စနိုးဝှိုက်နှင့်လူပုလေးခုနစ်ဖော်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
ခေါင်းတလားတွင်း အိပ်ပျော်နေသည့် စနိုးဝှိုက်။

[[

Snow White (1916)

ဂရင်းပုံပြင်များဟုခေါ်သော ဂျာမန်လူမျိုး ညီအစ်ကို နှစ်ယောက်တို့ ရေးသားပြုစုကြသည့် ပုံပြင်များထဲတွင် စနိုးဝှိုက်နှင့် လူပုလေးခုနှစ်ဖော်တို့၏ ပုံပြင်မှာ ကမ္ဘာကျော်ကြား သည်။

ထိုပုံပြင်များထဲတွင် အကျဉ်းချုပ်မှာ ရှေးအခါက ဘုရင် တစ်ပါး၏ မိဖုရားကြီးတွင် ပဋိသန္ဓေရှိနေသောအခါ၊ မိဖုရား ကြီးက မိမိ မွေးဖွားမည့် ရင်သွေးကလေးသည် သမီးတော် ကလေး ဖြစ်၍ နှင်းပွင့်ကဲ့သို့ အသားဖြူပြီးလျှင် နှုတ်ခမ်းများ မှာ သွေးကဲ့သို့ နီမြန်းကာ ဆံပင်များမှာလည် အက်ဗနီပင် အနှစ်ကဲ့သို့ မည်းနက်စေရန် တောင့်တခဲ့၏။ များမကြာမီ မိဖုရားကြီး တောင့်တသည့် ဆန္ဒနှင့်ပြည့်စုံသော သမီးတော် ကလေးကို မွေးဖွားလာရာ စနိုးဝှိုက် (ခင်နှင်းဖြူ)ဟု အမည် မှည့်လေသည်။

ထိုမိဖုရားကြီးသည်လည်း ခင်နှင်းဖြူကို မွေးဖွားပြီးနောက် မကြာမီပင် ကွယ်လွန်ရှာသည်။ ထိုကြောင့် ဘုရင်ကြီးက နောက်ထပ် မိဖုရားတစ်ပါး မြောက်စားကောက်ယူလေသည်။ ထိုခင်နှင်းဖြူ၏မိထွေးသည် မနာလိုဝန်တိုစိတ်ရှိ၍ ရက်စက် ကြမ်းကြုတ်သူဖြစ်သည်။ ထိုမိဖုရားတွင် ထူးဆန်းသော မှန် တစ်ချပ်ရှိသည်။ ထိုမှန်သည် မိဖုရားမေးသမျှ ပုစ္ဆာများကို တိကျမှန်ကန်စွာ ပြန်လည်ဖြေကြားနိုင်သော အစွမ်းရှိ၏။ မိဖုရားသည် နံနက်တိုင်း ကမ္ဘာပေါ်တွင် အချောဆုံးမည်သူ နည်းဟု မှန်အား မေးလေ့ရှိသည်။ အသင်မိဖုရားသည် ကမ္ဘာ ပေါ်တွင် အချောအလှဆုံးဖြစ်ပါသည်ဟု ထိုမှန်က နှစ်ပေါင်း များစွာပင် ဖြေခဲ့၏။ တစ်နေ့သ၌ ထိုမှန်က ယခုအခါ ခင်နှင်းဖြူသည် ကမ္ဘာပေါ်တွင် အချောအလှဆုံးဖြစ်သည်ဟု ဖြေကြားရာ မိဖုရားသည် မိမိထက်သာသူအား မနာလိုဖြစ်၍ ခင်နှင်းဖြူကို သုတ်သင်ပစ်ရန် အကြံယူလေသည်။

