စစ်ပွဲအမျိုးအစားများ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

စစ်ပွဲအမျိုးအစားများ စစ်ပွဲအမျိုးအစားကို အကြမ်းဖျင်းအားဖြင့် ရ မျိုးခွဲခြားနိုင်သည်။ - Conventional War သမာရိုးကျ စစ်ပွဲ - Unconventional War သမာရိုးကျ မဟုတ်သော စစ်ပွဲ - Guerrilla War ပြောက်ကျားစစ် - Counter-guerrilla War တန်ပြန်ပြောက်ကျားစစ် - Civil War ပြည်တွင်းစစ် - Rebellion and Revolution ပုန်ကန်ထကြွမှု / တော်လှန်ရေး - Low-intensity warfare မပြင်းထန်သော စစ်ဆူ/ စစ်ပူအခြေအနေ

စစ်ပွဲအမျိုးအစားခွဲခြားနည်း[ပြင်ဆင်ရန်]

စစ်ပွဲတွင် အသုံးပြုသော မဟာဗျူဟာ၊ နည်းဗျူဟာနှင့် ဘာရည်ရွယ်ချက်နှင့်တိုက်ခိုက်ကြသလဲ ဘယ်သူတွေ တိုက်ခိုက်ကြသလဲ၊ ဘယ်လိုလက်နက်တွေနှင့် အသုံးပြုပြီး တိုက်ခိုက်ကြသလဲ၊ ဘယ်လို ပုံစံတွေနဲ့ တိုက်ခိုက်ကြသလဲ ဆိုတာတွေအပေါ် အခြေခံပြီး စစ်ပွဲတွေကို အမျိုးအစားခွဲခြားကြသည်။

စစ်ပွဲနှင့်တိုက်ပွဲ၏ ကွဲပြားခြားနားချက်[ပြင်ဆင်ရန်]

စစ်ပွဲနှင့်တိုက်ပွဲကို ခွဲခြားသိမြင်ရန်လိုအပ်သည်။ စစ်ပွဲတွင် တိုက်ပွဲပေါင်းများစွာပါဝင်သည်။ တိုက်ပွဲတွင် ဆုတ်ခွာရခြင်း၊ တိုက်ပွဲကျရှုံးခြင်းသည် စစ်ပွဲကျရှုံးခြင်းမဟုတ်။ တခါတရံ စစ်ပွဲအောင်နိုင်ရေးအတွက် မဟာဗျူဟာအရ အသာစီးရရန် ဆုတ် ခွာရခြင်းများလညး်ရှိနိုင်သည်။ တိုက်ပွဲဖြစ်ခြင်းကိုလည်း စစ်ဖြစ်ခြင်းဟု ဆိုရန်မရနိုင်ချေ။ စစ်ပွဲသည် အကြီးစား ဖြစ်သည်။ တိုက်ပွဲသည် အသေးစားဖြစ်သည်။ တိုက်ပွဲများကိုသုံးသပ်၍ စစ်ပွဲဟု သတ်မှတ်နိုင်သော လက္ခဏာရှိမရှိ ဆုံးဖြတ်နိုင်သည်။

(၁) သမာရိုးကျ စစ်ပွဲ (Conventional War)[ပြင်ဆင်ရန်]

နှစ်နိုင်ငံအကြား စစ်စွမ်းရည်မတိမ်းမယိမ်းရှိသောစစ်သားများနှင့် သမာရိုးကျလက်နက်များကို အသုံးပြု၍ တိုက်ခိုက်သောစစ်ကို သမာရိုးကျစစ်ပွဲဟုခေါ်သည်။ သမာရိုးကျစစ်ပွဲတွင် သမာရိုးကျလက်နက်များ၊ သမာရိုးကျခဲယမ်းမီးကျောက်များကိုအသုံးပြုသည်။ တင့်ကား များ၊ စစ်သင်္ဘောများ၊ တိုက်လေယာဉ်များ၊ အမြောက်များနှင့် အခြားသော ဖျက်ဆီးရေးလက်နက်များ ပါဝင်သည်။ ဥပမာ - အာရပ် - အစ္စရေး စစ်ပွဲ၊ အိန္ဒိယ - ပါကစ္စတန် စစ်ပွဲ၊ ဖောက်ကလန်ကျွန်း စစ်ပွဲ(၁၉၈၂)၊ ကိုရီးယား စစ်ပွဲ။ ဖောက်ကလန်ကျွန်းစစ်ပွဲသည် ဗြိတိသျှဝန်ကြီးချုပ် မာဂရက်သက်ချာလက်ထက်တွင် အာဂျင်တီးနား နိုင်ငံအနီး ဖောက်ကလန်ကျွန်းအပေါ် ပိုင်ဆိုင်မှု အငြင်းပွားခြင်းကိုအကြောင်းပြု၍ ဗြိတိန်နှင့် အာဂျင်တီးနား နိုင်ငံတို့ ဖြစ်ပွားသော စစ်ပွဲ ဖြစ်သည်။ နိုင်ငံအားလုံးသည် ဂျီနီဗာကွန်ဗမ်းရှင်းမှာ ထုတ်ပြန်ထားသော စစ်စည်းမျဉ်း၊ ဥပဒေများကို လိုက်နာရန် တာဝန်ရှိသည်။ ဂျီနီဗာ စာချုပ်တွင်

