စပရစ်ရော့တရားစင်တာ

ဝီကီပီးဒီးယား မှ
တရားအားထုတ်ရာအဆောက်အဦကို နေဝင်ချိန် မြင်တွေ့ရပုံ

စပရစ်ရော့တရားစင်တာ (စပရစ်ရော့’ ဟု ခေါ်ဆိုလေ့ရှိ) သည် ကယ်လီဖိုးနီးယားပြည်နယ်၊ Woodacre ရှိ တရားစင်တာတစ်ခု ဖြစ်သည်။[၁] ဤတရားစင်တာတွင် ဗုဒ္ဓဘာသာတရားတော်များ၊ ဝိပဿနာတရားတော်များအကြောင်း သင်ကြားပြသပေးသည်။[၂] ၎င်းကို ၁၉၈၅ ခုနှစ်တွင် တည်ထောင်ခဲ့သည်။[၃] တရားစင်တာသို့ တစ်နှစ်လျှင် လာရောက်သူ ခန့်မှန်းခြေ ၄၀၀၀၀ ရှိသည်။[၄] ဆန်ဖရန်ဆစ်စကိုခရိုနီကယ် (San Francisco Chronicle) က ဤတရားစင်တားအား “ဘေးဒေသ၏ အကောင်းဆုံးသော ဗုဒ္ဓဘာသာတရားစင်တာတစ်ခု” ဟု ဖော်ပြခဲ့သည်။[၅]

သမိုင်း[ပြင်ဆင်ရန်]

၁၉၇၅ ခုနှစ်တွင် ဝိပဿနာတရားစင်တာ (Insight Mediation Society, IMS) ကို မက်ဆာချူးဆက်ပြည်နယ်၊ ဘာရီ (Barre) တွင် တည်ထောင်ခဲ့သည်။ IMS ကို အာရှတိုက်တွင် သွားရောက်ကာ လေ့ကျင့်သင်ယူခဲ့သည့် အနောက်တိုင်းဝိပဿနာတရားပြဆရာများဖြစ်ကြသည့် ဂျက်ကွန်ဖီးဂျိုးဆက်ဂိုးစတိန်း၊ ဂျိန်းဘရတ်နှင့် ရှာရွန်ဆာ့ဘတ်တို့က တည်ထောင်ခဲ့သည်။[၆] IMS ကို တည်ထောင်၍ ဆယ်နှစ်ကြာ ၁၉၈၆ ခုနှစ်တွင် ကွန်ဖီးသည် သူ၏ မိသားစုနှင့်အတူ ကယ်လီဖိုးနီးယားမြောက်ပိုင်းသို့ ပြောင်းရွှေ့ခဲ့သည်။[၇] [၆] သူသည် San Anselmo ရှိ သူ၏ ကိုယ်ပိုင်အိမ်တွင် တနင်္လာနေ့ညပိုင်းတရားစခန်းကို စတင်ခဲ့သည်။[၇] နောက်ပိုင်းတွင် ဤတရားစခန်းသည် ဆေးကုခန်းတစ်ခုသို့ ပြောင်းရွှေ့ခဲ့သည်၊ ထို့နောက်တွင် ဒေသရှိ ချတ်ကျောင်းတစ်ခုသို့ ပြောင်းရွှေ့ခဲ့ပြန်သည်။[၈] ၁၉၈၅ ခုနှစ်တွင် တရားအားထုတ်သည့် တပည့်နှင့် ဆရာများ အုပ်စုသည် ဆန်ဖရန်ဆစ်စကိုပင်လယ်အော်ဒေသ (San Francisco Bay Area) တွင် အနောက်ပိုင်းဝိပဿနာတရား (Insight Meditation West) အဖြစ် ပူးပေါင်းခဲ့ကြသည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ မြေနေရာရရှိရန်နှင့် အနောက်ပိုင်းဝိပဿနာတရားစင်တာကို တည်ထောင်ခဲ့သည်။[၃] ထိုအုပ်စုတွင် ကွန်ဖီး၊ James Baraz, Sylvia Boorstein နှင့် Anna Douglas တို့ ပါဝင်သည်။[၉] and Anna Douglas .[၄] တည်ထောင်ခဲသူနှင့် ပထမဆုံးသော အဖွဲ့၏ ဥက္ကဋ္ဌမှာ Lloyd Burton ဖြစ်သည်။ Lloyd Burton သည် နောက်ပိုင်းတွင် ဒန်ဗာ (Denver) ၏ ဝိပဿနာတရားအဖွဲ့အစည်း (Insight Meditation Community) ကို တည်ထောင်ခဲ့သည်။[၁၀]