ထိုကြောင့် မိဖုရားသည် ခင်နှင်းဖြူကို မုဆိုးတစ်ယောက်၏ လက်သို့ အပ်ကာ တောနက်ကြီးအတွင်းသို့ ခေါ်ဆောင်၍ အစတုံး သတ်ပစ်စေ၏။ သို့ရာတွင် မုဆိုးသည် သနားစဖွယ် တောင်းပန်ရှာသော ခင်နှင်းဖြူကို မသတ်ရက်သဖြင့် လွတ်ရာ သို့ ထွက်ပြေးစေ၏။ မင်းသမီးကလေးသည် တောအထပ်ထပ် ကို ကျော်ဖြတ်လာခဲ့၍ ညအချိန်ရောက်သော် အားငယ်ကြောက် လန့်ကာ ငိုယိုမိရှာသည်။ ထိုသို့ ငိုသောအခါ တောတွင်းရှိ သားကောင်ငယ်များသည် ခင်နှင်းဖြူအား သစ်ပင်အောက်ရှိ သေးငယ်သော အိမ်ကလေးတစ်လုံးဆီသို့ ခေါ်ဆောင်သွားကြ သည်။ ထိုအိမ်ထဲသို့ မင်းသမီးကလေး ဝင်ရောက်သောအခါ သေးငယ်သော စားပွဲတစ်ခုပေါ်တွင် သေးငယ်သော ပန်းကန် ခွက် ယောက်တို့ဖြင့် ပေါင်မုန့်နှင့်နွားနို့များ ပြင်ထားသည်ကို တွေ့ရ၏။ စားပွဲဘေးတွင် သေးငယ်သော ကုလားထိုင် ခုနစ် လုံးမှ နွားနို့အနည်းငယ်စီ စား၍ ဖန်ခွက် ခုနစ်လုံးမှ နွားနို့ အနည်းငယ်စီ ယူ၍ သောက်လေသည်။ ထိုနောက် အပေါ် ထပ်တွင် ခုတင်ကလေးခုနစ်လုံးကို တွေ့ပြန်ရာ အငယ်ဆုံး ခုတင်ကလေးပေါ်သို့ အိပ်လိုက်ရာ ချက်ခြင်းပင် အိပ်ပျော် သွားလေသည်။

ဤအိမ်ငယ်မှာ လူပုကလေး ခုနစ်ယောက်တို့၏ နေအိမ် ဖြစ်၏။ သူတို့သည် နေ့အခါ၌ တောင်အောက် မြေတွင်းထဲမှ ရွှေကိုတူး၍ ညအချိန်တွင် အိမ်သို့ ပြန်လာတတ်ကြသည်။ လူပုကလေးမျာ အိမ်သို့ ပြန်ရောက်သောအခါ မိမိတို့ စားစရာ များကို တစ်စုံတစ်ယောက်က စားသောက်သွားကြောင်း တွေ့ရ သဖြင့် လိုက်ရှာကြရာ အိပ်ရာထက်တွင် မင်းသမီးကလေး အိပ်စက်နေသည်ကို တွေ့ကြလေသည်။

ခင်နှင်းဖြူလည်း အိပ်ရာမှနိုး၍ မိမိ၏အဖြစ်အပျက်အလုံးစုံ ကို လူပုကလေးများအား ပြောပြ၏။ ထိုအခါ လူပုကလေး များသည် ကရုဏာသက်လှသဖြင့် ခင်နှင်းဖြူအား မိမိတို့အိမ် တွင်ပင် နေခွင့်ပြု၍ မိမိတို့အတွက် အိမ်မှုကိစ္စများကို လုပ်ကိုင် ဆောင်ရွက်စေ၏။