၁။ သုံ့ပန်းများနှင့် ဆက်ဆံမှု၊									
၂။ ဒဏ်ရာရသူများ ကြည့်ရှု့ရေး၊									
၃။ အရပ်သားများ၏ အသက်နှင့် ဥစ္စာပစ္စည်းများ ကာကွယ်ပေးခြင်း စသော စစ်သည်တို့ 	လိုက်နာအပ်သော ကျင့်ဝတ်ဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်များပါဝင်သည်။ 

(၂ ) သမာရိုးကျမဟုတ်သော စစ်ပွဲ ( Unconventional War )[ပြင်ဆင်ရန်]

စစ်ရေးစွမ်းရည်ပြည့်တည်ဆောက်ထားသောနိုင်ငံများအကြား ခေတ်မီနည်းပညာမြင့် ဖျက်လက်နက်များ ကိုအသုံးပြု၍ ဖြစ်သောစစ်ပွဲကို သမာရိုးကျမဟုတ်သောစစ် ဟုခေါ်သည်။ အစုလိုက်အပြုံလိုက်ဖျက်ဆီးနိုင်သောလက်နက်များ၊ နျူကလီးယားကလက်နက်၊ ဓာတုလက်နက် နှင့် ဇီဝလက်နက်များကို တိုက်ပွဲတွင် အသုံးပြုသည်။ အဆိပ်ဓာတ်ငွေ့၊ မီးလောင်ဗုံးစသည့် သမာရိုးကျ စစ်ပွဲတွင် အသုံးမပြုသော လက်နက်များဖြင့် တိုက်ခိုက်သောစစ်ပွဲကို Unconventional War ဟု သတ်မှတ်နိုင်သည်။ ဥပမာ - ပင်လယ်ကွေ့စစ်ပွဲ(၁၉၉၁)၊ ၎င်းစစ်ပွဲတွင် Tomahawk ဟုခေါ်သော စမတ်ဗုံးများအသုံးပြုခဲ့ သည်။ အီရန် - အီရတ် စစ်ပွဲ (၁၉၈၀ - ၈၈)၊ ၎င်းစစ်ပွဲတွင် ဓာတုလက်နက်များအသုံးပြုခဲ့သည်။ အမေရိကန် - ဂျပန် စစ်ပွဲ (၁၉၄၅ )၊ ၎င်းစစ်ပွဲတွင် အမေရိကန်သည် ဂျပန်နိုင်ငံရှိ ဟီရိုရှီးမားမြို့ နှင့် နာဂစကီမြို့တို့ကို နျူကလီးယားဗုံးဖြင့်တိုက်ခိုက်၍ ဒုတိယကမ္ဘာစစ်ကြီးကို အဆုံးသတ်ပစ်ခဲ့သည်။

(၃) ပြောက်ကျားစစ် (Guerrilla War)[ပြင်ဆင်ရန်]

