စင်ကာပူ စံတော်ချိန်
စင်ကာပူ စံတော်ချိန် (Singapore Standard Time (SST) သို့မဟုတ် Waktu Piawai Singapura (WPS) (တရုတ်: 新加坡标准时间)သည် စင်ကာပူနိုင်ငံတွင် အသုံးပြုသော စံတော်ချိန်ဖြစ်ပြီး GMT (UTC+08:00) ထက် ၈ နာရီ ရှေ့သို့စောသည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ဗြိတိသျှ မာလာယုလက်အောက်တွင်ရှိစဉ်က စင်ကာပူနိုင်ငံသည် မလေးရှား စံတော်ချိန်အား အသုံးပြုခဲ့ပြီး ဂရင်းနစ်စံတော်ချိန်ထက် ၇ နာရီ ၃၀ မိနစ်စောခဲ့သည်။
ဂျပန်တို့၏ သိမ်းပိုက်ခြင်းကို ခံခဲ့ရပြီးနောက်ပိုင်းတွင် မာလာယုကျွန်းဆွယ်၌ ၁၅ ဖေဖော်ဝါရီ ၁၉၄၂ ခုနှစ်မှစ၍ GMT+9 တွင်ရှိသော တိုကျို စံတော်ချိန်ကို အသုံးပြုခဲ့သည်။ တရားဝင် ထုတ်ပြန်ကြေညာမှုများကို တိုကျိုစံတော်ချိန်အရ ပြုလုပ်ခဲ့သော်လည်း စင်ကာပူတွင် မတူညီသော စံတော်ချိန် ၂ ခုကို အသုံးပြုလျက်ရှိသည်။ စင်ကာပူရှိ အိမ်များတွင် ၎င်းတို့ သိမ်းပိုက်ခြင်းမခံရမီက စံတော်ချိန်အား အသုံးပြုလျက်ရှိပြီး ၎င်းတို့၏ လက်ပတ်နာရီများတွင် တိုကျိုစံတော်ချိန်အား အသုံးပြုကြသည်။
ဒုတိယ ကမ္ဘာစစ်ပြီးဆုံးသွားပြီး မာလာယုကျွန်းဆွယ်သို့ ဗြိတိသျှတို့ ပြန်လည်ဝင်ရောက်လာချိန်တွင် စင်ကာပူ၌ စစ်မတိုင်မီက အချိန်ဇုန်အား အသုံးပြုခဲ့ကြသည်။
မလေးရှားနိုင်ငံ၏ စံသတ်မှတ်ချက်
[ပြင်ဆင်ရန်]၁၉၈၁ ခုနှစ်တွင် မလေးရှားနိုင်ငံတွင် နိုင်ငံ၏ နယ်မြေအားလုံး၌ စံအချိန်ဇုန်အဖြစ် သတ်မှတ်ခြင်းအားပြုလုပ်ခဲ့ပြီး UTC+08:00 အဖြစ်အသုံးပြုရန် ဆုံးဖြတ်ခဲ့ရသည်။ စင်ကာပူနိုင်ငံသည် ၎င်းတို့၏ အလုပ်ချိန်များနှင့် ခရီးသွားအချိန်များကို ထိုစံတော်ချိန်အား အသုံးပြုခဲ့သည်။ ထိုပြောင်းလဲမှု၏ အကျိုးသည် ၁ ဇန်နဝါရီ ၁၉၈၂ တွင် ၎င်းတို့ စံတော်ချိန်အား နာရီဝက်ရှေ့သို့တိုးခဲ့ပြီး GMT ထက် ရှေ့သို့ ၈ နာရီစောသော စံတော်ချိန်အား "စင်ကာပူစံတော်ချိန် (Singapore Standard Time)" (SST) အဖြစ်သတ်မှတ်ခဲ့ရာ ထိုစံတော်ချိန်သည် ဟောင်ကောင်၊ တိုင်ပေ၊ ဘေကျင်း၊ မနီလာ နှင့် ပါ့သ် စံတော်ချိန်များနှင့် တူညီခဲ့သည်။
အသုံးပြုခဲ့သော ကာလ
|
Time offset from GMT |
၁ ဇွန် ၁၉၀၅ – ၃၁ ဒီဇင်ဘာ ၁၉၃၂ | UTC+07:00 |
၁ ဇန်နဝါရီ ၁၉၃၃ – ၃၁ ဩဂုတ် ၁၉၄၁ | UTC+07:20 |
၁ စက်တင်ဘာ ၁၉၄၁ – ၁၅ ဖေဖော်ဝါရီ ၁၉၄၂ | UTC+07:30 |
၁၅ ဖေဖော်ဝါရီ ၁၉၄၂ – ၁၁ စက်တင်ဘာ ၁၉၄၅ | UTC+09:00 |
၁၂ စက်တင်ဘာ ၁၉၄၅ – ၃၁ ဒီဇင်ဘာ ၁၉၈၁ | UTC+07:30 |
၁ ဇန်နဝါရီ ၁၉၈၂ - လက်ရှိ | UTC+08:00 |
ပြင်ပလင့်များ
[ပြင်ဆင်ရန်]- Why is Singapore in the "Wrong" Time Zone?
- Singapore Standard Time Archived 25 December 2012 at Archive.is
- National Metrology Centre Archived 16 December 2013 at the Wayback Machine.