စစ်အစိုးရ

ဝီကီပီးဒီးယား မှ

စစ်အုပ်ချုပ်ရေး သိုမဟုတ် စစ်အစိုးရဆိုသည်မှာ အစိုးရကိုစစ်တပ်ကဦးဆောင်၍ တရားဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ တိုင်းပြည်ကိုအုပ်ချုပ်ခြင်းဖြစ်သည်။[၁] စစ်အုပ်ချုပ်ရေးအမျိုးအစားတို့မှာ အောက်ပါအတိုင်းဖြစ်ကြသည်။

စစ်အစိုးရကို တစ်ခါတစ်ရံ "Military Regime" ဟုခေါ်ဆိုလေ့ရှိသည်။ Military Regime နှင့်ပတ်သက်၍ "Military" ဆိုသည်မှာ "စစ်၊ တပ်မတော်" ဆိုသည့်အဓိပ္ပာယ်ကိုဖော်ဆောင်ပြီး "Regime" ကို Oxford အဘိဓာန်တွင် "a method or system of government, especially one that has not been elected in a fair way" ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ Regime ဆိုသည်မှာ "အစိုးရစနစ် တစ်မျိုး၊ အစိုးရတစ်ရပ်" ဟူ၍လည်း ဖွင့်ဆိုနိုင်သည်။ Military Regime ဆိုသည်မှာ ဒီမိုကရေစီနည်းကျကျ ရွေးကောက်တင် မြှောက်ခံအစိုးရတစ်ရပ် အုပ်ချုပ်သည့်စနစ်မဟုတ်ဘဲ၊ အခြေအနေ တစ်ရပ်ရပ်ကြောင့် တက်ရောက်အုပ်ချုပ်လာသည့် စစ်အစိုးရတစ်ရပ်ကို ခေါ်ဆိုခြင်း ဖြစ်သည်။

အခြားကြည့်ရန်[ပြင်ဆင်ရန်]

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. Military Government, Encyclopedia Britannica