မိမိထက်အင်အားကြီးမားသာလွန်သောတပ်များဖြင့် ရင်ဆိုင်တိုက်ပွဲဝင်ရသောအခါ ပြောက်ကျား စစ်ကို အသုံးပြုကြသည်။ အထူးသဖြင့် စစ်အင်အားကြီးမားသောနိုင်ငံကြီးနှင့် စစ်အင်အားနိမ့်ပါးသော နိုင်ငံများဖြစ်သော စစ်ပွဲများတွင် စစ်ရေးအင်အားနည်းသောနိုင်ငံမှ တပ်များ၊ စစ်အုပ်စုများက ပြောက်ကျားနည်းဖြင့်တိုက်ခိုက်သော စစ်ပွဲများကို ပြောက်ကျားစစ်ဟုခေါ်သည်။ မိမိဘက်မှ ကျဆုံးမှုအနည်းဆုံးနှင့် ရန်သူ့အင်အားကြီးတပ်ကို အကြီးမားဆုံး ဖြိုခွင်းသည့်နည်း သည် ပြောက်ကျား နည်းပင်ဖြစ်သည်။ ပြောက်ကျားစစ်နည်းဗျူဟာများ

Hit and run ( ပစ်ပြေး ပြေး သည်) နှင့် Ambush (ချုံခို တိုက်ခိုက်ခြင်း) တို့ ဖြစ်သည်။ 

(မှတ်ချက်- နိုင်ငံနယ်ပယ်အရကြီးမားခြင်း၊ လူဦးရေအရများပြားခြင်း တို့သည် စစ်အင်အားကြီးမားခြင်း ဟု ခေါ်ဆို၍ မရနိုင်ချေ။ ဥပမာ- မော်စီတုန်း၏ တရုတ်ကွန်မြူနစ်တပ်များသည် နိုင်ငံနယ်ပယ်အရ၊ လူဦးရေအရ များပြားခြင်းမရှိသော်လည်း စစ်ရေးစွမ်းရည်ကြီးမားထက်မြက်သော ဂျပန်တပ်များကို ပြောက်ကျားနည်းဖြင့် တိုက်ထုတ်ခဲ့သည်။) ထင်ရှားသော ပြောက်ကျားစစ်မဟာဗျူဟာများကို ဥပမာပြရသော် မော်စီတုန်း၏ ပြောက်ကျားနည်း (၁၈၉၃ - ၁၉၇၆ )၊ ဗီယက်နမ် ခေါင်းဆောင်ကြီး ဟိုချီမင်းလောင်းလျာ ဗိုလ်ချုပ်ငုယင်ဂီယက်၏ ပြောက်ကျားနည်း (၁၉၁၂ - )၊ အယ်ကိုင်းဒါး၏ နည်းဗျူဟာများ ဖြစ်ကြသည်။ ပြောက်ကျားတိုက်ပွဲဆင်နွှဲခြင်းကို လက်နက်ကိုက်၍ သူပုန်ထသောင်းကျန်းခြင်းဟုလည်း သိမြင် နိုင်သည်။

(၄) တန်ပြန်ပြောက်ကျားစစ် (Counter-Gurellia War)[ပြင်ဆင်ရန်]

တန်ပြန်ပြောက်ကျားစစ်ကို သောင်းကျန်းမှု ချေမှုန်းရေးစစ်ဟု ခေါ်သည်။ လက်နက်ကိုင်သူ ပုန်ထ၍ သောင်းကျန်းခြင်း(ဝါ)ပြောက်ကျားနည်းဖြင့် သူပုန်ထသူများကို တန်ပြန်ချေမှုန်းသည့် စစ်ကို တန်ပြန်ပြောက်ကျား စစ် ဟု ခေါ်သည်။ Counter-Gurrillia also called Counter insurgency (COIN). (တန်ပြန်ပြောက်ကျားနည်းကို သောင်းကျန်းမှုချေမှုန်းရေးဟုခေါ်သည်။)

တန်ပြန်ပြောက်ကျားစစ်နည်းဗျူဟာများ[ပြင်ဆင်ရန်]

  Search and Destroy (ရှာမယ် တွေ့ရင်ဖျက်မယ်)၊ မြေအောက်ဗုံးခိုကျင်းများကို ဖျက်ဆီးခြင်း၊ ရွာသားယောင် ဆောင်ထားသော သူပုန်များကို ရှာဖွေဖမ်းဆီးခြင်း၊ အနံ့ခံခွေးများအသုံးပြု၍ သူပုန်ကို ရှာဖွေခြင်း စသည် အရာ များဖြစ်သည်။ 												ဥပမာ - မြန်မာ့တပ်များ၏ သောင်းကျန်သူဖြိုခွင်းချေမှုန်းရေးဗျူဟာ။

