စည်သူပေါဝရာဇမဟာဝိဟာရ
စည်သူပေါဝရာဇမဟာဝိဟာရ Sithulpawwa Rajamaha Viharaya | |
---|---|
සිතුල්පව්ව රජ මහා විහාරය | |
Sithulpawwa Stupa on top of the rock. | |
အချက်အလက်များ | |
ကိုဩဒိနိတ် | 6°23′13″N 81°26′59″E / 6.38694°N 81.44972°Eကိုဩဒိနိတ်: 6°23′13″N 81°26′59″E / 6.38694°N 81.44972°E |
ဘာသာရေး နှီးနွယ်မှု | Buddhism |
ခရိုင် | Hambantota |
စီရင်စု | Southern Province |
နိုင်ငံ | Sri Lanka |
ဗိသုကာ | |
တည်ထောင်သူ | King Kavan Tissa of Ruhuna |
ပြီးစီး | Around 2nd century BC |
စည်သူပေါဝရာဇမဟာဝိဟာရ သည် သီရိလင်္ကာနိုင်ငံ၊ Hambantota ခရိုင်တွင် တည်ရှိသည့် ဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်သည်။ Katharagama မြို့မှ အရှေ့ဘက် ၁၈ ကီလိုမီတာအကွာတွင် တည်ရှိသည်။ ကျောင်းတော်ကို ဘီစီ ၂ ရာစုက တည်ခဲ့သည်ဟု ယုံကြည်ရသည်။ ယလအမျိုးသားဥယျဉ် (Yala National Park) သို့ သွားရာလမ်းဖြစ်သည့် Tissamaharama-Yodhakandiya လမ်းတစ်လျှောက် ၁၈ မိုင်ခန့်သွားပါက ဤဝိဟာရသို့ ရောက်ရှိမည် ဖြစ်သည်။ စည်သူပေါဝဟူသည့် စကားသည် "Chiththala Pabbatha" ဟူသည့် စကားမှ ဆင်းသက်လာပြီး ငြိမ်သက်သော စိတ်၏ တောင်ကုန်းဟု အဓိပ္ပာယ်ရသည်။[၁]
ကျောင်းတော်သည်ရှေးဟောင်းကျောင်းဖြစ်ပြီး သမိုင်းကြောင်းမှာ နှစ်ပေါင်း ၂၂၀၀ ကျော် ကြာမြင့်ပြီ ဖြစ်သည်။ ဘုရားဖူးသူများ၏ ဝတ်ပြုရာနေရာဖြစ်ရုံသာမက ဗုဒ္ဓဘာသာရဟန်းများ၏ ဗုဒ္ဓဘာသာဆိုင်ရာပညာများသင်ကြားရာ နေရာလည်း ဖြစ်သည်။ အနုရာဒပူရခေတ် ပန်းချီများ၊ ကျောက်ဖြင့် ပြုလုပ်ထားသည့် ဗုဒ္ဓရုပ်ပွားတော်အပျက်အစီးများ၊ ဗောဓိသတ္တရုပ်ပွားတော်များ၊ ကျောင်းဆောင်များ၊ လုံးဝန်းသည့် ဓာတ်တော်တိုက်များသည် ကျောင်းတော်ဥပစာတွင် ပြန့်ကြဲတည်ရှိနေကြသည်။ လက်ရှိ ဝိဟာရ၏ အုပ်ချုပ်သူအကြီးအကဲမှာ ရဟန်းတော် Metaramba Hemarathana Nayake Thera ဖြစ်သည်။[၂]
ရုပ်ပုံများ
[ပြင်ဆင်ရန်]-
Sithulpawwa temple
ပြင်ပလင့်များ
[ပြင်ဆင်ရန်]- Sithulpawwa Archived 12 September 2014 at the Wayback Machine.
ကိုးကား
[ပြင်ဆင်ရန်]- ↑ Sithulpawwa Rajamaha Viharaya – සිතුල්පව්ව රජමහා විහාරය။ Amazing Lanka (January 15, 2014)။ 12 September 2014 တွင် ပြန်စစ်ပြီး။
- ↑ President worships Sithulpawwa Raja Maha Vihara။ NEWS.LK။ 13 June 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 September 2014 တွင် ပြန်စစ်ပြီး။