စက်ကတုံးပင်
| စက်ကတုံးပင် | |
|---|---|
| Kamala tree (M. philippensis)[၁] | |
| မျိုးရိုးခွဲခြားခြင်း | |
| လောက: | Plantae |
| Clade: | Angiosperms |
| Clade: | Eudicots |
| Clade: | Rosids |
| မျိုးစဉ်: | Malpighiales |
| မျိုးရင်း: | Euphorbiaceae |
| မျိုးရင်းသေး: | Acalyphoideae |
| မျိုးဇာတ်: | Acalypheae |
| မျိုးဇာတ်သေး: | Rottlerinae |
| မျိုးစု: | Mallotus Lour. |
| Synonyms[၂] | |
| |
စက်ကတုံးပင်သည် နွေဥတုတွင် အရွက်ကြွေသောအပင်ကြီးမျိုး ဖြစ်သည်။ ရုက္ခဗေဒအမည်မှာ 'ထရု ဝီယာ နူဒီဖလိုရာ' (Trewia nudiflora)ဖြစ်သည်။ မျိုးရင်းမှာ 'ယူဖောဗီးယားစီအီး'(Euphorbiaceae) ဖြစ်သည်။ စက်ကတုံးပင်၏ အခေါက်သည် မွဲပြာရောင် ရှိသည်။ အရွက်များမှာ ကြက်ဥပုံသဏ္ဌာန်ရှိ၍ ချောမွှတ်သည်။ အကြောပေါင်း ၃ ခုမှ ၅ ခုထိ ရှိသည်။ ရွက်ညှာသည် ၁ လက်မမှ ၂ လက်မထိ ရှည်ပြီး မွေးနုတိုများ ရှိသည်။ ပန်းပွင့်များမှာ သေးငယ်သည်။ အရွက်ကြွေသည့် နေရာများ၌ အဖိုပွင့်များ ပွင့်သည်။ အမွေးထူပြီး တိုတုတ်သည့် ပွှင့်ညှာများတွင် အမပွင့်များ ပွင့်သည်။
ဝတ်ဆံမထိပ်သည် အလွန်ရှည်သည်။ အသီးမှာ ခွံမာသီးဖြစ်၍ သီးသီးအရွယ်ခန့် ရှိသည်။ အသီးသည် ချောမွှတ်၍ အသားများ သည်။ အစေ့လည်း များသည်။ မြန်မာနိုင်ငံ အထက်ပိုင်းနှင့် အောက်ပိုင်းရှိ ချောင်းများအနီးတွင် စက်ကတုံးပင်များကို တွေ့ရသည်။ စက်ကတုံးသားသည် ဖြူ၍ပျော့သည်။ တာရှည်လည်း အသုံးမခံချေ။ ထမ်းပိုး၊ စည်၊ ရုပ်တု၊ မီးခြစ်ဆံ၊ မီးခြစ်ဗူးများ ပြုလုပ်ရန်အတွက် ကောင်းသည်။ မြန်မာဆေးကျမ်းအလိုအားဖြးင့် စက်ကတုံးသည် သွေးငန်း၊ လေငန်း၊ သလိပ်ငန်းတို့ကို ပယ်နိုင်သည်ဟု အဆိုရှိ၏။[၄]
မှတ်စု
[ပြင်ဆင်ရန်]- ↑ One en:anagram of this genus name yields Wetriaria, another genus of Euphorbiaceae.[၃]
ကိုးကား
[ပြင်ဆင်ရန်]- ↑ 1897 illustration from Franz Eugen Köhler, Köhler's Medizinal-Pflanzen
- ↑ Kew World Checklist of Selected Plant Families။ 5 June 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 November 2021 တွင် ပြန်စစ်ပြီး။
- ↑ Burkhardt၊ Lotte (2018-06-06)။ Verzeichnis eponymischer Pflanzennamen - Erweiterte Edition. Index of Eponymic Plant Names - Extended Edition. Index de Noms éponymiques des Plantes - Édition augmentée (ဂျာမန်ဘာသာစကားဖြင့်)။ Botanic Garden and Botanical Museum Berlin, Freie Universität Berlin။ p. A7။ doi:10.3372/epolist2018။ ISBN 978-3-946292-26-5။
- ↑ မြန်မာ့စွယ်စုံကျမ်း အတွဲ(၃)