(၅) ပြည်တွင်းစစ် (Civil War)[ပြင်ဆင်ရန်]

တစ်နိုင်ငံတည်းတွင် နိုင်ငံရေးအယူအဆကွဲပြားသော နိုင်ငံရေးအုပ်စုများအကြား လက်နက်ကိုင် တိုက်ခိုက်ခြင်းကို ပြည်တွင်းစစ်ဖြစ်သည်ဟု ယေဘျယျအားဖြင့် အမျိုးအစားခွဲခြားနိုင်သည်။ ဝါဒရေး၊ အယူအဆရေးကွဲပြားခြင်းသည် တစ်နိုင်ငံတည်းမှာပင် လူမျိုးစုမတူခြင်း ၊ ယဉ်ကျေးမှု ကွဲပြား ခြင်း၊ ဘာသာရေး ကိုးကွယ်မှုအယူဝါဒမတူညီခြင်း၊ သမိုင်းကြောင်းအရ ကွဲပြားနေခြင်းစသည့် အရာများ ကို အခြေခံသည်။ ထိုသို့ မတူညီမှုများဖြင့် စုပေါင်းဖြစ်တည်နေသောနိုင်ငံများတွင် ဖြစ်လေ့ ဖြစ်ထ ရှိသော စစ်သည် ပြည်တွင်းစစ်ပင်ဖြစ်သည်။ Civil War An armed conflict between politically organized groups within a state, usually fought eight for control of the state or to establish a new state.

ပြည်တွင်းစစ်[ပြင်ဆင်ရန်]

နိုင်ငံတစ်ခုအတွင်းရှိသော နိုင်ငံရေးအဖွဲ့အစည်းများအကြား လက်နက်ကိုင်ပဋိပက္ခဖြစ်ပွား ခြင်းကို ပြည်တွင်းစစ်ဟု ခေါ်သည်။ အထူးသဖြင့် နိုင်ငံသစ်တည်ဆောက်ရန် လက်ရှိနိုင်ငံရေးဖြစ်စဉ် အားလုံးကို ထိန်းချုပ်နိုင်ရန် ရည်ရွယ်ကြသည်။ ပြည်တွင်းစစ်သည် အကြောင်းကိစ္စအများအပြားကို အကြောင်းပြု၍ ဖြစ်ပွားလေ့ရှိသည်။ အထူးသဖြင့် လူမျိုးစုအများအပြား စုပေါင်းနေထိုင်ကြသော နိုင်ငံများတွင် ပြည်တွင်းစစ်ဖြစ်ရန် အလားအလာ များပြားသည်။ လူမျိုးစုများပြားခြင်းကြောင့် ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှု၊ ဓလေ့ထုံးတမ်း အစဉ်အလာ၊ အတွေးအခေါ် အယူအဆ၊ ယဉ်ကျေးမှု စသည့်အရာများ ကွဲဲပြားလာသည်။ ထိုကွာခြားမှု သည် ပဋိပက္ခဖြစ်ခြင်း၏ အကြောင်းလည်းဖြစ်သည်။ အများအားဖြင့် ပြည်တွင်းစစ်သည် ခွဲထွက်ရေး ကဲ့သို့သောအရေးများကြောင့် လည်းကောင်း၊ တန်းတူညီမျှသောအခွင့်အရေးများ မရှိသော အခြေ အနေများကို အကြောင်းပြု၍လည်း ကောင်း၊ ဝါဒရေးကိုင်စွဲမှုမတူညီခြင်းကြောင့်သော်လည်းကောင်း စသည့်အကြောင်းအချက်များအပေါ် အကြောင်းပြု၍ ပြည်တွင်းစစ်ဖြစ်ပွားလေ့ရှိသည်။ လူမျိုးစု ပဋိပက္ခများကြောင့် ဖြစ်ပွားသော ပြည်တွင်းစစ်များ သည် သာဓကပေါင်းမြောက်များစွာရှိသည်။ ဥပမာ ဆိုက်ပရပ်တွင် ဂရိနှင့် တူရကီတို့ဖြစ်ပွားသော လူမျိုးစု ပြည်တွင်းစစ် (၁၉၆၀) လက်ဘနွန်တွင် ခရစ်ယာန်နှင့် မူဆလင်တို့ဘာသာရေးအရ ဖြစ်ပွားသောစစ်ပွဲ (၁၉၇၀) ရဝမ်ဒါတွင် ဟူတူနှင့် တွတ်စီလူမျိူးများဖြစ်သော ပြည်တွင်းစစ်၊

