ငြိမ်းချမ်းရေး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ငြိမ်းချမ်းရေး ဆိုသည်မှာ ရန်လိုမှု နှင့် အကြမ်းဖက်မှုကင်းစင်လျက် လူမှုအသိုက်အဝန်း၌ ချစ်ကြည်မှုနှင့် သဟဇာတဖြစ်မှု သဘောတရားဖြစ်သည်။ လူမှုရေးသဘောတရားအရ လူတစ်ဦးချင်း သို့မဟုတ် မျိုးကွဲ (ပြည်ပ သို့မဟုတ် ကွဲပြားသော) အုပ်စုများအကြား (စစ်ပွဲကဲ့သို့) ပဋိပက္ခများကင်းစင်ခြင်း သို့မဟုတ် အကြမ်းဖက်မှုအား ထိတ်လန့် ကြောက်ရွံ့မှုမှ ကင်းဝေးခြင်းကို ရည်ညွှန်းရန် ငြိမ်းချမ်းရေးအား သုံးနှုန်းသည်။ ဒေသတွင်းငြိမ်းချမ်းရေး သော်လည်းကောင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသော်လည်းကောင်း ဖြစ်ပေါ်စေသည့် အပြုအမူစည်းထားရန် ငြိမ်းချမ်းရေး ဖော်ဆောင်ခြင်း နှင့် သံတမန်ရေးရာကို သဘောတူညီမှုအမျိုးမျိုး သို့မဟုတ် ငြိမ်းချမ်းရေးပဋိဉာဉ်များ ချုပ်ဆိုခြင်း အားဖြင့် ခေါင်းဆောင်များက သမိုင်းတလျောက် ကျင့်သုံးခဲ့သည်။ ယင်းအပြုအမူစည်းကြောင့် ပဋိပက္ခများ လျော့ကျလာခြင်း၊ စီးပွားရေးအပြန်အလှန်လုပ်ဆောင်မှု ၊ အကျိုးဆက်အားဖြင့် ကြီးပွားတိုးတက်ခြင်းများ ဖြစ်ပေါ်စေသည်။ အချင်းချင်းနားလည်မှုအား တိုးပွားစေခြင်းအားဖြင့် အလျော့အတင်းပြုစေနိုင်သော စဉ်းစားတွေးခေါ်မှု ပါသည့် အာရုံစိုက်နားထောင်မှု နှင့် ပြန်ကြားဆက်သွယ်ပြောဆိုမှု၏ ရလဒ်မှာ စစ်ပွဲ သို့မဟုတ် ရန်လို သဘောထား တင်းမာမှုများအား ရှောင်ရှားနိုင်ခြင်းဖြစ်သည်။ ငြိမ်းချမ်းရေးစကားဝိုင်း နှင့် ပဋိညာဉ်များမှတဆင့် ခေါင်းဆောင်အတွက် နာမည်ကျော်ကြားရေပန်းစားခြင်းကဲ့သို့ အကျိုးအမြတ်ရှိသည်။