မာတိကာသို့ ခုန်သွားရန်

စားစရာမရှိ လျော်စရာရှိ

ဝီကီပီးဒီးယား မှ

စားစရာမရှိ လျော်စရာရှိ သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[]

အဓိပ္ပာယ်

[ပြင်ဆင်ရန်]

စားစရာမရှိ လျော်စရာရှိ ဆိုသည်မှာ စားဝတ်နေရေးအတွက် စားစရာပင် မရှိစေကာမူ အခြားသူများအား ပေးလျော်ရန်ရှိသော ငွေကြေးကို မဖြစ်မနေ ရှာဖွေပေးလျော်ရမည်ဟု ဆိုလိုသည်။ ဤဆိုရိုးစကားသည် တာဝန်ယူမှုနှင့် ပေးဆပ်ရမည့်အရာကို မည်သို့ပင် အခက်အခဲရှိစေကာမူ ပေးဆပ်ရမည်ဟူသော အဓိပ္ပာယ်ကို ဖော်ညွှန်းသည်။ ငွေကြေးအခက်အခဲကြောင့် စားစရာပင် မရှိသည့်တိုင်အောင် အခြားသူများအား ပေးဆပ်ရန်ရှိသော တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ရမည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဤဆိုရိုးစကားသည် တာဝန်ကျေပွန်မှုနှင့် ဂတိသစ္စာ တည်ကြည်မှုကို အလေးထားသော မြန်မာလူမှုအဖွဲ့အစည်း၏ တန်ဖိုးကို ထင်ဟပ်စေသည်။

ကိုးကားချက်များ

[ပြင်ဆင်ရန်]
  • အို၊ နင်တို့ စားစရာမရှိ လျော်စရာရှိရမတဲ့၊ ဒီလိုမှ မတတ်နိုင်ရင် ထောင်ကျပေါ့၊ []
  • စားစရာမရှိသော်လည်း လျော်စရာရှိရသည်ဆိုသော စကားကဲ့သို့…၊ []

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
  2. [၁၃၀၈] ဂျာနယ်ကျော်၊ ၆၊ ၉။ ၁၉။ ကိုးကား အမှား - Invalid parameter "'journalkyaw6-9-19" in <ref> tag. The supported parameters are: dir, follow, group, name.
  3. [၁၃၀၉] လက်ပြန်ရေး။ ၁၉၄။ ကိုးကား အမှား - Invalid parameter "'latpyanyay194" in <ref> tag. The supported parameters are: dir, follow, group, name.