စကားဇာစ်မြစ်ပညာရပ်

ဝီကီပီးဒီးယား မှ

စကားဇာစ်မြစ်ပညာရပ်[ပြင်ဆင်ရန်]

စကားတစ်လုံး၏ အရင်းအမြစ်ကို စစ်သော ပညာသည် အင်္ဂလိပ်ဘာသာဖြင့် အက်တီမော်လိုဂျီဟု မည်၏။ ထိုပညာမှာ စကားတလုံး၏အဓိပ္ပာယ် အမျိုးမျိုးပြောင်းလဲပုံ၊ အခြားဘာသာ စကားများနှင့် အဆက်အသွယ်ရှိပုံ၊ စကားလုံးများ တိုးတက် ပေါက်ပွားလာပုံ စသော စကားလုံး၏ သမိုင်းကို အရင်း အမြစ်မှ စ၍ လေ့လာခြင်းဖြစ်သည်။ ထိုပညာတွင် ဘာသာစကား ပညာရပ်လည်း အကျုံးဝင်၏။

စကားအရင်းအမြစ်ပညာမှာ ဆာဝီလျံဂျုန်းဆိုသူ (ခရစ် ၁၇၄၆-၁၇၉၄) ပညာရှိကြီးတစ်ဦးက ဥရောပတိုက်သို့ သက္ကဋဘာသာကို ယူဆောင်လာသောအခါ ကျမှ တိုးတက်လာသည်။ အက်တီမော်လိုဂျီပညာက စကား တစ်လုံး၏ ဆိုလိုရင်းကို ရှင်းရှင်းလင်းလင်းနှင့် ပြည့်ပြည့်စုံစုံ နားလည်နိုင်အောင် ကူညီ၏။ ထိုပြင် ခက်ခဲနက်နဲသော စကား လုံးနှင့် ရှည်လျားသောစကားလုံးတို့၏ အဓိပ္ပာယ်ကို ဖော်ရာ၌ လည်း ကူညီပေး၏။ ထိုကြောင့် ဘာသာစကား ကျွမ်းကျင်မှု တွင် အက်တီမော်လိုဂျီကို အထူးလေ့လာသင့်၏။[၁]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)