စတီရီယိုပုံသွင်းနည်း

ဝီကီပီးဒီးယား မှ

စတီရီယိုပုံသွင်းနည်း[ပြင်ဆင်ရန်]

ခေတ်မှီ ပုံနှိပ်လုပ်ငန်းတွင် အီလက်ထရိုတိုက် (လျှပ်စစ် ပုံစံ)နှင့်စတီရီယိုတိုက် (စတီရီယိုပုံစံ)နှစ်မျိုးလုံးပင် ခေတ်စား လျက်ရှိသည်။ သို့သော် စတီရီယိုတိုက်မှာ အီလက်ထရို တိုက်ထက် စရိတ်သက်သာခြင်း၊ အလွန်လျင်မြန်စွာ ပြုလုပ် နိုင်ခြင်းတို့ကြောင့် သတင်းစာတိုက်ကြီးများ၌ စတီရီယိုတိုက် ကိုသာ အသုံးပြုလေ့ရှိကြသည်။ ယခုအခါ စာအုပ်စာတမ်း ရိုက်နှိပ်သော အခြားပုံနှိပ်တိုက်ကြီးများကပါ ဤပုံစံမျိုးကို တစ်နေ့တစ်ခြား အသုံးများလာကြသည်ကို တွေ့ရသည်။ အဆိုပါ ပုံစံနှစ်မျိုးလုံးပင် စာစီထားပြီးသား စာဖောင်မှ ထပ်တူပြုလုပ်ယူသော မိတ္တူပုံစံများ ဖြစ်ကြ၏။ လျှပ်စစ် ပုံစံတွင် ဖယောင်းဖြင့် ပုံစံခွက်ပြုလုပ်၍ လျှပ်စစ်ဓာတ်ဖြင့် သတ္တု အသားတင်ပေးသည်။ စတီရီယိုပုံစံတွင် စက္ကူထူ တစ်မျိုးဖြင့် ပုံစံခွက်ပြုလုပ်၍ သတ္တုကို လျှပ်စစ်ဓာတ်နှင့် မဟုတ်ပဲ၊ ရိုးရိုးအရည်ကျိုပြီး လောင်းချ ပုံသွင်းပေသည်။ စတီရီယို ပုံသွင်းနည်းတွင် ရှေးဦးစွာ အပူဒဏ်ခံနိုင်သည့် စက္ကူထူတစ်မျိုးကို ဖောင်သွင်းထားသော စာမျက်နှာပေါ်၌ အားနှင့်ဖိနှိပ်ပေးသည်။ ထိုအခါ စက္ကူထူပေါ်၌ စာဖောင်နှင့် ပြောင်းပြန်ဖြစ်သော ပုံစံ ထင်လာသည်။ ထို စက္ကူချပ်ကို မက်ထရစ် (မူလပုံစံခွက်)ဟု ခေါ်ကြသည်။ ထိုစက္ကူကို ပုံသွင်းစက်ထဲသို့ ထည့်သောအခါ စက်က စက္ကူကို ခုံးသွား စေ၍ စက္ကူသည် စက်ထဲ၌ အောက်ခံပုံစံခွက်အနေနှင့် တည် နေသည်။ ထိုနောက် အရည်ကျိုထားသော သတ္တုရည်ကို လောင်းထည့်ပေးသောအခါ ခုံးနေသောသတ္တုသား ခပ်ပါးပါး ပုံစံပြားကိုရ၏။ ထိုပုံစံပြားမှာ စတီရီယိုတိုက်ခေါ် ပုံစံပင် ဖြစ်သည်။

ဤနည်းတွင် အသုံးပြုသော စက္ကူထူတချပ်မှာ ပုံစံပေါင်း များစွာ ပြုလုပ်နိုင်သည်။ ပုံစံများကို အခုံးပုံ မဟုတ်ဘဲ အပြား လိုက်အနေနှင့်လည်း ပြုလုပ်နိုင်၏။ ဤနည်းမှာ အီလက်ထရို တိုက်ပုံသွင်းနည်းထက် လျင်မြန်သက်သာသည့်အတိုင်း ခေတ်မှီ သတင်းစာတိုက်ကြီးများတွင် တစ်နေ့ထက်တစ်နေ့ ခေတ်စား၍ အသုံးများလာလေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)