လူပုကလေးများသည် နောက်တစ်နေ့နံနက် အလုပ်ခွင့်သို့ ထွက်သွားကြသောအခါ မင်းသမီးအား တံခါးကိုလုံစွာပိတ် ထားလျက် မည်သူခေါ်၍မျှ ဖွင့်မပေးရန် မှာထားခဲ့၏။ သို့မှာ ခဲ့ခြင်းမှာ မိထွေးမိဖုရားကြီး၏ ကောက်ကျစ်စဉ်းလဲမှုကို သူတို့ သိကြသဖြင့် မင်းသမီးလေးအတွက် စိုးရိမ်သောကြောင့် ဖြစ်၏။ သူတို့ထင်သည့်အတိုင်းပင် မိထွေးမိဖုရားသည် မိမိ၏ကြည့်မှန် က ပြောပြသဖြင့် မင်းသမီးကလေး အသက်ရှင်လျက်ရှိသည့် နေရပ်ကို သိလေ၏။ ထိုကြောင့် မိဖုရားသည် မိမိကိုယ်တိုင် ဈေးရောင်းသူ အမယ်အိုဟန်ဆောင်၍ မင်းသမီးလေးရှိရာသို့ ရောက်လာကာ ခင်နှင်းဖြူအား နှစ်လိုဖွယ်သော ပန်းသီး တစ်လုံးကို ရောင်းလေသည်။

ထိုပန်းသီး တစ်ခြမ်းတွင် အဆိပ်ထည့်၍ အဆိပ် မရှိသည့် ဖက်ကို စားပြကာ လှည့်စား၍ရောင်းသဖြင့် မင်းသမီးကလေး လည်း ယုံကြည်မိ၏။ ထိုကြောင့် ပန်းသီးကိုယူကာ တစ်ကိုက် မျှ စားလိုက်လျှင်ပင် လဲကျ၍ မေ့မြောသွားလေ၏။

လူပုကလေးများ ပြန်လာသောအခါ အသေကဲ့သို့ ဖြစ်နေ သော ခင်နှင်းဖြူကို တွေ့ရသဖြင့် များစွာ ယူကျုံးမရဖြစ်ကြ၏။ လူပုကလေးများသည် မင်းသမီး၏အလောင်းကို မှန်ခေါင်းထဲ၌ ထည့်၍ တောင်ကုန်းတစ်ခုပေါ်တွင် တင်ထားကာ၊ ပန်းများဖြင့် မွမ်းမံ၍ အလောင်းကို စောင့်ရှောက်နေကြလေသည်။ တော တိရစ္ဆာန် ကလေးများကလည်း လာရောက် ကူညီ စောင့်ရှောက် ပေးကြ၏။ တစ်နေ့သောအခါ တောကစားထွက်လာသည့် မင်းသားကလေးတစ်ပါးသည် ခင်နှင်းဖြူ၏အလောင်းကို တွေ့မြင်ရလျှင် များစွာပင် သနားချစ်ခင်သဖြင့် အလောင်းကို မိမိ၏တိုင်းပြည်သို့ ယူဆောင်သွားကာ လှပခမ်းနားစွာ ထားလို ပါသည်ဟု လူပူကလေးများထံ ခွင့်ပန်လေသည်။ လူပုကလေး များကလည်း သဘောတူညီသဖြင့် မင်းသား၏တပည့်တစ်ဦးက ခလုတ်တိုက်မိသောကြောင့် မှန်ခေါင်းမှာ လွတ်ကျလေ၏။

ထိုအခါ ခင်နှင်းဖြူ၏ လည်ချောင်းဝတွင် တစ်ဆို့နေသော ပန်းသီးခြမ်းသည် မင်းသမီးကလေး၏ ပါးစပ်တွင်းမှ ထွက်ကျ သွားလေသည်။ ထိုကြောင့် ခင်နှင်းဖြူသည် အိပ်ပျော်ရာမှ နိုး လာသူကဲ့သို့ ချက်ခြင်းပင် လူကောင်းပြန်ဖြစ်လာရာ မင်းသား ကလေးနှင့်တကွ လူပုကလေးများ၊ တောတိရစ္ဆာန်များမှာ ဝမ်း မြောက်ကြရလေသည်။ မင်းသားကလေးသည် လူပုကလေးများ ထံမှ ခွင့်ပန်၍ ခင်နှင်းဖြူကို မိမိတိုင်းပြည်သို့ ခေါ်ဆောင် သွားပြီးနောက် မိထွေးစဉ်းလဲ မိဖုရားသည်လည်း ဒေါသစိတ် မွှန်ပြီးလျှင် သေဆုံးလေ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)