စမိုင်မုန့်

ဝီကီပီးဒီးယား မှ

စမိုင်မုန့်လုပ်နည်း[ပြင်ဆင်ရန်]

၁။ စမိုင်ခြောက် (ကြာဇံခြောက်) ကို ထောပတ်လိုသလောက် ထည့်ကာ အရင်ဆုံး လှော်ပြီးနောက် သီးသန့် ဖယ်ထားရမည်။

၂။ ရေကို ဆူအောင် တည်ပြီးပါက အုန်းနို့စိမ်း ၂ ကီလိုဂရမ်၊ လှော်ထားသော မြေပဲ ချိန်ဆထည့်၊ နို့ဆီ ၁ ဗူး၊ နို့စိမ်းဗူး ၂ ဗူး၊ သကြား တစ်ကီလိုဂရမ်ခွဲ၊ စပျစ်ခြောက် အဖြူ (တစ်ကီလို၏ ၁ဝ ပုံ တပုံ) တို့ကို ထည့်ရမည်။ (ရေကိုမူ စမိုင် တစ်ကီလိုဂရမ် သုံးမည်ဆိုပါက အနည်းဆုံး ၁ဝ ကီလိုဂရမ် သုံးရသည်။) မှတ်ချက်။ ။ စပျစ်ခြောက် အမည်းရောင် မသုံးရပါ။ အမည်းရောင်သုံးပါက စမိုင်တအိုးလုံး မဲသွားနိုင်သည်။

၃။ လှော်ထားသည့် စမိုင်ခြောက်ကို ဆူပွက်နေသော အိုးအတွင်း ထည့်လိုက်ပြီးနောက် ၅ မိနစ်ခန့်အကြာတွင် အဆင်သင့် စားသုံးနိုင်သော စမိုင် မုန့်ရရှိမည် ဖြစ်သည်။