ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး အခြခံမူ(၅)ချက်

ဝီကီပီးဒီးယား မှ

ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး အခြခံမူ(၅)ချက်

ငြိမ်းချမ်းရေးစွာအတူယှဉ်တွဲအနထိုင်ရေး အခြေခံမူ ငါးချက်၏သည် မြန်မာနိုင်ငံတွင် ဘန်ဒေါင်းမူငါးရပ်ဟု လူသိများသည်။ ပါလီမန်ဒီမိုကရေစီခေတ် ဦးနု ဝန်ကြီးချုပ်တာဝန်ယူစဉ်ကာလတွင် ပေါ်ပေါက်ခဲ့သော သဘောတူညီမှုဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်းမြို့ညီလာခံတွင် သဘောတူစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ အာရှ၊ အာဖရိက နိုင်ငံပေါင်း ၂၉ နိုင်ငံက အတည်ပြုခဲ့ကြသည်။

  1. နိုင်ငံတစ်နိုင်ငံ ပိုင်နက်နယ်ပယ် တည်တံ့ရေးနှင့် အချုပ်အခြာအာဏာကို အခြားတစ်နိုင်ငံက လေးစားရန်၊
  2. တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကျူးကျော်တိုက်ခိုက်ခြင်း မပြုရန်၊
  3. တစ်နိုင်ငံနှင့် တစ်နိုင်ငံ ပြည်တွင်းရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြု
  4. တစ်နိုင်ငံနှင့် တစ်နိုင်ငံ အဆင့်အတန်းချင်း တူညီမှုရရှိရန်နှင့် နှစ်ဦးနှစ်ဝ အကျိုးဖြစ်ထွန်းရန်၊
  5. နိုင်ငံရေးဝါဒအချင်းချင်း ကွဲလွဲစေကာမူ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ငြိမ်းချမ်းစွာ အတူတကွ ပေါင်းသင်းဆက်ဆံနိုင်စေရန်၊

ဆိုသည့် အခြေခံမူငါးချက်ကို သဘောတူခဲ့ကြသည်။