စဉ့်ပါဆရာတော်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

စဉ့်ပါဆရာတော်[မှတ်စု ၁] (၁၁၀၁ − *) ဆင်ဖြူရှင်မင်းလက်ထက်တွင် ထင်ရှားသည့် ရဟန်းတော်တစ်ပါး ဖြစ်သည်။ [၁]

ဘဝ[ပြင်ဆင်ရန်]

စဉ့်ပါဆရာတော်ကို ၁၁၀၁ ခုနှစ်တွင် ဖွားမြင်ခဲ့သည်။ မဏိပူရပြည်သား ဖြစ်သည်။ ဆင်ဖြူရှင်မင်းလက်ထက်တွင် စစ်ကိုင်းမြို့ စဉ့်ပါတိုက်တွင် သီတင်းသုံးသည်။ [၁]

ပြုစုရေးသားခဲ့သည်များ[ပြင်ဆင်ရန်]

ဆရာတော်သည် ဓမ္မနီတိချိုး[မှတ်စု ၂]ကို ရေးသားခဲ့သည်။ [၁]

ပျံလွန်တော်မူခြင်း[ပြင်ဆင်ရန်]

ဆရာတော်၏ တပည့် ခင်ကြီးသာ (၁၁၀၂ ခုနှစ်ဖွားမြင်) သည်လည်း ဆရာတော်နှင့် တစ်လတည်းအတွင်း ပျံလွန်တော်မူခဲ့သည်။ ထို့ကြောင့် နှစ်ပါး လောင်တိုက်ယှဉ်ကာ သင်္ဂြိုဟ်ခဲ့သည်။ [၁]

မှတ်စု[ပြင်ဆင်ရန်]

  1. သက္ကရာဇ် ၁၁၀၆ ခုနှစ်ဖွား စဉ့်ပါရွာဇာတိ လူမည်ဦးချောပုံ ရတနာပုရစတုတ္ထမြို့တည် မင်းတရားလက်ထက် ဗန်းမော်ဝန်ဟောင်း မောင်ရွှန်းဆောက်လုပ်သော ငွေစင်ချောင်းထိပ်လေးထပ်ကျောင်းကို အလှူခံသည့် ဆရာတော်သည် စဉ့်ပါဆရာတော်ဟု တွင်သည်။
  2. ဓမ္မနီတိချိုးကို စစ်ကိုင်းမြို့ မန်ကျည်းစင်ရွာဇာတိ စဉ့်ပါတောရနေ ရဟန်းတော် ဦးရွှင်ရေးသားသည်ဟုလည်း မှတ်သားကြသည်။ ထိုစဉ့်ပါဆရာတော်သည် ရတု၊ မေတ္တာစာများနှင့် သာမုန္ဒြိကပျို့တို့ကိုလည်း ရေးသားခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (၁၉၆၁ ခုနှစ်). ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်. ၃၅၇၊ ဗိုလ်အောင်ကျော်လမ်း၊ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်, ၃၆။