စာသားမှအသံပြောင်းလဲပေးသောစနစ်
ဤဆောင်းပါးတွင် ပြဿနာများစွာရှိသည်။ ကျေးဇူးပြု၍ ဆောင်းပါးတိုးတက်ကောင်းမွန်လာစေရန် ကူညီနိုင်သည်။ သို့မဟုတ် ဆွေးနွေးချက်စာမျက်နှာ တွင် ဤပြဿနာများအကြောင်း ဆွေးနွေးနိုင်၏ ။(ဤသို့သော တမ်းပလိတ်စာတွဲများကို မည်သို့နှင့် မည်သည့်အချိန်တွင် ဖယ်ရှားနိုင်သည်ကို လေ့လာရန်)
|
စာသားမှအသံပြောင်းလဲပေးသောစနစ် (text-to-speech, TTS)
[ပြင်ဆင်ရန်]ယခုသင်ဖတ်ရှုနေတဲ့ စာပိုဒ်ကို သင့်ဘေးနားမှ တစ်စုံတစ်ယောက်က အသံထွက်ဖတ်ရှုပေးနေမယ်ဆိုရင် သင့်အတွက် အဆင်မပြေနိုင်ဘူးလား။ ဒီလိုသာဆိုရင် သင့်မျက်လုံးကို အနားပေးထားလို့ရသလို အခြားအလုပ်တစ်ခုခုကိုလည်း တစ်ပြိုင်တည်း လုပ်ကိုင်လို့ရနိုင်မယ်လေ။ ဥပမာ သင်မီးပူတိုက်နေတုန်း ဘေးနားက သင်ဖတ်ရှုလိုတဲ့ စာများကို ဖတ်ပေးနေမယ်ပေါ့။ ဒါပေမယ့် သင်လိုအပ်တဲ့အချိန်တိုင်း ဘေးနားမှာ စာဖတ်ပေးမယ့် လူတစ်ယောက်အမြဲရှိနေဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ ဒါတွေအားလုံးအဆင်ပြေသွားစေဖို့ စာသားမှအသံပြောင်းလဲပေးသောစနစ်က ကူညီပေးပါလိမ့်မယ်။
စာသားမှအသံပြောင်းလဲပေးသောစနစ် ဆိုတာဘာလဲ
[ပြင်ဆင်ရန်]ကွန်ပျူတာ၊ မိုဘိုင်းဖုန်းနှင့် အခြားသော ကွန်ပျူတာဆက်စပ် ပစ္စည်းများပေါ်တွင် စာသားများကို အသံထွက်၍ ဖတ်ရှုပေးနိုင်သည့်စနစ် ဖြစ်ပါတယ်။
စာသားမှအသံပြောင်းလဲပေးသောစနစ် ဘာကြောင့်လိုအပ်တာလဲ
[ပြင်ဆင်ရန်]ဤစနစ်ကို မျက်မမြင်တွေ၊ အမြင်အာရုံအားနည်းနေသူတွေ၊ အဖိုးအဖွားတွေအတွက်သော်လည်းကောင်း၊ စာဖတ်ဖို့ အချိန်သီးသန့်မပေးနိုင်သူတွေအတွက်သော်လည်းကောင်း၊ လုပ်ငန်းပိုင်းဆိုင်ရာလိုအပ်ချက်များကြောင့်သော်လည်းကောင်း နေရာများစွာမှာ အလွန်အသုံးဝင်ပါတယ်။