတ်ပျားစွဲနေပါကလား။" [၁၂၉၀] သန်းသန်း၊ ပ။ ၁၃၀။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစကားပုံ (စတုတ္ထအကြိမ်တည်းဖြတ်ထုတ်ဝေခြင်း ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ ဇွန် ၂၀၀၈။ p. နှာ-၅၈။