မာတိကာသို့ ခုန်သွားရန်

ငွေနှင့်မိန်းမ စပ်လျဉ်းက၊ ရိုးကြသူပင် ဆန်း

ဝီကီပီးဒီးယား မှ

ငွေနှင့်မိန်းမ စပ်လျဉ်းက၊ ရိုးကြသူပင် ဆန်း သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[]

အဓိပ္ပာယ်

[ပြင်ဆင်ရန်]

ငွေနှင့်မိန်းမ၊ စပ်လျဉ်းက၊ ရိုးကြသူပင် ဆန်း ဆိုသည်မှာ အလွန်ရိုးသားသော ယောက်ျားပင်ဖြစ်စေကာမူ ငွေကြေး သို့မဟုတ် မိန်းမနှင့် ပတ်သက်လာလျှင် ထူးခြားသော အပြုအမူများ ပြုမူတတ်သည်ဟု ဆိုလိုသည်။ ဤဆိုရိုးစကားသည် လူတို့၏ စိတ်သဘောထားသည် အခြေအနေအချို့တွင် ပြောင်းလဲသွားနိုင်ကြောင်းကို ဖော်ပြသည်။ လူတို့သည် ငွေကြေး သို့မဟုတ် ဆန့်ကျင်ဘက်လိင်နှင့် ပတ်သက်လာပါက မူလ ကိုယ်ကျင့်တရားနှင့် သွေဖည်သော အပြုအမူများ ပြုလုပ်တတ်သည်။ အဘယ့်ကြောင့်ဆိုသော် ငွေကြေးနှင့် ဆန့်ကျင်ဘက်လိင်သည် လူတို့၏ စိတ်ကို အလွယ်တကူ လွှမ်းမိုးနိုင်သော အရာများဖြစ်သောကြောင့်ဖြစ်သည်။ ဤဆိုရိုးစကားသည် လူတို့၏ စိတ်ကို ထိန်းသိမ်းရန်နှင့် ကိုယ်ကျင့်တရားကို စောင့်ထိန်းရန် အရေးကြီးကြောင်းကို သွယ်ဝိုက်၍ သွန်သင်ထားသည်။

ကိုးကားချက်များ

[ပြင်ဆင်ရန်]
  • ငွေနှင့်မိန်းမ၊ စပ်လျဉ်းက၊ ရိုးကြသူပင်ဆန်းစမြဲတည်း ဆိုသော စကားသည် ကိလေသာကုန်ခန်း မဂ်နန်းခိုမှီး လောဘသက္ကာယမီးငြိမ်းသူတို့မှ လွဲ၍ ၃၁- ဘုံတွင် ကျင်လည်သူတိုင်းအတွက် ပေါ်ပေါက်လာခြင်းဖြစ်ရာ…၊ []
  • ငွေနှင့်မိန်းမ၊ စပ်လျဉ်းက၊ ရိုးကြသူပင် ဆန်း၏တည်း ဆိုစကားအရမည်မျှ ရိုးသားသည်၊ မည်မျှ သိက္ခာရှိသည်ဆိုသော်လည်း ငွေနှင့် မြှူက ကြည်ကြည်ဖြူဖြူ လိုက်လျောတတ်ကြသည်။ []

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
  2. [၁၃၀၂ -ခန့်] စနေမ။ ၁၁။ ကိုးကား အမှား - Invalid parameter "'sanayma11" in <ref> tag. The supported parameters are: dir, follow, group, name.
  3. [၁၃၁၈] ယဉ်ကျေးမှု၊ ၂၊၂။ ၉၀။ ကိုးကား အမှား - Invalid parameter "'yinkyayhmu2-2-90" in <ref> tag. The supported parameters are: dir, follow, group, name.