ဘော့စနီးယားတွင် မူဆလင်နှင့် ဆာ့ဖ်လူမျိုးများဖြစ်ပွားသော ပြည်တွင်းစစ် 

စသည် ပြည်တွင်းစစ်များ သည် လူမျိုးစု ကွဲပြားခြင်းကို အကြောင်းပြု၍ ဖြစ်ပွားသော ပြည်တွင်းစစ်များဖြစ်သည်။ မြောက်ကိုရီးယားကွန်မြူနစ်အစိုးရနှင့် တောင်ကိုရီးယားဒီမိုကရက်တစ်အစိုးရတို့ ဝါဒရေးအရဖြစ်ပွား သော ပြည်တွင်းစစ်၊ မြောက်ဗီယက်နမ်နှင့်တောင်ဗီယက်နမ်တွင်လည်း ကိုရီးယားစစ်ပွဲနှင့် အလားတူသော စစ်ပွဲဖြစ်ပွားခဲ့သည်။ ၎င်းစစ်ပွဲများသည် ကွန်မြူနစ်ဝါဒနှင့် အရင်းရှင်ဝါဒတို့အပေါ် ဝါဒရေးကိုင်စွဲမှု ကွဲပြားခြင်းကြောင့် ဖြစ်ပွားသော ပြည်တွင်းစစ်များပင်ဖြစ်သည်။

ယနေ့အထိ မြောက်ကိုရီးယားနှင့်တောင်ကိုရီးယားနိုင်ငံသည် ပေါင်းစည်း၍မရဘဲ နိုင်ငံနှစ်ခြမ်းကွဲကာ နိုင်ငံတစ်ခုချင်းအနေဖြင့် သီးသန့်ရပ်တည်နေသည်။ တောင်ဗီယက်နမ်နှင့်မြောက်ဗီယက်နမ်သည် ခေါင်းဆောင် ကြီးဟိုချီမင်း၏ စွမ်းဆောင်ချက်ကြောင့် စည်းလုံးသော ဗီယက်နမ်နိုင်ငံအဖြစ် ပေါင်းစည်းရပ်တည်နိုင်ခဲ့သည်။ မြန်မာနိုင်ငံတွင်လည်း တောင်တန်းနှင့် မြေပြန့်ခွဲခြား၍ ပြည်တွင်းစစ် ဖြစ်အောင်ဖန်တီးချက်များကို နယ်ချဲ့ ကိုလိုနီဝါဒီများကလုပ်ဆောင်ခဲ့သည်။ တဖန် ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ ဒီမိုကရက်တစ်၊ ဖက်ဒရယ်၊ ခွဲထွက်ရေး စသည့်တို့ကို အကြောင်းပြု၍ပြည်တွင်းစစ်များ ဖြစ်ခဲ့ကြသည်။

နိုင်ငံတွင်းဖြစ်ပွားသောစစ်ပွဲများသည် နိုင်ငံတိုင်းလိုလိုကြုံတွေ့ရသောသာဓကကို တွေ့ရသည်။ အမေရိကန် နိုင်ငံတွင် လူမည်းကျွန်များ ဖျက်သိမ်းရေး၊ မဖျက်သိမ်းရေးကို အကြောင်းပြု၍ တောင်နှင့် မြောက် ပြည်တွင်းစစ် ဖြစ်ပွားခဲ့သည်။ တောင်ကိုရီယားနှင့် မြောက်ကိုရီးယား ဝါဒကိုင်စွဲမှုမတူညီမှု အပေါ်အကြောင်းပြု၍ ပြည်တွင်း စစ်ဖြစ်ပွားခဲ့သည်။ တောင်ဗီယက်နမ်နှင့် မြောက်ဗီယက်နမ်ပြည်တွင်း စစ်ဖြစ်ခဲ့သည်။ ခေါင်းဆောင်ကြီး ဟိုချီမင်းက ဗီယက်နမ်ကို ပြန်လည် ပေါင်းစည်းနိုင်ခဲ့သည်။ ထို့အတူ တရုတ်နိုင်ငံတွင်လည်း မော်စီတုံး ခေါင်းဆောင်သော ကွန်မြူနစ်အစိုးရနှင့် ချန်ကေရှိတ် ဦးဆောင်သော ကူမင်တန်တပ်များ ပြည်တွင်းစစ်ဖြစ်ပွား ခဲ့သည်။ ချန်ကေရှိတ်တပ်များ ထိုင်ဝမ်ကျွန်းအထိ ဆုတ်ခွာခဲ့ရပြီး ထိုင်ဝမ်ကျွန်းကို ခြေကုတ်ယူ၍ အမေရိကန် တပ်များ၏ အကာအကွယ်ဖြင့် ရပ်တည်ခဲ့ ရသည်။ မြန်မာနိုင်ငံတွင် ပထစအစိုးရလက်ထက်မှစတင်၍ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ဖြစ်ပွားသောပြည်တွင်း စစ်၊ တိုင်းရင်းသား လက်နက်ကိုင်တပ်များနှင့် အစိုးရဖြစ်ပွားသော ပြည်တွင်းစစ်များသည် ပြည်တွင်း စစ်ဖြစ်ပွား သော သာဓကကောင်းများပင် ဖြစ်သည်။

