စာပေပြပွဲနှင့်စာအုပ်ဈေးပွဲတော်

ဝီကီပီးဒီးယား မှ

စာပေပြပွဲနှင့် စာအုပ်ဈေးပွဲတော်[ပြင်ဆင်ရန်]

မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်း အဖွဲ့ကကြီးမှူး၍မြန်မာ သက္ကရာဇ် ၁၃၅၇ ခုနှစ်၊ နတ်တော်လ၊ စာဆိုတော် ရာသီတွင် စာဆိုတော်နေ့ အထိမ်းအမှတ် စာပေပြပွဲနှင့်စာအုပ်ဈေးပွဲတော်ကို နတ်တော်လဆန်း ၁ ရက်နေ့၊ စာဆိုတော်နေ့ကို မဏ္ဏိုင်ပြု၍ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မအားကစားကွင်းတွင် ကျင်းပခဲ့သည်။ စာပေပြပွဲနှင့် စာအုပ်ဈေးပွဲတော်ကို အောက်ဖော်ပြပါ ဦးတည်ချက် လေးရပ်ဖြင့်ကျင်းပခြင်းဖြစ်သည်။

  1. အမျိုးသား ယဉ်ကျေးမှုထိန်းသိမ်းရေး
  2. မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး
  3. မြန်မာစာပေထွန်းကားရေး
  4. နိုင်ငံတော်၏ ဦးတည်ချက်များအောင်မြင်ရေး

စာပေပြပွဲနှင့် စာအုပ်ဈေးပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ၁၉၉၅ ခုနှစ်၊ နိုင်ဝင်ဘာလ ၂၁ ရက်နေ့ နံနက် ၈နာရီကမြို့မ အားကစား ကွင်းအတွင်းရှိ စာပေပြခန်းမုခ်ဦးတွင် ကျင်းပခဲ့ရာ ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးဗိုလ်ချုပ်အေးကျော် တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် ပထမဦးစွာမြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းဥက္ကဋ္ဌ ဦးမျိုးသန့် (မောင်ဆုရှင်)က စာဆိုတော်နေ့ အထိမ်းအမှတ် စာပေပြပွဲနှင့် စာအုပ် ဈေးပွဲတော် ကျင်းပရခြင်း အကြောင်းကို ရှင်းလင်းပြော ကြားပြီးပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ်အေးကျော်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုနှစ် စာဆိုတော်နေ့ အထိမ်းအမှတ် ဂုဏ်ပြုအစီအစဉ်အဖြစ် စာပေပြပွဲနှင့် စာအုပ်ဈေးပွဲတော်ကို ကျင်းပခြင်းမှာ နိုင်ငံတော်ငြိမ် ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစိုးရလက်ထက်တွင် ပထမ ဦးဆုံး အကြိမ်ပင်ဖြစ်ကြောင်း

မြန်မာစာပေမှာ ပုဂံခေတ်ကစပြီး ပေါ်ထွန်းခဲ့သည်ကို လေ့လာတွေ့ရှိရကြောင်း၊ ပုဂံခေတ်တွင်ကျောက်စာအရေးအသား များထွန်းကားခဲ့ကြောင်း၊ ပုဂံခေတ်ပြီးနောက် ပင်းယခေတ်တွင် ရတုအရေးအဖွဲ့ကို အစပျိုးခဲ့သည်ကို လေ့လာတွေ့ရှိနိုင်ကြောင်း၊ အင်းဝခေတ်တွင် ပျို့နှင့်မော်ကွန်းအရေးအသားများပိုမိုထွန်းကား လာပြီဖြစ်ကြောင်း၊ ညောင်ရမ်းခေတ်တွင်စကားပြေအရေးအသား ကို တိုးတက်အသုံးပြု လာသည်ကို တွေ့ရကြောင်း၊တောင်ငူခေတ် တွင် ရတုအရေးအသားများ ကြွယ်ဝခဲ့ပြီဖြစ်ကြောင်း၊ကုန်းဘောင် ခေတ်တွင် ပုဂံ၊ ပင်းယ၊ အင်းဝ၊ ညောင်ရမ်း၊ တောင်ငူခေတ်တွေ ထက်ပိုပြီး စာပေအရေးအသား အဖွဲ့အနွဲ့မျိုးစုံထွန်းကားခဲ့ကြောင်း၊ စာပေအဆင့် ပိုမိုဖွံဖြိုး တိုးတက်မြင့်မားခဲ့သည်ဟု ဆိုနိုင်ကြောင်း၊ ကိုယ့်ထီး ကိုယ့်နန်းကိုယ့်ကြငှန်းနှင့် နေထိုင်လာခဲ့သည့် ဘဝမှ နယ်ချဲ့သမားတို့၏ ကိုလိုနီဘဝသို့ ကျရောက်သွားခဲ့ရသည့်အခါ တွင်လည်း စာပေပညာရှင်ကြီးများက စာပေတာဝန်ကို အားသွန် ထမ်းပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် မြန်မာပြည်သူလူထု ကို အသိဉာာဏ်ပေး ရေးသားခဲ့ကြကြောင်း၊

