ငှက်ပျောဖူးသုပ်

ဝီကီပီးဒီးယား မှ

ငှက်ပျောဖူးသုပ် ဆိုသည်မှာ ငှက်ပျောဖူးကို ပြုတ်ကာ အသုပ်ပြုလုပ်ခြင်း ဖြစ်သည်။

ငှက်ပျောဖူးသုပ်နည်း[ပြင်ဆင်ရန်]

ငှက်ပျောဖူးကို နူးမြည့်လာသည်အထိ အဖူးလိုက် ရေလုံပြုတ်ပါသည်။ အိုးသေးလျှင် ငှက်ပျောဖူးကို ထက်ခြမ်းဝက်၍လည်း ပြုတ်နိုင်သည်။ နူးမြည့်လာလျှင် အအေးခံကာ အရွက်ကြမ်းများကို ဖယ်ပစ်ပြီး အထဲမှ အဖူးလေးများကို သေးသေးနုပ်နုပ်လှီးပါသည်။ အဖူးအတွင်းက ဝတ်ဆံတံမှာ မာသောကြောင့် ဖယ်ပစ်ပါသည်။ ငှက်ပျောဖူးအတွင်းသားပိုင်းမှအရွက်များသည် နုသဖြင့် မဖယ်ပစ်ဘဲ ထည့်လှီးပါသည်။ လှီးပြီးသား ငှက်ပျောဖူးပြုတ်ကို ရေညှစ်ထုတ်ပါသည်။ ကြက်သွန်နီဆီချက်၊ ပုစွန်ခြောက်မှုန့် ( အသက်သတ်လွတ် စားသူများအတွက် မြေပဲကြော်ထောင်း) ၊ ဆား ထည့်ကာ သံပရာသီးအရည်ညှစ်ပြီးနယ်ဖတ်ကာ သုပ်ပါသည်။ ငရုတ်သီးအစပ်ကြိုက်နှစ်သက်သူများက ငရုတ်သီးများထည့်ကာ စားသုံးနိုင်သည်။