ငွေလွှဲစနစ်၊ မြန်မာနိုင်ငံ

ဝီကီပီးဒီးယား မှ

ငွေလွှဲစနစ်၊ မြန်မာနိုင်ငံ[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ ငွေလွှဲစာစနစ်ဟောင်းကို တရားဝင်ရပ်ဆိုင်း ခဲ့ပြီး မြန်မာနိုင်ငံ ငွေလွှဲစာ စနစ်သစ်ဖြင့် အစားထိုးခဲ့သည်။ ငွေလွှဲ စာစနစ်သစ်ကို ၁၉၇၈ ခုနှစ် မေလ ၃ ရက် နေ့မှ စတင်၍ အကောင်အထည်ဖော် ကျင့်သုံးခဲ့လေသည်။

ငွေလွှဲ စနစ်သစ်အရ တီထွင်ခဲ့သော ငွေလွှဲစာတွင် လုပ် သားပြည်သူများ နားလည်နိုင်စေရန် မြန်မာစာကိုသာ အသုံးပြု ထားသည်။ ငွေလွှဲစာပုံစံတွင် အပိုင်းသုံးပိုင်းပါဝင်သည်။ ပထမ ပိုင်းကို ဆက်သွယ်ရေး စခန်းတွင် သိမ်းထားသည်။ ဒုတိယပိုင်း ကို ငွေပို့သူက သိမ်းထားနိုင်ပြီး တတိယပိုင်းသည် ငွေလွှဲစာဖြတ် ပိုင်း ဖြစ်သည်။ မြန်မာနိုင်ငံ ငွေလွှဲစာတွင် တန်ဖိုးနှင့် ငွေလွှဲခကို အပြီးရိုက်နှိပ်ထားသည်။

ငွေလွှဲစာများကို တန်ဖိုးအလိုက် အရောင်ခွဲခြား၍ ပုံနှိပ် ထားပြီး အက္ခရာအနောက်၌ ဂဏာန်းခြောက် လုံးပါရှိသည်။ ငွေ လွှဲစာတစ်ထုပ်လျှင် အရွက်တစ်ရာပါရှိသည်။ ငွေလွှဲခမှာ ငါး ကျပ်၊ တဆယ်နှင့် နှစ်ဆယ့် ငါးကျပ် တန်ဖိုးအတွက် ပြားငါး ဆယ်၊ ငါးဆယ်တန်အတွက် တကျပ်နှင့် တရာတန်အတွက် နှစ်ကျပ် ဖြစ်သည်။

ငွေလွှဲစာကို ခြောက်လအတွင်း ထုတ်ယူခွင့်ရှိသည်။ ခြောက်လကျော်လွန်ပြီးမှ ငွေထုတ်ပေးရန်တောင်း ခံလာပါက ဆယ့်နှစ်လမကျော်သေးလျှင် ဒုတိယအကြိမ်ငွေလွှဲခ ထပ်မံပေး ဆောင်စေပြီး ထုတ်ယူခွင့်ရှိသည်။ ဒုတိယ အကြိမ်ငွေလွှဲခကို ငွေလွှဲခနှင့် ညီမျှသော စာပို့ တံဆိပ်ခေါင်းများကို ငွေလွှဲစာ၏ နောက်ကျောတွင် ကပ်၍ပေးဆောင်ရသည်။ ဆယ့်နှစ်လကျော်မှ ငွေတောင်းခံလျှင် လုံးဝယူခွင့် ရမည်မဟုတ်ပေ။

သေဆုံးသူအမည်ပါ ငွေလွှဲစာများကိုမူ ငါးရာကျပ်မ ကျော်ပါက အငြင်းပွားမှုကင်းပါက သက်ဆိုင်ရာ တိုင်း၊ ပြည် နယ်ရှိ ဆက်သွယ်ရေးကော်ပိုရေးရှင်း မန်နေဂျာများထံ တင်ပြ တောင်းဆိုရမည်ဖြစ်သည်။ တောင်း ခံသူသည် အမှန်ခံစားခွင့်ရှိက ငွေထုတ်ယူနိုင်သည်။ ငါးရာကျပ်ကျော်ပါက ဆက်သွယ်ရေး ကော်ပိုရေးရှင်း ဦးဆောင်ညွန်ကြားရေးမှူးထံ တင်ပြတောင်းခံ ရမည် ဖြစ်လေသည်။

အရွယ်မရောက် သေးသူများ အမည်ဖြင့် ငွေထုတ်ယူ လိုက အခြေခံသဘောတရားကို နားလည်သော အရွယ်ဆိုလျှင် ကိုယ်တိုင်လက်မှတ်ထိုး ထုတ်ယူနိုင်သည်။ ငယ်လွန်းသူများကိုမူ မိဘ သို့မဟုတ်အုပ်ထိန်းသူ များက ဆက်သွယ်ရေး ကော်ပိုရေး ရှင်း စခန်းမှူး၏ အမိန့်အရ ထုတ်ယူနိုင်သည်။

ငွေလွှဲစာများ ပျောက်ဆုံးခြင်းသို့မဟုတ် ပျက်စီးခြင်း ကြောင့် တန်ဖိုးငွေများကို ထုတ်ပေးရန်လျှောက် ထားလိုသော် ငွေလွှဲစာ ဝယ်ယူသူက ငွေထုတ်ပေးမည့် စခန်းများသို့ လျှောက် ထားနိုင်သည်။ လျှောက်လွှာနှင့် အတူ ဝယ်ယူသူက သိမ်းထား သော လက္ခံဖြတ်ပိုင်းနှင့် ပျက်စီးနေသော ငွေလွှဲစာကို တင်ပြရ မည်။ ပျက်စီး သော ငွေလွှဲစာကို တင်မပြနိုင်က ငွေလွှဲစာအမှတ် တန်ဖိုးနှင့် ဝယ်ယူသော စခန်းအမည် နေ့စွဲတို့ကိုဖော်ပြ ထုတ်ယူ နိုင်လေသည်။

ငွေလွှဲစာစနစ်သစ်သည် လုပ်သားပြည်သူများ အတွက် အကျိုးရှိသည်။ ငွေလွှဲစာဝယ်ယူသူငွေပို့သူက မိမိကိုယ်တိုင်ဖြစ် စေ၊ လူကြုံနှင့်ဖြစ်စေ၊ မိမိနှစ်သက်ရာ နည်းလမ်းများဖြင့် ဖြစ်စေ ပေးပို့နိုင်သည်။ ထီလက် မှတ် ငွေစုလက်မှတ်များနည်းတူ ငွေလွှဲ စာများကို သတ်မှတ်ထားသော တန်ဖိုး ကော်မရှင်ခများပေး၍ ဝယ်ယူ ပြီး မိမိလက်ဝယ် ခြောက်လအထိ ထားနိုင်သည်။

မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ စာတိုက်တိုင်းတွင် ဝယ်ယူနိုင်ခြင်း၊ ငွေပြန်ထုတ်ယူနိုင်ခြင်း စာတိုက်မှ မှတ်ပုံတင် ပြုလုပ်ပေးခြင်း စသည်တို့ကြောင့် ငွေလွှဲစာစနစ်သစ်သည် လုပ်သားပြည်သူများ အသုံးပြုရာတွင် လွယ်ကူသော စနစ်ဖြစ်လေသည်။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)