နိုင်ငံတော်အစိုးရ ပြန်ကြားရေး ဝန်ကြီးဌာန လက် အောက်ရှိ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး လုပ်ငန်း၊စာပေဗိမာန် သည် ၁၉၆၂ ခုနှစ်ကစပြီး အမျိုးသားစာပေဆုကို ရွေးချယ်ချီးမြှင့် လာခဲ့ကြောင်း၊ အမျိုးသား စာပေဆုမှာ မြန်မာနိုင်ငံတွင်အမြင့်ဆုံး စာပေဆုဖြစ်ကြောင်း၊ အလားတူ စာပေဗိမာန်သည် စာပေဗိမာန် စာမူဆုများကိုလည်း နှစ်စဉ်ရွေးချယ် ချီးမြှင့်ခဲ့ကြောင်း၊အစိုးရအဖွဲ့ အစည်းမဟုတ်သည့် ပြင်ပက ပခုက္ကူဦးအုံးဖေ စာပေဆုစိစစ်ရွေး ချယ်ရေး အဖွဲ့ကလည်း ဘာသာရပ်အလိုက် ရွေးချယ်ပြီးစာပေဆု များချီးမြှင့်လျက်ရှိကြောင်း၊ ထို့ပြင် စာပေဗိမာန်အဖွဲ့သည် စာပေ နှီးနှောဖလှယ်ပွဲများကိုလည်း အကြိမ်ပေါင်း (၂ဝ) ကျော်ကျင်းပ ပေးခဲ့ကြောင်း

စာအုပ်ပြပွဲများ အနေဖြင့်လည်း ၁၉၇၂ ခုနှစ်တွင်နိုင်ငံ တကာစာအုပ်နှစ်အထိမ်းအမှတ်အဖြစ် 'စာအုပ်စာပေလူ့မိတ်ဆွေ' ဟူသည့် ဆောင်ပုဒ်ဖြင့်စာအုပ်ပြပွဲနှင့် စာအုပ်ဈေးပွဲတော်ကိုလည်း ကောင်း၊ ၁၉၇၅ ခုနှစ်တွင် 'စာနယ်ဇင်းတိုင်း၊ ခေတ်သမိုင်း' ဟူ သော ဆောင်ပုဒ်ဖြင့် စာနယ်ဇင်းပြပွဲနှင့် စာအုပ် ဈေးပွဲတော်ကို လည်းကောင်း၊ ၁၉၈၃ ခုနှစ်တွင် 'စာနယ်ဇင်းစုံ၊ ခေတ်ကြေးမုံ' ဟူသော ဆောင်ပုဒ်ဖြင့် စာနယ်ဇင်းပြပွဲနှင့် စာအုပ်ဈေးပွဲတော်ကို လည်းကောင်း ကျင်းပခဲ့ကြောင်း၊ ထို့ပြင်နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၁၉၉၃ ခုနှစ်၊ ဒီဇင်ဘာလကကျင်းပခဲ့ သည့် မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့ ပထမအကြိမ်ညီလာ ခံတွင် သက်ကြီးဝါကြီး စာပေပညာရှင်များနှင့် ရင်းရင်းနှီးနှီးတွေ့ ဆုံပြီး၊ သက်ကြီးဝါကြီးစာပေပညာရှင်များ၏ တင်ပြချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း၊ ၎င်းမှာ နိုင်ငံတော်အကြီး အကဲက စာရေးဆရာ စာပေပညာရှင်ကြီး များအပေါ် အလေး အမြတ်ထားကြောင်း ပေါ်လွင်ထင်ရှားသည့် အချက်ပင်ဖြစ် ကြောင်း

