စာရေးတော်ကြီး

ဝီကီပီးဒီးယား မှ

စာရေးတော်ကြီးသည် မြန်မာ့မိရိုးဖလာကိုးကွယ်ကြသည့် နတ်တစ်ပါး ဖြစ်သည်။[၁]

သမိုင်း[ပြင်ဆင်ရန်]

စာရေးတော်ကြီးသည် ရွှေဖျဉ်းညီနောင် လူ့ဘဝအတူနေစဉ်အခါက စာရင်းအင်းရေးမှတ်ပေးရသူ ကိုးကျောင်းဒါယကာ စာရေးတော်ကြီး ဦးသာနိုး ဖြစ်သည်။ ဦးသာနိုးသည် လောင်းကစားနှင့် အသောက်အစား၌ ခုံမင်ပျော်ရွှင်တတ်သည်။ ၎င်း၏ ဇနီးမှာ ဘို့မယ် ဖြစ်သည်။

အနော်ရထာမင်းသည် တရုတ်ပြည်မှ အပြန်တွင် တောင်ပြုန်းအရပ်၌ ဆုတောင်းပြည့်ဘုရား တည်လေသည်။ ထိုအခါတွင် ရွှေဖျဉ်းညီနောင်ကို ဦးသာနိုးက သင်ကြားပေးထားသဖြင့် မင်းနှစ်ပါးသည် သောက်စားမူးယစ်ကာ အမှုထမ်းရန် လစ်ဟင်းခဲ့သည်။ ထို့အတွက်ကြောင့် မင်းကြီးသည် မင်းနှစ်ပါးကို ကွပ်မျက်ခဲ့သည်။

ထိုအခါ စာရေးတော်ကြီးသည် မင်းနှစ်ပါးကွပ်မျက်ခံခဲ့ရသည်မှာ မိမိကြောင့်ဟုဆိုကာ စိတ်ညစ်၍ အသောက်လွန်ကာ သေဆုံးသွားခဲ့သည်။ အချို့ကမူ မင်းနှစ်ပါးနှင့်အတူရော၍ ဦးသာနိုးပါ ကွပ်မျက်ခံခဲ့ရသည်ဟု ဆိုကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ဦးထွေးဟန် (ဇူလိုင် ၁၉၉၁)။ မြန်မာ့မိရိုးဖလာဓလေ့ နတ်သမိုင်း။ ရန်ကုန်: ရွှေပုရပိုက်စာပေ။ pp. ၁၃၂၊ ၁၃၃။