၁၉၈၈ ခုနှစ်တွင် အမည်နာမမသိရှိရသည့် လှူဒါန်းသူတစ်ဦး[၈]၏ ထောက်ပံ့လှူဒါန်းမှုဖြင့် San Geronimo လွင်ပြင် ၄၁၂ ဧကရှိသည့် မြေရိုင်းကို The Nature Conservancy ထံမှ ဝယ်ယူခဲ့သည်။ ထိုနေရာသည် ဆန်ဖရစ်ဆစ္စကိုမြို့မှ မြောက်ဘက် တစ်နာရီခန့်အကွာတွင် တည်ရှိသည်။ [၁၁]ထိုနေရာတွင် တရားစင်တာကို ထာဝရတည်ထောင်သွားရန်အတွက် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။[၁၂] ၁၉၉၀ ခုနှစ်တွင် ယာယီအခန်းငယ်များဖြင့် တရားအားထုတ်ရာခန်းမ၊ အုပ်ချုပ်ရေးရုံးခန်းနှင့် စောင့်ရှောက်မှုနေရာ စသည်တို့ကို ပြုလုပ်ခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် အတည်တကျ အစားထိုးတည်ဆောက်မှုများ ပြုလုပ်ခဲ့သည်။[၇] ထိုတည်ဆောက်မှုများတွင် တရားအားထုတ်ရာစင်တာအသစ်၊ ဝန်ထမ်းအိမ်ရာနှင့် အုပ်ချုပ်ရေးအဆောက်အဦတို့သည် ၂၀၁၆ ခုနှစ်တွင် ပြီးဆုံးခဲ့သည်။[၁၃]

တရားရိပ်သာစင်တာကို ၁၉၉၈ ခုနှစ်၊ ဇူလိုင်လတွင် ဖွင့်လှစ်ခဲ့သည်။[၄] စင်တာ၏ အဓိကမြနေရောကို Open Space Easement က ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ထားသည်။[၁၄]

သင်ကြားပြသမှုများ[ပြင်ဆင်ရန်]

ထေရဝါဒဗုဒ္ဓဘာသာ၏ ဝိပဿနာတရား လေ့ကျင့်အားထုတ်မှုကို အဓိကထား သင်ကြားပေးသည်။ သင်ကြားပေးမှုများတွင် နေ့စဉ် နေထိုင်မှုဘဝ၌ တရားဓမ္မနှင့်အတူ နေထိုင်နိုင်အောင် ဗုဒ္ဓစာပေများမှ ဂေါတမဗုဒ္ဓဟောကြားခဲ့သည့် တရားများ သင်ကြားပေးပြီး စိတ်ကို ငြိမ်သက်အောင် လေ့ကျင့်ပေးခြင်းကို အဓိကထား သင်ကြားသည်။ [၄]တရားအားထုတ်သည့် ပုံစံသည် Thai Forest Tradition (ထိုင်းတောရ) မှ ပုံစံများအတိုင်း တရားထိုင်ခြင်း၊ စင်္ကြံလျှောက်ခြင်း၊ တရားပြဆရာများနှင့်အတူ တွေ့ဆုံခြင်း၊ ဝစီပိတ်ကျင့်ကာ တရားအပေါ် အာရုံစူးစိုက်နိုင်အောင် ပြုလုပ်ခြင်းများ ပါဝင်သည်။[၆]

ဝိပဿနာတရားသင်ကြားအားထုတ်မှများအပြင် ဤတရားစင်တာတွင် ဇင်, တိဘက်, nondual traditions များမှ ဆရာများလည်း တစ်နှစ်ပတ်လုံး ဧည့်ဆရာများအဖြစ် သင်ကြားပြသပေးသည်။ ထိုကဲ့သို့ လာရောက်ကာ သင်ကြားပြသပေးသည့် ဆရာများတွင် 14th Dalai Lama,[၄] Thích Nhất Hạnh,[၁၅] [[]], Preah Maha Ghosananda,[၄] Anagarika Munindra, Kalu Rinpoche, Ram Dass,[၁၆] Pema Chödrön, Tsoknyi Rinpoche, Huston Smith,[၄] Adyashanti, Tara Brach, Alice Walker, Zoketsu Norman Fischerနှင့် အခြားသောဆရာများလည်း [၁၇] ပါဝင်သည်။

အစီအစဉ်[ပြင်ဆင်ရန်]

