စက်မှုသင်တန်းကျောင်း(ဆင်တဲ)

ဝီကီပီးဒီးယား မှ

သင်ကြားမှုအထောက်အကူပြု စက်ပစ္စည်းကိရိယာနှင့် နည်းပညာများအတွက် ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံ၏ အထောက်အပံ့ကို German Agency for Technical Cooperation – GTZ / German Foundation for International Development - DSE အဖွဲ့အစည်းက စက်မှုဝန်ကြီးဌာနနှင့်အတူ ၁၉၇၇ ခုနှစ်မှစတင်၍ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ အမှတ်စဉ်(၁) သင်တန်းကို (၁-၁၂-၁၉၇၉) ရက်နေ့တွင် စတင် ဖွင့်လှစ်ခဲ့ပြီး နိုင်ငံခြားပညာရှင်များ (၄)နှစ်ခန့် နေထိုင်၍ လေ့ကျင့်သင်ကြားမှုများကို လမ်းညွှန် ပြသခဲ့သည်။ မြန်မာနည်းပြ (၂၀) ဦးကိုလည်း စာတွေ့ဘာသာသင်ကြားမည့် နည်းပြများအား (၁)နှစ်စီဖြင့် လည်းကောင်း၊ လက်တွေ့ ဘာသာသင်ကြားမည့် နည်းပြများအား (၂) နှစ်စီဖြင့် လည်းကောင်း ပြည်ထောင်စုသမ္မတဂျာမနီနိုင်ငံတွင် လေ့ကျင့်သင်ကြားပေးခဲ့သည်။

တည်နေရာ[ပြင်ဆင်ရန်]

စက်မှုသင်တန်းကျောင်း(ဆင်တဲ)သည် ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် တည်ရှိပြီး ရန်ကုန်မှ (၂⁠၂၇)ကီလိုမီတာအကွာတွင် တည်ရှိသည်။

အထောက်အပံ့တန်ဘိုး[ပြင်ဆင်ရန်]

ဂျာမန်မတ်ငွေ( ၂၅.၅၄၂ )သန်းနှင့် နိုင်ငံတော်မှ စိုက်ထုတ်ငွေ ဂျာမန်မတ်ငွေ (၁၀.၂၄၁)သန်း ဖြစ်သည်။

သင်တန်းကာလ[ပြင်ဆင်ရန်]

သင်တန်းကာလမှာအောက်ပါအတိုင်းဖြစ်သည် -

  1. သင်တန်းအမှတ်စဉ် (၁) မှ (၁၅) အထိ - ၃နှစ်
  2. သင်တန်းအမှတ်စဉ် (၁၆) မှ (၂၇) အထိ - ၂နှစ်
  3. သင်တန်းအမှတ်စဉ် (၂၈) မှ ယခုအမှတ်စဉ် (၃၃) အထိ - ၁ နှစ်
  4. သင်တန်းအမှတ်စဉ် (၃၂) အထိ သင်တန်းဆင်းပြီးဦးရေမှာ (၃,၅၀၆) ဦးဖြစ်သည်။

သင်ကြားသောဘာသာရပ်များနှင့် သင်တန်းသားအရေအတွက်[ပြင်ဆင်ရန်]

  1. စက်ကိရိယာကိုင်တွယ်မောင်းနှင်မှုသင်တန်း - ၃၀ ဦး

( Machine Tool Operator Course )

  1. ကိရိယာနှင့် ပုံနှိပ်ပုံပြုလုပ်သူသင်တန်း - ၁၅ ဦး

( Tool and Die Maker Course)

  1. စက်ရုံပစ္စည်းဖစ်တာသင်တန်း - ၃၀ ဦး

( Machinery Fitter Course )

  1. မော်တော်ယာဉ်မက္ကင်းနစ်သင်တန်း - ၃၀ ဦး

( Motor Vehicle Mechanic Course)

  1. လျှပ်စစ်ပညာသည်သင်တန်း - ၃၅ ဦး

( Electrical Fitter Course)

  1. (၆) လျှပ်စစ်စက်ပစ္စည်းထုတ်လုပ်သူသင်တန်း - ၃၅ ဦး

( Electrical Machine Maker Course)

  1. (၇) သွန်းလောင်းပုံသွင်းပုံစံထုတ်လုပ်သူသင်တန်း - ၁၅ ဦး

( Pattern Maker Course )

  1. (၈) စက်မှုပုံဆွဲသင်တန်း - ၁၀ ဦး

( Mechanical Draughtsman Course)

  1. စုစုပေါင်း သင်တန်းသားဦးရေ (၂၀၀) ဦး ဖြစ်သည်။