ယနေ့မှစတင်၍ ခင်းကျင်းပြသသွားမည့် စာပေပြပွဲနှင့် စာအုပ် ဈေးပွဲတော်တွင် စာပေဝါသနာရှင် စာပေ မြတ်နိုးကြသူ များအနေဖြင့် စာပေဘဏ္ဍာတိုက်ကြီးကို တူးဖော်ပြီး စာပေ၏ အမြိုက်အရသာကို ခံစားနိုင်ကြပါစေ၊ စာပေမျိုးစုံပွင့်ဖူးဝေဆာနေ သည့် စာပေပန်းဥယျာဉ်ကြီးထဲမှာ စာပေဝတ်ရည်ကိ ုဆွတ်ခူးစား သုံးနိုင်ကြပါစေ၊ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက် (၁၂) ရပ်ကို မမှိတ်မသုန် အကောင်အထည်ဖော် ဆောင်ရွက်နေချိန်တွင် စာဆိုတော်နေ့အထိမ်းအမှတ် စာပေပြပွဲနှင့် စာအုပ်ဈေးပွဲတော် ကျင်းပရေးအတွက် ဦးတည်ချက် လေးရပ်ဖြစ် သည့် အမျိုးသားယဉ်ကျေးမှု ထိန်းသိမ်းရေး၊ မျိုးချစ်စိတ်ဓာတ်ရှင် သန် ထက်မြက်ရေး၊ မြန်မာစာပေ ထွန်းကားရေး၊ နိုင်ငံတော်၏ ဦးတည်ချက်များ အောင်မြင်ရေး ဟူသည့် အချက်များ ကိုလည်း ပေါက်မြောက်အောင်မြင်နိုင်ရေးအတွက် အားထုတ်ကြိုးပမ်းနိုင်ကြ ပါစေ ဟု တိုက်တွန်း မှာကြားသွားသည်။

စာပေပြပွဲတွင် နိုင်ငံတော်အကြီးအကဲက စာပေပညာရှင် ကြီးများနှင့် တွေ့ဆုံသောဓာတ်ပုံမှတ်တမ်များ ပြကွက်၊စာဆိုတော် နေ့အကန်တော့ခံ စာပေပညာရှင်ကြီးများ ပြကွက်၊ ယခုနှစ်စာပေ ဆုရသူများပြကွက်၊ ထင်ရှားသော ကွယ်လွန်သူ စာရေးဆရာကြီး များ၏ လက်ရေးနမူနာများ ပြကွက်၊ ၁၉၄၈ ခုနှစ်မှ ၁၉၉၅ခုနှစ် အထိ စာပေဆုရသူများ စာရင်းပြကွက်၊ ခေတ် အဆက်ဆက်မှ သတင်းစာများပြကွက်၊ ခေတ်အဆက်ဆက်မှ ဂျာနယ်မဂ္ဂဇင်းများ ပြကွက်ဟူ၍ ပြကွက် (၇) ခုကိုပြသထားသည်။ ပြပွဲတွင်ထင်ရှားသော ခေတ်ဟောင်း စာနယ်ဇင်းများ၏ မျက်နှာဖုံးကို ဓာတ်ပုံရိုက်ကူး၍ ပြသထားရာ ရတနာပုံနေပြည် တော် သတင်းစာ (၁၈၇၄)၊ မန္တလေးတိုင်းသတင်းစာ (၁၈၉၄)၊ ဓမ္မဒေသနာ တရားသတင်းစာ (၁၉ဝ၇) မြန်မာနိုင်ငံ ကူးသန်း ရောင်းဝယ်ရေး ပညာသတင်းစာ (၁၉ဝ၈)၊ သူရိယ သတင်းစာ (၁၉၁၁)၊ ပညာ့ အလင်းသတင်းစာ (၁၉၁၈)၊ မြန်မာ့အလင်း သတင်းစာ (၁၉၁၉)၊ ဟုမ္မရူးသတင်းစာ (၁၉၂၁)၊မြန်မာ့ဝန်ထမ်း သတင်းစာ (၁၉၂၂)၊ ဝံသာနု မြန်မာသတင်းစာ (၁၉၂၂)၊မျိုးချစ် သတင်းစာ (၁၉၂၄)၊ ဒဂုန်မဂ္ဂဇင်း (၁၉၂ဝ)၊ နှစ်ပါးကြည်ဂျာနယ် (၁၉၂၁)၊ အောင်ဇေယျဂျာနယ် (၁၉၂၃)၊ ဇေယျဂျာနယ် (၁၉၂၅)၊ ဓူဝံဂျာနယ် (၁၉၂၈)၊ အလင်းရောင်ဂျာနယ် (၁၉၂၉) စသည်တို့ ပါဝင်သည်။

