စကားပုံ ဆုံးမစာ (သူတော်ဦးနု)
ပုံပန်းသွင်ပြင်
စကားပုံ ဆုံးမစာ ကို သူတော်ဦးနု (ခရစ် ၁၉-ရာစု)က ရေးသားခဲ့သည်။
- ၁။ ဗုဒ္ဓဆာယာကိုတွယ်ရမည်၊ ယုတ်လှတာကို ပယ်ရမည်။ ဗုဒ္ဓဆာယာကိုတွယ်မှ အေးမြရာသည်။ ယုတ်လှတာကိုပယ်မှ ဘေးပကွာသည်။
- ၂။ သေရည်ကို မသောက်နှင့်၊ ရေကြည်ကို မနှောက်နှင့်။ သေရည်ကို သောက်ပါက အပါယ်ဘုံသို့ ကျတတ်သည်၊ ရေကြည်ကို နှောက်က အနယ်မှုန်တို့ ထတတ်သည်။
- ၃။ ထင်တိုင်းလည်း နှိပ်၍မဆိုနှင့်၊ ဝင်တိုင်းလည်း သိပ်၍မမျိုနှင့်။ ထင်တိုင်းနှိပ်၍ဆိုက ရန်အသွယ်သွယ်ပွားတတ်သည်။ ဝင်တိုင်းသိပ်၍မျိုက အန္တရာယ်များတတ်သည်။
- ၄။ အယုတ်တရားကို အလိုမရှိနှင့်၊ မဟုတ်စကားကို မဆိုဘိနှင့်။ အယုတ်တရားကို အလိုရှိက ဘဂဝါ၏ စကားကို ပယ်ရာကျချေသည်။ မဟုတ်စကားကို ဆိုဘိက သမာဓိတရားတို့ ကွယ်ပရလေသည်။
- ၅။ အမျိုးယုတ်သူ အဆင်းလှလျှင် သတိထား၊ တန်ခိုးနုတ်သူ ထမင်းဝလျှင် မကြည်စားနှင့်။ အမျိုးယုတ်သူ အဆင်းလှက ဇာဂတန်တတ်သည်။ တန်ခိုးနုတ်သူ ထမင်းဝက မာနထန်တတ်သည်။
- ၆။ မတော်ဘဲကို မဝယ်နှင့်၊ ခေါ်ဘဲကို မလယ်နှင့်။ မတော်ဘဲကို ဝယ်လေက သပြာဓန ရှုံးတတ်သည်။ မခေါ်ဘဲကို လယ်ချေက မကြာခဏ မုန်းတတ်သည်။
- ၇။ ခရီးကိုလည်း အပြင်းမသွားနှင့်၊ မီးကိုလည်း အကြွင်းမထားနှင့်။ ခရီးကို အပြင်းသွားက မှားတတ်သည်။ မီးကို အကြွင်းထားက ပွားတတ်သည်။
- ၈။ ဆရာပြောသမျှကို အပြီးမမှားလေနှင့်၊ အနာရောဂါကို မကြီးပွားစေနှင့်။ ဆရာပြောသမျှကို အပြီးမှားက မုချမှောက်တတ်သည်။ အနာရောဂါကို ကြီးပွားစေက ဒုက္ခရောက်တတ်သည်။
- ၉။ စကားစကားပြောဖန်များ၊ စကားထဲက ဇာတိပြ၍ မာနတံခွန် ထူတတ်သည်။ တရားတရားဟောဖန်များ တရားထဲက ပါဠိရ၍ ဒါနအလွန် လှူတတ်သည်။
- ၁၀။ သံသရာလောက၊ နှစ်ဝအကျိုး၊ ပွားတိုးစေမှု၊ အာရုံပြုလျက်၊ ဦးနုမည်ခေါ်၊ ငါသူတော်လျှင်၊ နာပျော်ဖွယ်ရာ၊ ဆုံးမစာကို၊ တကာ-တကာမ၊ မှတ်သားကြ၍၊ နေ့ညလေ့ကျက်ကြပါလော့။