စပိုရို တီဗွီ မျှော်စင်
စပိုရို တီဗွီ မျှော်စင် | |
---|---|
![]() အိုဒိုရီ ပန်းခြံမှ စပိုရို တီဗွီ မျှော်စင် | |
အထွေထွေ အချက်အလက်များ | |
အခြေအနေ | ပြီးစီး |
တည်နေရာ | Chūō-ku၊ စပိုရို, ဟော့ကိုင်းဒိုးကျွန်း၊ ဂျပန်နိုင်ငံ |
ကိုဩဒိနိတ် | 43°03′40″N 141°21′23″E / 43.06111°N 141.35639°Eကိုဩဒိနိတ်: 43°03′40″N 141°21′23″E / 43.06111°N 141.35639°E |
ဖွင့်လှစ် | ၂၄ ဩဂုတ်၊ ၁၉၅၇ ခုနှစ် |
အမြင့် | |
ကောင်းကင်တိုင် ခေါင်ချွန်း | ၁၄၇.၂ m (၄၈၃ ft) |
အသေးစိတ် အချက်အလက်များ | |
အထပ် အရေအတွက် | ၅ |
ဓာတ်လှေကား | ၂ |
ဒီဇိုင်းနှင့် တည်ဆောက်မှု | |
ဗိသုကာပညာရှင် | Tachū Naitō |
စပိုရို တီဗွီ မျှော်စင် (さっぽろテレビ塔, Sapporo Terebi-tō) သည် လေ့လာမှုဆိုင်ရာ ကုန်းပတ် ပါရှိသည့် ရုပ်မြင်သံကြား မျှော်စင်တခုဖြစ်သည်။ ၁၉၅၇ ခုနှစ်တွင် တည်ဆောက်ခဲ့သည့် ၎င်းမျှော်စင်သည် တစ်ရာလေးဆယ့်ခုနှစ် ဒဿမ နှစ် မီတာ မြင့်သည်။[၁] ယင်းသည် ဂျပန်နိုင်ငံ၊ ဟော့ကိုင်းဒိုးကျွန်း၊ ဆပိုရိုမြို့၏ မြောက်ဘက်ပိုင်းတွင် ရှိသည့် အိုဒိုရီ ပန်းခြံအတွင်းတည်ရှိသည်။
သမိုင်း[ပြင်ဆင်ရန်]
The TV Tower was built in 1957 by Tachū Naitō, a Japanese architect who is famous for planning the Tokyo Tower, with the total construction costs of 170 million yen. Since the transmission facility was established on the Mount Teine, Sapporo TV Tower has worked as a repeater of AIR-G' and FM North Wave, a radio station based in Sapporo.
၁၉၆၁ ခုနှစ်တွင် ဂျပန် အီလက်ထရောနစ် ကုမ္ပဏီဖြစ်သည့် မဆွတ်ရှီတ အီလက်ထရစ် စက်ရုံ (Matsushita Electric Industrial Co.) မှလှူဒါန်းထားသည့် ဒီဂျစ်တယ်နာရီအား မြေပြင်အမြင့် ခြောက်ဆယ့်ငါး မီတာ၌ တပ်ဆင်ခဲ့သည်။ ဤတပ်ဆင်မှုအား ကုမ္ပဏီတည်ထောင်သူ မဆွတ်ရှီတ ခိုနိုစုခဲ Konosuke Matsushita မှ အကြံဉာဏ်ပေးခဲ့ခြင်းဖြစ်သည်။ ၎င်းနာရီများအား မျှော်စင်၏ မျက်နှာစာ လေးဖက်လုံးတွင် တပ်ဆင်ထားပြီး ၁၉၉၈ ခုနှစ် နှင့် ၂၀၀၆ ခုနှစ် များတွင် နှစ်ကြိမ်ပြုပြင်ထားပြီးဖြစ်သည်။ မျှော်စင်၏ အတွင်းနှင့် အပြင်အား ၂၀၀၂ခုနှစ်တွင် ပြန်လည်ပြုပြင်ခဲ့သည်။ ဒုတိယထပ်နှင့် တတိယထပ်များ၏ ကြမ်းခင်းများအား မီးခိုးရောင် ဖျော့ဖျော့မှ အစိမ်းရင့်ရောင်သို့ပြောင်းလဲထားသည်။ ၂၀၀၆ခုနှစ် တွင် နာရီအား ဒုတိယအကြိမ် ပြင်ဆင်သည့်အခါ LED မီးလုံးများကို တပ်ဆင်ခဲ့ပြီး နာရီအောက်တွင်ရှိသည့် ကြော်ငြာအား "National" မှ "Panasonic" သို့ပြောင်းလဲထားသည်။
