စက်ကိရိယာများ

ဝီကီပီးဒီးယား မှ
စီးကရက်လိပ်စက်

စက်ကိရိယာများ[ပြင်ဆင်ရန်]

လူ၏ယဉ်ကျေးမှု တိုးတက်လာခဲ့ရာ၌ မူလက လက်ဖြင့် ပင်ပန်းစွာ လုပ်ကိုင်ခဲ့ရသော အလုပ်များကို လက်သုံး ကိရိယာ တန်ဆာပလာတို့၏ အကူအညီဖြင့် တဖြည်းဖြည်း လုပ်ကိုင်ခဲ့ ကြ၏။ ထိုမှတစ်ဆင့် လက်သုံးကိရိယာ တန်ဆာပလာအတွက် သာလွန် ကောင်းမွန်သည့် စက်ကိရိယာများကို အသုံးပြုလာနိုင် ခဲ့ကြ၏။ ရူပဗေဒအရ လက်သုံးကိရိယာ တန်ဆာပလာတို့သည် ရိုးရိုးစက်များပင် ဖြစ်ကြ၏။ စက်ဆိုသည်မှာ ရှုပ်ထွေးခက်ခဲ သော လုပ်ငန်းတို့ကို လက်သုံးကိရိယာဖြင့် လုပ်သည်ထက် အချိန်တိုတိုနှင့် ပြီးစီးနိုင်စေသော ကိရိယာကို ဆိုလိုပေသည်။ စက်များတွင် လူအားကို အသုံးပြုရာ၌ လက်သုံးကိရိယာနှင့် ပြုလုပ်စဉ်ကကဲ့သို့ ပင်ပန်းစွာ အားမစိုက်ထုတ်ရတော့ပေ။ အချိန်ကုန်ရာ၌လည်း များစွာ သက်သာသည်။

ပထမဆုံးစက်မှာ ရေနွေးငွေ့မှ စွမ်းအင်အဖြစ်သို့ ပြောင်းလဲ နိုင်သည့်အခါ ပေါ်ပေါက်လာသော စက်ဖြစ်သည်။ ထိုရေနွေး ငွေ့အား အင်ဂျင်စက်များ ပေါ်လာသောအခါ ရှေးကလူမလုပ် နိုင်ခဲ့သည့် အလုပ်များကို ရေနွေးငွေ့မှရသော စွမ်းအင်ဖြင့် လုပ်ကိုင်နိုင်ခဲ့ကြ၏။ ခရီးသွားလာရာတွင် မီးရထား၊ မီးသဘေ‡ာ များဖြင့် ထိုအချိန်က မလျင်မြန်စဘူး ထူးကဲလျင်မြန်လှသော နှုန်းများနှင့် သွားလာနိုင်ခဲ့ကြ၏။ စက်ရုံလုပ်ငန်းတို့တွင်လည်း ရေးနွေးငွေ့ အင်ဂျင်စက်များဖြင့် မောင်းနှင် လုပ်ကိုင်နိုင်ခဲ့ကြ လေသည်။


ထိုမှတစ်ဆင့် ရေနွေးငွေ့အား အင်ဂျင်စက်ထက် ကောင်းမွန်သော အတွင်း မီးအား အင်ဂျင်စက်ကို ဖြစ်မြောက် အောင်မြင်ခဲ့ရာတွင် ဓာတ်ဆီ၏ စွမ်းအင်ကို လုပ်ရည်အဖြစ်သို့ လွှဲပြောင်း အသုံးချနိုင် ခဲ့ကြ၏။


လျှပ်စစ်ဓာတ် ပါဝါကို ထုတ်ယူရရှိနိုင်ခဲ့ကြသည့်အခါတွင် လျှပ်စစ်ဓာတ်ကို နေရာအနှံ့အပြားသို့ သွယ်ယူ အသုံးပြုနိုင်ခဲ့ကြ၏။