စာအုပ်ဈေးပွဲတော်တွင် သုတစွယ်စုံစာအုပ်ဆိုင်၊ ဗြိတိသျှ ကောင်စီ စာအုပ်ပြခန်း၊ ကုန်သွယ်ရေးဝန်ကြီး ဌာနစာအုပ်နှင့်စာ ရေးကိရိယာ အရောင်းဆိုင်၊ အင်းဝ စာအုပ်ဆိုင်၊ သာသနာရေး ဝန်ကြီးဌာန အရောင်းဆိုင်၊ သစ္စာမဏ္ဍိုင် စာပေ၊ တင်ထွေးယဉ် စာပေ၊ အားမာန်သစ်စာပေ၊ ဤသ ီပေ စာပေ၊ တက်လမ်းစာပေ၊ ပါရမီစာပေ၊ နေဝန်းစာပေ၊ ဝါမိုးအောင်စာပေ၊ စာပေလောက စာအုပ်တိုက်၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၊ မြဝတီစာပေတိုက် စာပေဗိမာန်၊ ကုလသမဂ္ဂပြန်ကြားရေးဌာန၊ မ္ဘကျငညနျ စ္စသခုနအ ွကငိန စာအုပ်ဆိုင်၊ စာပေ ဟင်းလေးအိုးကြီး၊ သတင်းကောင်း စာပေ၊ သာလွန်စာပေ၊ ဟသ‡ာတစာပေ၊ အရုဏ်သစ် စာပေ၊ ရန်ကုန်တက္ကသိုလ် ဂျီအီးစီ၊ ရွှေကံ့ကော်ဘာသာစုံအထူးအရောင်း ဆိုင်၊ ပညာရေးသုတေသန ဂျီအီးစီစသော စာအုပ်ဆိုင်များ ခင်း ကျင်းပြသ ဖွင့်လှစ်ရောင်းချကြရာ အားရဖွယ်ကောင်းလှသည်။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အတွင်း ရေးမှူး (၁) ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် ဇနီးဒေါက်တာ ဒေါ်ခင်ဝင်းရွှေတို့သည် ၁၉၉၅ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့၊ မြို့မအားကစားကွင်းတွင်ခင်းကျင်းပြသ ထားသော စာပေပြပွဲနှင့်စာအုပ်ဈေးပွဲတော်သို့ ရောက်ရှိလာရာပြန် ကြားရေး ဝန်ကြီးဌာနဝန်ကြီး ဗိုလ်ချုပ်အေးကျော်၊ ဒုတိယဝန်ကြီး ဦးသိန်းစိန်၊ ပခုက္ကူဦးအုံးဖေ၊ မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့ အတွင်းရေးမှူး ဦးဝင်းဖေ (မုံရွာဝင်းဖေ)နှင့် တွဲဖက်အတွင်းရေးမှူး များဖြစ်ကြသော ဒေါ်မြမြသန်း (မနှင်းဖွေး) နှင့် ဒေါက်တာတင် ထွန်းဦးတို့ကကြိုဆိုကြပြီး အတွင်းရေးမှူး(၁) ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွန့် သည်စာပေပြပွဲနှင့်စာအုပ်ဈေးပွဲတော်ကို လေ့လာကြည့်ရူ အားပေး ချီးမြှင့်သွားခဲ့ပေသည်။

စာဆိုတော်နေ့ အထိမ်းအမှတ်စာပေပြပွဲနှင့်စာအုပ်ဈေးပွဲ တော်ကို ၂၁-၁၁-၉၅ နေ့မှ ၂၇-၁၁-၉၅ နေ့အထိ ကျင်းပခဲ့ရာ အထူး စည်ကားလှပြီး ဤပွဲသည် စာဖတ်ပရိသတ်များ၏ စာပေ ချစ်မြတ်နိုးစိတ်ကိုဖော် ထုတ်ပြသလိုက်သော စာပေအောင်ပွဲကြီး ပင်ဖြစ်ပေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. နှစ်ချုပ်၊ ၁၉၉၆