(၆) ပုန်ကန်ထကြွမှု / တော်လှန်ရေး (Rebellion and Revolution)[ပြင်ဆင်ရန်]

တတိယကမ္ဘာမှ နိုင်ငံများ ဝါဒရေးကွဲပြားမှုနှင့် လူမျိုးုစုကွဲပြားခြင်းကို အကြောင်းပြု၍ မကြာခဏ ဖြစ်ပွားသော အရေးအခင်းများ ဖြစ်သည်။


ပုန်ကန်ထကြွမှု (Rebellion)[ပြင်ဆင်ရန်]

ပုန်ကန်ထကြွမှုဆိုသည် Rebellion တွင် လက်နက်ကိုင်အင်အားသုံး၍ ပုန်ကန်ခြင်းမဟုတ်ချေ။ အရေးအခင်းများ၊ အဓိကရုဏ်းများဖန်တီး၍ ပြည်သူလူထုကို ပြည်သူလူထုက လူကြိုက်များ နည်းနိဿရည်းများ အသုံးပြု၍ ပုန်ကန်ထကြွခြင်း ကို Rebellion ဟုခေါ်သည်။ (ပုန်ကန်ထကြွခြင်းသည် အစိုးရတစ်ရပ်ကိုပြောင်းလဲစေခြင်း၊ လူမှုဝန်းကျင်ကြီးတစ်ခုလုံးကို ပြောင်းလဲ စေခြင်း လောက် အင်အားမကြီးမားချေ။ မိမိတို့တောင်းဆိုချင်ရာတစ်ခုခုကိုသော်လည်းကောင်း၊ မိမိတို့၏ ဆန္ဒကို သော်လည်းကောင်း၊ ပြည်သူလူထုက ပြည်သူလူထုအားကို အသုံးပြု၍ ပြည်သူ အလေးထားသော အရာ တစ်ခုခုကို အဆင့်မြှင့်တင်သော Promotion ပွဲတစ်ခုနှင့် အလားသဏ္ဌာန် တူသည်။ မိမိတို့ရည်ရွယ် ဦးတည်ချက်ထားသောအရာကို ပေါ်ပြူလာဖြစ်အောင် မြှင့်တင်ခြင်းသည် Rebellion လုပ်ခြင်းပင်ဖြစ်သည်။ ပြည်တွင်းတွင်ဖြစ်ပွားခဲ့သော ဥပမာတစ်ခုကို ထုတ်ဖော်ပြရသော် ၂၀၀၇ ခုနှစ်တွင်ဖြစ်ပွားခဲ့သော ရွှေဝါရောင်တော်လှန်ရေးသည် Rebellion ပင်ဖြစ်သည်။ ၎င်းရွှေဝါရောင်တော်လှန်ရေးကို တော်လှန် ရေး (Revolution) ဟု အမည်တပ်ထားသော်လည်း အမှန်တကယ်တွင် ၎င်းသည်တော်လှန်ရေး အဆင့်မဟုတ်ချေ။ Rebellion ထကြွမှုအဆင့်သာရှိသည်။ ဥပမာ - ဂါဇာကမ်းမြှောင်တွင် ကျောင်းသားသမဂ္ဂနှင့် ရဲများဖြစ်ပွားသော အဓိကရုဏ်း။

