စင်ဒရဲလား

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
စင်ဒရဲလား နှင့် နတ်သမီးတွေ့စဉ်။

စင်ဒရဲလား[ပြင်​ဆင်​ရန်​]

စင်ဒရဲလားပုံပြင်ကို ပြင်သစ်စာရေးဆရာပဲရိုး ဆိုသူက ခရစ် ၁၆၉၇ ခုနှစ်ခန့်က ပထမဦးစွာ ပြုစုရေးသားခဲ့ လေသည်။ သို့သော် ထိုသူ မရေးသားမီကပင် ဤပုံပြင်ကို ရှေးစကားတစ်ခုအဖြစ် လူသိများလေသည်။ စင်ဒရဲလား၏ မြန်မာပြန်အနက်မှာ 'စားဖိုသည်မ'ဖြစ်သည်။

ဇာတ်လမ်းမှာ ဆင်းရဲသော်လည်း ရုပ်လှပသော စင်ဒရဲလားဆိုသူ မိန်းကလေး၏အကြောင်း ဖြစ်သည်။ မိထွေးနှင့် နေရသူ ဖြစ်သည်။ မိထွေးဖက်မှ အစ်မတော် များသည် စင်ဒရဲလားလောက် ရုပ်အဆင်းမလှကြသဖြင့် မနာလိုဖြစ်ကာ စင်ဒရဲလားအား မနားမနေ ခိုင်းစေထား လေသည်။

တစ်ခါသော် စင်ဒရဲလားသည် မင်းသားကလေးတပါး၏ ကပွဲသို့ အများနည်းတူ သွားရောက်လိုသောဆန္ဒ ဖြစ်ပေါ် လာ၏။ ထိုကပွဲသို့ သွားရောက်နိုင်ရန်အတွက် သူ့အား မိခင်သဖွယ် ကြင်နာသနားနေသော နတ်သမီးတစ်ပါးက ကူညီလေသည်။ နတ်သမီး၏တန်ခိုးဖြင့် ရွှေဖရုံသီးတလုံးကို လှပသော မြင်းရထားတစီး ဖြစ်စေပြီးလျှင် ကြွက်ဖြူကလေး များကို ကကြိုးတန်ဆာဖြင့် ဆင်ယင်သော မြင်းဖြူကြီးများ ဖြစ်လေသည်။ စင်ဒရဲလားအား ဝတ်စားတန်ဆာတို့ဖြင့် မင်းသမီး ကလေးတမျှ လှပတင့်တယ်စေ၍ ထိုမြင်းလှည်း ကလေးဖြင့် သွားရောက်စေ၏။ သို့သော် ညသန်းခေါင်ယံ မတိုင်မီ ပြန်ခဲ့ရမည်ဟု မှာလိုက်လေသည်။

ကပွဲတွင် မင်းသားကလေးသည် စင်ဒရဲလား၏ရူပါရုံကို စွဲဲလန်းသွား၏။ ည ၁၂ နာရီထိုးလုနီးအချိန်တွင် စင်ဒရဲလား သည် ကပွဲမှ နေအိမ်သို့ သုတ်သီးသုတ်ပြာ ပြန်ခဲ့ရာ ဖန်ဖိနပ် တစ်ဖက် ကျွတ်၍ကျန်ခဲ့လေသည်။

မင်းသားကလေးသည် ဖိနပ်ရှင်ကို တွေ့လျှင် ကြင်ယာ မြေ|ာက်မည်ဟု ကျေညာ၍ ဖိနပ်ရှင်ကို ရှာစေ၏။ နောက်ဆုံး၌ ဖိနပ်ရှင် စင်ဒရဲလားကို တွေ့ရှိသဖြင့် ကတိအတိုင်း ထိမ်းမြားလက်ထပ်လိုက်လေသည်။

အချို့က ဤပုံပြင်ကို သဘာဝကို တင်စားထားသော ပုံပြင်ဖြစ်သည်ဟု ဆိုကြသည်။ စင်ဒရဲလားသည် နံနက် အရုဏ်တက်ချိန် ဖြစ်၍၊ ညှင်းဆဲကလူ ပြုကြသူများမှာ ညအချိန်တွင် တက်လာသော တိမ်တိုက်များ ဖြစ်သည်။ နောက်ဆုံးတွင် စင်ဒရဲလားကို ကယ်ဆယ်သူ မင်းသားမှာ နေမင်းဖြစ်သည်ဟု ယူဆကြလေသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း အတွဲ(၃)