စတန်းဖို့ သွေးဆောင်နည်းပညာ လက်တွေ့ခန်း

ဝီကီပီးဒီးယား မှ

စတန်းဖို့ သွေးဆောင်နည်းပညာ လက်တွေ့ခန်း (Stanford Persuasive Technology Lab) သည် ကွန်ပျူတာအား သွေးဆောင်နိုင်သော နည်းပညာပစ္စည်းအဖြစ် လေ့လာသော လက်တွေ့ခန်း ဖြစ်ပြီး ဤလက်တွေ့ခန်းမှ ထွက်သော ကျောင်းသားများမှာ လူကြိုက်များ လုပ်ငန်းငယ် (start-up) တို့ကို ဖန်တီးနိုင်သဖြင့် ထင်ရှားသည်။ လူ့သိပ္ပံနှင့်နည်းပညာ အဆင့်မြင့်စမ်းသပ်မှု တက္ကသိုလ် (H-STAR, Human Sciences and Technologies Advanced Research Institute) လက်အောက်၌ ရှိသည်။ အပြုအမူလေ့လာသည့် သိပ္ပံပညာရှင် (behavior scientist) ဘီ ဂျေ ဖော့ (B. J. Fogg) က ၁၉၉၈ ခုတွင် စဖွင့်သည်။

ကနဦးက ကွန်ပျူတာနှင့် သွေးဆောင်မှုတို့ ဆက်နွယ်ချက်ကို လေ့လာရန် ဖြစ်သော်လည်း ၂၀၀၅ ခုတွင် အမျိုးသားသိပ္ပံ ဖော်ဒေးရှင်း (National Science Foundation) ၏ ထောက်ပံ့ငွေနှင့် မိုဘိုင်းဖုန်းနှင့် လူများအား သွေးဆောင်နိုင်မှုကို တိုးချဲ့လေ့လာသည်။

နာမည်ရ ကျောင်းသားများ[ပြင်ဆင်ရန်]

  • ထရစ္စတန် ဟာရစ် (Tristan Harris) [၁]
  • မိုက် ခရီဂါ (Mike Krieger)

ကိုးကား[ပြင်ဆင်ရန်]

  1. Newport, Calvin C. (2019) "Digital Minimalism". Portfolio Books.