စမ္ပာ

ဝီကီပီးဒီးယား မှ

စံပါသည် အပင်၏ အနှစ်ဖြစ်၍ အနံ့သင်းသည်။ အသား မှာ စိမ်းဝါသည်။ နံ့သာမျိုး ၅ ပါးတွင် တစ်ပါးအပါအဝင်ဖြစ် သည်။ ဗိန်းတောဆေးကျမ်းများအရ စံပါသည် သွေး၊ လေ၊ သလိပ်၊ သည်းခြေတို့ကို နိုင်သည်။ အပူကို ငြိမ်းစေသည်ဟုဆို သည်။ အိန္ဒိယနိုင်ငံ မဒရပ်နယ်၌ စံပါ အမြောက်အမြားထွက် သည်။ စံပါသည် နံ့သာမျိုး ၅ ပါးတွင် ပါဝင်သော်လည်း အခြားနံ့သာမျိုးများကဲ့သို့ တစ်ဦးချင်း အနေနှင့် သုံးလေ့မရှိဘဲ၊ အခြားနံ့သာမျိုး ၄ ပါးနှင့်အတူရော၍ အသုံးပြုကြသည်။ စံပါ ကို စမ္ပာဟူ၍ ရေးသည်ကိုလည်း တွေ့ရသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)