လျှပ်စစ်မော်တော်ကားများသည် ဓာတ်ဆီ မော်တော်ကားများထက် သာ၍ပင် အသုံးဝင်လာကြပေသည်။ အလွန်သေးငယ်သော မျဉ်းတံ အမှတ်အသားများ၊ နာရီမျက်နှာ ပြင်ပေါ်မှ မိနစ်ကွက်၊ စက္ကန့်ကွက်များ စသည်တို့ကို စက် ကိရိယာများဖြင့် တိကျစွာ ပြုလုပ်ပေးနိုင်ပေသည်။ ယခုခေတ် စက်ရုံများတွင် မော်တော်ကား အများအပြားကို နောက်ဆုံးပေါ် သိပ္ပံနည်းများအရ ပြုလုပ်လျက် ရှိသည်။ မြစ်လက်တက်များမှ ရေတို့သည် မြစ်မကြီး၌ ပေါင်းဆုံကာ ပင်လယ်ထဲသို့ စီးဝင်ကြ ကဲ့သို့ မော်တော်ကား အစိတ်အပိုင်းများလုပ်ရာ ဌာနခွဲများမှ လုပ်ပြီး မော်တော်ကား အစိတ်အပိုင်းတို့သည် ဗဟိုဌာနသို့ စုရောက်လာကြသည်။ ထိုဗဟိုဌာနတွင် မော်တော်ကား အစိတ် အပိုင်းများကို တစ်ခုနှင့်တစ်ခု နေရာတကျ တပ်ဆင်ပေး၍ မော်တော်ကား ဖြစ်မြောက်အောင် ပြုလုပ်ယူကြသည်။

စီးပွားရေးမျက်စိနှင့်ကြည့်လျှင် အလုပ်သမား ထောင်ပေါင်း များစွာတို့သည် စက်ကိရိယာတို့ဖြင့် လုပ်ကိုင်သော စက်ရုံများ ကို မှီခို၍ အသက်မွေးမြူနိုင်ကြ၏။ စက်ကိရိယာများ တိုးတက် မှုသည် လူအားကို သက်သာစေနိုင်သဖြင့် ရှေးကထက် ကုန် များကို များပြားစွာ ထုတ်လုပ်လာနိုင်၍ ကုန်ဈေးနှုန်းမှာလည်း တဖြည်းဖြည်း ကျဆင်း သက်သာလာရလေသည်။ ဈေးနှုန်း ကျ လာသည့်အမျှ ကုန်အလိုရှိသူ ဦးရေသည်လည်း တိုးပွားလာ၍ ကုန်ထုတ်ရာ၌ တွင်ကျယ်လာလေသည်။ သို့သော် ကုန်ထုတ် လုပ်ငန်းသည် လိုသည်ထက် ပိုလာ၍ ကုန်ဈေးနှုန်းများ အဆ မတန် ကျဆင်းလာသောအခါ စက်ရုံလုပ်ငန်းကို ထိခိုက်လာ လေသည်။ ထိုမှတစ်ဆင့် စက်ရုံအလုပ်သမားတို့ကိုပါ ထိခိုက် လေတော့သည်။ ထိခိုက်ပုံမှာ စက်ရုံတို့တွင် အလုပ်သမားဦး ရေမှာ လိုသည်ထက်ပိုနေ၍ စက်ရုံပိုင်ရှင်များသည် အလုပ် သမားတို့အား မသေရုံမျှ အခများကိုသာ ပေးနိုင်ကြသည်။ သို့ သော် ဤကဲ့သို့သော အဖြစ်မျိုးကို အလုပ်သမားများ ကြာရှည် စွာ မခံစားခဲ့ကြရချေ။ ထပ်မံ၍ တီထွင်မှုများ ပေါ်ပေါက်လာ သည့် စက်ရုံလုပ်ငန်းတို့တွင် လူလိုလာ၍ အလုပ်သမားတို့သည် မိမိတို့၏ နေရာဟောင်းများကို ရရှိကြပြန်လေသည်။ ယခုအခါ လုပ်ငန်းအသစ်တို့၏နယ်ပယ်မှာ ကျယ်ပြန့်သည်ထက် ကျယ် ပြန့် လာသည်ဖြစ်၍ ရှေးကထက် အဆပေါင်းများစွာ ပိုမို များပြားသော အလုပ်သမားတို့ကို အလုပ်ပေးနိုင်ပြီ ဖြစ်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း အတွဲ(၃)