သင်တန်းများ၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် တရားစင်တာတွင် တစ်နေကုန်တရားအားထုတ်မှု၌ မတူညီကွဲပြားကို အားပေးရန် သီးခြားအစီအစဉ်များ ထားရှိသည်။ ဤအစီအစဉ်များတွင် သံဃာနှင့် အသက်ကြီးသူများ၊ ငယ်ရွယ်သူများ၊ LGBT-IQ အဖွဲ့အစည်း၊ အမျိုးသမီးများ အသားအရောင်ကွဲပြားမှုများ စသည်တို့၏ တစ်သားတည်းဖြစ်မှုကို ရည်ညွှန်းသည်။[၁၈] သင်တန်များတွင် သင်ကြားပြသပေးသည်မှာ ယနေ့ခေတ်ကာလတွင် တွေ့ကြုံနေရသည့် ပြဿနာများဖြစ်သည့် မူးယစ်ဆေးစွဲမှုပြဿနာနှင့် စိတ်ပိုင်းဆိုင်ရာ သောကများ ဖြစ်နေမှု ပြဿနာများကို ဗုဒ္ဓဟောကြားတော်မူခဲ့သည့် တရားတော်များဖြင့် သင်ကြားပြသပေးခြင်း ဖြစ်သည်။ တရားစင်တာသည် တရားသင်တန်းများနှင့် တရားအားထုတ်မှုများ ပြုလုပ်ရန်မတတ်နိုင်သူများကို စကောလားပေးမှုများလည်း ရှိသည်။[၈]

အဖွဲ့အစည်း[ပြင်ဆင်ရန်]

စင်တာသည် သင်တန်းများ၊ တရားအားထုတ်မှုများသည် အခမဲ့ဖြစ်ပြီး လှူဒါန်းမှုများဖြင့် လည်ပတ်နေသည်။[၁၉] အခကြေးငွေဖြင့် ခန့်အပ်ထားသည့် ဝန်ထမ်းများသည် စေတနာ့ဝန်ထမ်းများနှင့်အတူ တစ်နေ့ပြီးတစ်နေ့ တရားစင်တာ၏ လုပ်ငန်းဆောင်တာများကို လုပ်ဆောက်လျက် ရှိသည်။ [၇]အမြဲတမ်းသင်ကြားပြသပေးသည့် ဆရာများကိုမူ တပည့်သင်တန်းသားများ၏ လှူဒါန်းမှုဖြင့် ထောက်ပံ့ကြသည်။ တရားရိပ်သာ၏ စီမံခန့်ခွဲသူများအတွက်မူ စေတနာအလျောက် လှူဒါန်းသည့် ဒါနမှတစ်ဆင့် သူတို့အား ထောက်ပံ့ကြသည်။ အမြဲတမ်းမဟုတ်သည့် တရားအားထုတ်သူများ, ကာလရှည် တရားအားထုတ်သူများ, ပွဲများနှင့် သင်တန်းဆရာများကိုမူ တရားစင်တာအား လာရောက်သူများက အခကြေးငွေ ပေးကြရသည်။[၈][၁၉]

တရားစင်တာ၏ အစီအစဉ်တို့ကို ရွေးချယ်ထားသည့် ဆရာများဖြင့် ဖွဲ့စည်းထားသည့် ဆရာများကောင်စီက စီမံလျက် ရှိသည်။[၇] စေတနာ့ဝန်ထမ်းအုပ်ချုပ်သူအဖွဲ့ကိုမူ အဖွဲ့ဝင်များနှင့် ဆရာများဖြင့် ဖွဲ့စည်းထားသည်။ ၎င်းသည် တရားစင်တာ၏ အဓိကကျသည့် ဆုံးဖြတ်ချက်များကို ချကြသည်။ အဖွဲ့၏ အလုပ်များကို ကော်မတီအဖွဲ့ဝင်များက ထောက်ပံ့ကြသည်။

လက်ရှိ စင်တာ၏ တရားပြဆရာများမှာ (၂၀၁၇ ခုနှစ်အရ) Ajahn Amaro, Ayya Anandabodhi; Sally Armstrong; Guy Armstrong; James Baraz; Sylvia Boorstein; Eugene Cash; Debra Chamberlin-Taylor; Howard Cohn; Mark Coleman; Dana DePalma; Anna Douglas; Andrea Fella; Anushka Fernandopulle; Gil Fronsdal; Robert Hall; Will Kabat-Zinn; Jack Kornfield; Phillip Moffitt; Wes Nisker; Mary Grace Orr; Sharda Rogell; Donald Rothberg; Tempel Smith; John Travis; Spring Washam; Julie Wester; Diana Winston; and Larry Yang. Spirit Rock is training a new group of teachers who will graduate in September, 2020 including: Alisa Dennis, Amana Bremby Johnson, Cara Lai Fitz Gibbon, Carol Cano, Dawn Mauricio, Gulwinder Singh, James Lowe, JD Doyle, Jeff Haozous, Kaira Lingo, Kate Johnson, Katy Wiss, Konda Mason, Leslie Booker, Louije Kim, Noliwe Alexander, Pawan Bareja, Rachel Lewis, Solwazi Johnson, Teresa Abdala-Romano and Victoria Cary တို့ ဖြစ်ကြသည်။

