စပိုင်ဝဲလ် (ကွန်ပျူတာ)

ဝီကီပီးဒီးယား မှ

ဝက်ဘ်ဆိုဒ်များမှတဆင့် သင်၏ကွန်ပျူတာအတွင်း ဝင်ရောက်ကာ အချက်အလက်များကို စုံစမ်းထောက်လှမ်းတတ်သည့် ဆော့ဖ်ဝဲဖိုင်များ ဖြစ်သည်။ ၎င်းတို့သည် ဗိုင်းရပ်စ်များကဲ့သို့ ပုံတူပွားခြင်း နှောင့်ယှက်ဖျက်ဆီးခြင်းမျိုး ပြုလုပ်မှာမဟုတ်ဘဲ သင့်ကွန်ပျူတာအတွင်းမှ သတင်းအချက်အလက်များကို ရယူရန် ကြိုးစားလုပ်ဆောင်မည် ဖြစ်သည်။ အထူးသဖြင့် ငွေကြေးဆိုင်ရာ လုပ်ငန်းသမားများကို ဒုက္ခပေးမည်၊ လုံခြုံရေးအတွက် အထူးသတိထားရမည့် ဆော့ဖ်ဝဲဖိုင် ဖြစ်သည်။

သတိပြုရန်[ပြင်ဆင်ရန်]

spyware ဆိုသည်မှာ program တစ်ခုဖြစ်ပြီး အများအားဖြင့်မိမိ၏ ခွင့်ပြုချက်မယူဘဲ ကွန်ပျူတာ ထဲကို install လုပ်ပြီး မိမိ၏ ကိုယ်ပိုင်အချက်အလက်တွေကိုစုဆောင်းပြီး တခြား internet marketing နှင့် ညစ်ညမ်း websites များကို ပို့ပေးလေ့ရှိသည်။ ထိုကဲ့သို့ site များကို ဝင်ကြည့်တာပဲဖြစ်ဖြစ် download ဆွဲတာဖြစ်ဖြစ် spyware ပါလာတတ်သည်။ internet မှာ အလကားပေးသော program များမှ spyware က virus အနေနှင့် တစ်စိတ်တစ်ပိုင်းအနေနှင့် ပါလာတတ်သည်။ ထို့ကြောင့် အလကားရသော တချို့ program များကို သေသေချာချာစဉ်းစားပြီးမှ install လုပ်သင့်သည်။