တော်လှန်ရေး (Revolution)[ပြင်ဆင်ရန်]

တော်လှန်ရေးသည် အစိုးရတစ်ရပ်ကို ဖြုတ်ချခြင်း၊ လူမှုဝန်းကျင်ကြီးတစ်ခုလုံးကို ပုံသဏ္ဌာန် ရော၊ အနှစ်သာရပါ အရှိန်အဟုန် နှင့် အလျင်အမြန်ပြောင်းလဲစေခြင်းဖြစ်သည်။ တော်လှန်ရေးတွင် စွမ်းရည်မြင့်တော်လှန်ရေးသမားများကို စည်းစည်းလုံးလုံး စုရုံးထားပြီး အစိုးရတစ်ရပ်ကိုဖြုတ်ချခြင်း၊ လူမှုဝန်းကျင်ကို အချိန်အနည်းငယ်အတွင်းပြောင်းလဲ စေအောင်လုပ်ဆောင်သော ဆောင်ရွက်ချက်များ ကို တော်လှန်ရေးဟု အဓိပ္ပာယ်သတ်မှတ်နိုင်သည်။

(၇) မပြင်းထန်သောစစ်(ဝါ) ကွက်ကျားစစ် (Low intensive Warfare)[ပြင်ဆင်ရန်]

ကြိုကြား ကြိုကြားဖြစ်သောစစ်ဟု သတ်မှတ်နိုင်သည်။ တခါတရံမှသာ တိုက်ပွဲဖြစ်လိုက် ပြန်ငြိမ်သွားလိုက်နှင့် ဖြစ်ပွားသော စစ်မျိုးကို Low intensive Warfare ဟုခေါ်သည်။ ရံဖန်ရံခါမှသာ ဖြစ်တတ်သည်။ သို့သော် အဆုံးသတ်ရန်ခက်ခဲသည့် သဘောရှိသည်။ အတွင်းကြိတ်၍ ရန်ထောင်ခြင်း သဘောဆောင်သည်။ အင်အားရှိမှ ထချသော တိုက်ပွဲမျိုး၊ စစ်ပွဲမျိုးဖြစ်သည်။ အခြားသောအချိန်များ တွင် ငြိမ်းချမ်းနေသယောင် တည်ငြိမ်နေသယောင်ရှိသည်။

ကြိုကြားစစ်ကို ဥပမာပြရသော် ဗြိတိသျှနှင့် အိုင်းရစ်တို့မြောက်အိုင်ယာလန်တွင်ဖြစ်ပွားသော စစ်အမျိုးအစား ကို Low intensive Warfare အဆင့်ဟု သတ်မှတ်နိုင်သည်။ ၁၉၇၀ နှင့် ၁၉၉၇ နှစ် အတွင်း ဗြိတိန်ဝန်ကြီးချုပ် ဂျွန်မေဂျာလက်ထက် IRA – Irish Republican Army နှင့် အင်္ဂလန်တို့နှင့် တိုက်သောစစ်သည် အကောင်းဆုံး ဥပမာဖြစ်သည်။ IRA တပ်မတော်သည် မမျှော်လင့်သော အချိန်တွင် ၎င်းတို့ဆန္ဒဖော်ထုတ်၍ အလိုမရှိကြောင်း သတိပေး တပ်လှန့်လိုက်သောသဘော ဖြစ်အောင် စစ်ပွဲကို ဖန်တီးလိုက်သည်။ စစ်တို့၏သဘောသည် ရှုပ်ထွေးသည်။ များပြားသော အမျိုးအစားမူကွဲပေါင်းများစွာရှိသည်။ သမာရိုးကျစစ်ပွဲနှင့် သမာရိုးကျမဟုတ်သောစစ်ပွဲများသည် နိုင်ငံအချင်းချင်းကြားဖြစ်ပွားသော စစ်ပွဲအမျိုးအစားများဖြစ်ပြီး ပြောက်ကျားစစ်၊ ပြည်တွင်းစစ်၊ ပုန်ကန်ထကြွမှု၊ တော်လှန်ရေး၊ ကြိုကြားစစ်ပွဲများသည် နိုင်ငံတစ်ခုအတွင်း ပြည်တွင်းမှာ ပင်ဖြစ်သောစစ်ပွဲများဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. Types of War in International relation (University of Mandalay- Dep; of International relation)