စစ်ကိုင်းအနောက်၊ အုတ်ကျောက်စုရာ၊ မသာပေထော

ဝီကီပီးဒီးယား မှ

စစ်ကိုင်းအနောက်၊ အုတ်ကျောက်စုရာ၊ မသာပေထော သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[၁]

အနက်အဓိပ္ပာယ်[ပြင်ဆင်ရန်]

ဖဝါးစတွန်း တိုင်းရာတွင် တန်ခူးလ၌ သုံးဖဝါး၊ ကဆုန်လ၌ နှစ်ဖဝါး၊ နယုန်လ၌ တစ်ဖဝါး၊ ဝါဆိုလ၌ သုညဖဝါး၊ ဝါခေါင်လ၌ တစ်ဖဝါး? တော်သလင်းလ၌ နှစ်ဖဝါး၊ သီတင်းကျွန်လ၌ သုံးဖဝါး၊ တန်ဆောင်မုန်းလ၌ လေးဖဝါး၊ နတ်တော်လ၌ ငါးဖဝါး၊ ပြာသိုလ၌ ခြောက်ဖဝါး၊ တပို့တွဲလ၌ ငါးဖဝါး၊ တပေါင်းလ၌ လေးဖဝါးတွင် မွန်းတည့်သည်။ (စစ် = ၃၊ ကိုင်း = ၂၊ အ= ၁၊ နောက် = ၀၊ အုတ် = ၁၊ ကျောက် = ၂၊ စု = ၃၊ ရာ = ၄၊ မ = ၅၊ သာ = ၆၊ ပေ = ၅၊ လော = ၄)[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။