ငုံးဆူ လူမသိ
ပုံပန်းသွင်ပြင်
ငုံးဆူ လူမသိ ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။
ရှင်းလင်းချက်
[ပြင်ဆင်ရန်]ငုံးသည် ဆူဆူညံညံ အော်မြည်တတ်သော်လည်း အကောင်သေးငယ်သည့်အပြင် မမြင်သောအောင် ပုန်းအောင်းနေတတ်၍ ငုံးဆူသံကို လူတို့မသိသကဲ့သို့ မိမိရင်တွင်း၌ ပူပင်သောက ဆူဝေနေသော်လည်း ပိပိရိရိ နေခြင်းဖြင့် အများက မသိနိုင်ပေ။
မူလရင်းမြစ်
[ပြင်ဆင်ရန်]- "ပြီးခဲ့သော ကိစ္စများကိုသာ အဖန်တလဲလဲ စားမြုံ့ပြန်ရင်း ငုံးဆူ လူမသိ အုံ့ပုန်းပူမိလျက်သာ အောင့်သက်သက် ဝေဒနာကြီးကို အစွမ်းကုန် ခံစားနေရပါတော့သည်။" [၁၃၁၀] ဂျာနယ်ကျော်၊ ၁၃၊ ၄။ ၉။
- "စွဲလမ်းတဲ့စိတ်နဲ့ အတွင်းကျိတ် ပူရသူမှာတော့ ငေါင်းဆူ လူမသိဆိုတာလို ရွက်အုပ်သီး အပူမိနေတာများ နည်းနည်းမှ မရိပ်မိရော့လေသလား။" [၁၂၉၄] ဒဂုန်၊ ၁၄၂။ ၁၁၇။
ဆိုလိုရင်းတူညီသောအခြားစကားပုံ
[ပြင်ဆင်ရန်]- ငေါင်းဆူ လူမသိ ဟူ၍လည်း အသုံးရှိသည်။