၂၀၀၇ ခုနှစ်တွင် မျှော်စင်၏ နှစ်ငါးဆယ်ပြည့် အခမ်းအနားနှင့် အချို့သော ပွဲတော်များအား ကျင်းပခဲ့ကြသည်။[၂] မကြာသေးမီက အမြင့် ခြောက်ရာ့ငါးဆယ် မီတာ ရှိသည့် တီဗွီ မျှော်စင် အသစ်တစ်ခုကို ပြန်လည်တည်ဆောက်ရန် အစီအစဉ်ပေါ်ထွက်လာခဲ့သည်။ အစီအစဉ်တွင် မျှော်စင်၏ ထောက်ပံနိုင်မှု ဧရိယာသည် ခုနှစ်ထောင့်ရှစ်ရာ စကွဲယားမီတာ ရှိလိမ့်မည်ဖြစ်ပြီး လေ့လာမှုဆိုင်ရာ ကုန်းပတ်သည် အမြင့် ငါးရာ မီတာတွင် ရှိမည်ဖြစ်သည်။[၃] T၎င်း အစီအစဉ် အလုပ်ဖြစ်ခဲ့ပါက မျှော်စင် အသစ်၏ အမြင့်သည် တိုကျို မျှော်စင် (၆၃၄ မီတာ)အား ကျော်လွန်လိမ့်မည် ဖြစ်သည်။ မျှော်စင်အသစ်သည် ရုပ်မြင်သံကြား မျှော်စင်အပြင် ဟိုတယ်ခန်းများ၊ ရုံးခန်းများနှင့် အားကစား ပစ္စည်းများထားရှိရန် စီစဉ်ထားသည်။
ဖော်ပြချက်[ပြင်ဆင်ရန်]
မျှော်စင်၏ မြေညီထပ်တွင် သတင်းအချက်အလက် စင်တာနှင့် စတိုးဆိုင်များ ရှိသည်။ ဘက်စုံးသုံးခန်းမနှင့် မျှော်စင်၏ အုပ်ချုပ်မှုဆိုင်ရာ ရုံးခန်းသည် ဒုတိယအထပ်တွင် ရှိပြီး လက်ဆောင်ပစ္စည်းဆိုင်နှင့် စားသောက်ဆိုင်တို့သည် တတိယ အထပ်တွင် ရှိသည်။ မြေအောက်ထပ်သည် Aurora Town၊ မြေအောက်ဈေးဝယ်စင်တာများ နှင့်ဆက်သွယ် ထားပြီး "Tele-chika Gourmet Court" ဟုခေါ်သော စားသောက်ဆိုင်များစွာ တည်ရှိသည်။
ဆပိုရို တီဗွီ မျှော်စင်၏ တရားဝင် ထုတ်ပြန်ထားသည့် လာဘ်ကောင်မှာ "Tawakkie" ဖြစ်ပြီး အတည်မပြုထားသည့် လာဘ်ကောင်မှာ ဖေဖေ ရုပ်မြင်သံကြား (Television Daddy)ဟုလည်း သိကြသည့် "Terebi-Tōsan"ဖြစ်သည်။
လည်ပတ်သူများသည် တတိယထပ်မှ လက်မှတ်ဝယ်ယူရန် လိုအပ်ပြီး ၎င်းအထပ်ရှိ ဓာတ်လှေကားမှတဆင့် အမြင့် ကိုးဆယ် မီတာတွင် ရှိသည့် လေ့လာမှုဆိုင်ရာ ကုန်းပတ်သို့ တက်ရောက်နိုင်သည်။ ထိုနေရာမှ အိုဒိုရီ ပန်းခြံ (Odori Park)၊ အိုခုရ တောင် (Mount Ōkura) နှင့် Maruyama တို့အား ကြည့်ရှုနိုင်သည်။ ၁၄၇ ဒဿမ ၂ မီတာ အမြင့်ရှိသည့် စပိုရို တီဗွီ မျှော်စင်သည် စပိုရိုမြို့တော်၏ ထင်ရှားသည့် ပြယုဂ် ဖြစ်သော်လည်း မကြာသေးခင်က အိုဒိုရီ ပန်းခြံတစ်ဝိုက်တွင် တည်ဆောက်ခဲ့သည့် အထပ်မြင့် အဆောက်အဦများကြောင့် မျှော်စင်၏ ထင်ပေါ်မှုအား လျော့ကျစေခဲ့သည်။
ကျော်ကြားမှုများ[ပြင်ဆင်ရန်]
- Food Wars!: Shokugeki no Soma
- Godzilla vs. King Ghidorah
- Godzilla vs. SpaceGodzilla
- Gamera 2: Attack of Legion
- Monster X Strikes Back: Attack the G8 Summit
- Yakuza 5
အကိုးအကား[ပြင်ဆင်ရန်]
ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]
![]() |
Wikimedia Commons တွင် Sapporo TV Tower နှင့် ပတ်သက်သော မီဒီယာ ရှိသည်။ |
- Official Site(အင်္ဂလိပ်ဘာသာဖြင့်)
- Sapporo TV Tower at Structurae