စလူပင်

ဝီကီပီးဒီးယား မှ
Licuala grandis
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Monocots
Clade: Commelinids
မျိုးစဉ်: Arecales
မျိုးရင်း: Arecaceae
မျိုးဇာတ်: Trachycarpeae
မျိုးစု: Licuala
မျိုးစိတ်:
L. grandis
ဒွိနာမ
Licuala grandis
(hort. ex W. Bull) H. Wendl.

စလူပင်၏ သိပ္ပံအမည်မှာ 'Licuala grandis' ဖြစ်သည်။ မျိုးစဉ်မှာ 'ပါမီ'ဖြစ်၍ မျိုးစုမှာ 'လစ်ကျူ အေလာ' ဖြစ်သည်။ စလူပင်သည် အမြဲစိမ်းအပင်မျိုးဖြစ်သည်။ ထန်းမျိုးကဲ့သို့ အများအားဖြင့် စုရုံးပေါက်တတ်သည်။ အပင်၏ အမြင့်မှာ ၈ ပေမှ ၁၅ ပေအထိရှိ၍ လုံးပတ်မှာ ၆ လက်မမှ ၈ လက်မအထိ ရှိသည်။ ပင်စည်တွင် အရစ်များပါသည်။ အရွက်မှာ ယပ်တောင်ပုံသဏ္ဌာန်ရှိ၍ ပိန်းရွက်ကဲ့သို့ အောက်ခြေအလယ်တွင် ရွက်တံရှိသည်။ အလျားလိုက် အခေါက်ထပ်များသော အရွက်မျိုးဖြစ်သည်။ အရွက်ကို သေးသွယ်တောင့်တင်း၍ ၃ ပေမှ ၄ ပေအထိ ရှိသည်။ ရွက်ညှာတွင် ဆူးများပါရှိ၍ အညိုရောင်သော်လည်းကောင်း၊ အမည်းရောင်သော်လည်းကောင်းရှိသည့် အမျှင်များ ဖုံးအုပ်လျက်ရှိနေသည်။ စလူပင်သည် ဆောင်းရာသီ၌ အပွင့်ပွင့်သည်။ အပွင့်မှာ ကြီး၍ ဝါသည်။ ပွင့်တံ မရှိချေ။ အသီးသီးချိန်မှာ နွေရာသီ ဖြစ်သည်။ စလူသီးသည် ခွံမာသီးမျိုးဖြစ်၍ ချောမွှတ်သည်။ ပုံသဏ္ဌာန်မှာ ကြက်ဥပုံသဏ္ဌာန် ဖြစ်သည်။ အရွယ်မှာ ဆီးဖြူသီးခန့် ရှိသည်။ အစေ့တစ်ခုသာပါရှိ၍ အခွံထူသည်။ စလူရွက်ကို အိမ်မိုးရသည်။ စလူဖက်ဖြင့် မုံ့ထုပ်တတ်ကြသည်။

စလူပင်သည် စစ်တကောင်း၊ ပဲခူး၊ မုတ္တမနယ်တို့ရှိ အပူပိုင်း သစ်တောများတွင် ပေါက်ရောက်သည်။ ဆစ်ကင်းနယ်၊ အာသံပြည်နယ်နှင့် ကပ္ပလီကျွန်းရှိ စိုစွတ်သော မြစ်ဝှမ်းနှင့် ချိုင့်ဝှမ်းများတွင်လည်း စလူတောများကို တွေ့ရသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)