မာတိကာသို့ ခုန်သွားရန်

စလယ်ဝင် ဖင်မမည်းခင်က ကွဲ

ဝီကီပီးဒီးယား မှ

စလယ်ဝင် ဖင်မမည်းခင်က ကွဲ သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[]

အဓိပ္ပာယ်

[ပြင်ဆင်ရန်]

စလယ်ဝင် ဖင်မမည်းခင်က ကွဲ ဆိုသည်မှာ အိမ်ထောင်ပြုပြီး မကြာမီ ကာလအတွင်းမှာပင် လင်မယား ကွဲကွာသွားခြင်းကို ဆိုလိုသည်။ ဤဆိုရိုးစကားသည် အလျင်စလို အိမ်ထောင်ပြုခြင်း၏ ဆိုးကျိုးကို ဖော်ပြသည်။ စလယ်ဝင် ဆိုသည်မှာ အိုးအသစ်ကို မီးဖိုပေါ်တင်၍ ထမင်းဟင်း ချက်ပြုတ်ခြင်းကို ရည်ညွှန်းသည်။ အိုးအသစ်ကို မီးဖိုပေါ်တင်ပြီး မကြာမီမှာပင် အိုး၏အောက်ခြေ (ဖင်) မည်းလာသည်။ ထိုနည်းတူစွာ အိမ်ထောင်သက်တမ်း မကြာသေးမီမှာပင် လင်မယား ကွဲကွာသွားခြင်းကို စလယ်ဝင် ဖင်မမည်းခင်က ကွဲ ဟု တင်စား၍ ပြောဆိုကြသည်။ ဤဆိုရိုးစကားသည် အိမ်ထောင်ပြုရာတွင် သေချာစွာ စဉ်းစားဆင်ခြင်သင့်ကြောင်း၊ အလျင်စလို မပြုလုပ်သင့်ကြောင်းကို သွန်သင်ထားသည်။

ကိုးကားချက်များ

[ပြင်ဆင်ရန်]
  • စလယ်ဝင် ဖင်မမည်းခင်က လင်မယား ကွဲကြပြီဆိုသလို အကြောင်း ဆက်၍မှ ရက်မလည်မီ လင်မယား ချစ်ခန်းပြတ်ပြီး…၊ []
  • စိတ်သဘောချင်း မညီမျှသူများ ဖြစ်ပါလျက် ပေါင်းဖက်မိကြတော့သည်။ စလယ်ဝင် ဖင်မမည်းခင်က ကွဲကြရမည်ကို လူကြီးသူမတို့သည် စိုးရိမ်ကြသည်။ []

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
  2. [၁၂၇၉] စံသိုက်။ ၃၀။ ကိုးကား အမှား - Invalid parameter "'santhaik30" in <ref> tag. The supported parameters are: dir, follow, group, name.
  3. [၁၃၃၇] တွင်းသင်း။ ၁၁၃။ ကိုးကား အမှား - Invalid parameter "'twinthin113" in <ref> tag. The supported parameters are: dir, follow, group, name.