ပူးပေါင်းဆောင်ရွက်မှုများ[ပြင်ဆင်ရန်]

တရားစင်တာ၏ ဆရာအတော်များများသည် ဒါနအနေဖြင့် သင်ကြားခြင်း, သို့မဟုတ် ညွှန်ကြားမှုအဖွဲ့တွင် အလုပ်များ လုပ်ဆောင်ကြပြီး ထိုသူများသည် East Bay Meditation Center in Oakland, California,[18] the Modesto Almond Blossom Sangha in Modesto, California,[20] Insight Meditation Society in Barre, Massachusetts, Insight Meditation Center in Redwood City, California, Mountain Stream Meditation Center in Nevada City, California, and Aloka Vihara စသည်တို့တွင် တရားပြဆရာအဖြစ် ဆောင်ရွက်နေသူများ ဖြစ်ကြသည်။[၁၈][၂၀]

ပိုမိုဖတ်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Weber၊ Rebecca L.။ "10 of the world's best meditation retreats"၊ June 25, 2013၊ CNN၊ June 25, 2013။ 9 August 2013 တွင် ပြန်စစ်ပြီး 
  2. Van Biema, David, "Buddhism in America," Time Magazine, October 13, 1997
  3. ၃.၀ ၃.၁ Lattin, Don, "Shangri-la In Marin," San Francisco Chronicle, January 30, 1991, B3
  4. ၄.၀ ၄.၁ ၄.၂ ၄.၃ ၄.၄ ၄.၅ ၄.၆ May၊ Meredith။ Spirit Rock at 25: meditation and renovationJuly 8, 2013။ San Francisco Chronicle။ 9 August 2013 တွင် ပြန်စစ်ပြီး။
  5. Lattin၊ Don။ "Rebirth of Jewish Mysticism - Meditation popular"၊ The San Francisco Chronicle၊ April 9, 1997၊ စာ- A13။ 
  6. ၆.၀ ၆.၁ ၆.၂ Otaganonta, Wipawee,"Taking the high road back home," Bangkok Post, March 31, 1993
  7. ၇.၀ ၇.၁ ၇.၂ ၇.၃ ၇.၄ Thompson, Keith,"Spirit Rock," Pacific Sun, October 7–13, 1998, p 13-15
  8. ၈.၀ ၈.၁ ၈.၂ ၈.၃ Hamburg,Laura, "The Dharma Bums Grow Up," San Francisco Chronicle, March 3, 2000
  9. Bearden၊ Michelle။ "Faiths merge over wisdom of Buddhism"၊ The Tampa Tribune၊ May 18, 1996၊ စာ- 4။ "When she's not writing and speaking, Boorstein is a founding teacher at Spirit Rock Meditation Center in Woodacre, Calif." 
  10. Articles of Incorporation, Insight Meditation West. On file at Spirit Rock Meditation Center.
  11. Cohen, Ronnie, "View from the Dharma Seat," Pacific Sun, November 28 – December 4, 2008, p 13 -15
  12. Environmental Impact AnalysisOctober 24, 2008။ Hart Martin။ 11 January 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 August 2013 တွင် ပြန်စစ်ပြီး။
  13. "West Marin’s Spirit Rock meditation center opens new 11,800-square-foot hub" (in en)။ 
  14. Johnson၊ Nels။ County supervisors approve Spirit Rock Meditation Center planJuly 19, 2011။ Marin Independent Journal။ 22 July 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 August 2013 တွင် ပြန်စစ်ပြီး။
  15. Lattin၊ Don။ "Zen Master's Message of Peace - Vietnamese poet helps to ease anguish of refugees, veterans"၊ San Francisco Chronicle၊ October 19, 1993၊ စာ- A15။ 
  16. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named AshleyBeth
  17. The Wise HeartSummer, 2008။ Tricycle။ 9 August 2013 တွင် ပြန်စစ်ပြီး။
  18. ၁၈.၀ ၁၈.၁ Yun၊ Dawn။ "COMMUNITY / Spirit Rock's new mantra - diversity"၊ September 17, 2004၊ San Francisco Gate၊ September 17, 2004။ 9 August 2013 တွင် ပြန်စစ်ပြီး 
  19. ၁၉.၀ ၁၉.၁ Fronsdal၊ Gil။ Insight Meditation in the United States: Life, Liberty, and the Pursuit of Happiness1998။ 27 March 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 August 2013 တွင် ပြန်စစ်ပြီး။
  20. Millegan၊ Lisa။ "Time to Reflect—Buddhists and Others Find Harmony in Weekly Meditation"၊ The Modesto Bee၊ March 7, 1998။