ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်

ဝီကီပီးဒီးယား မှ

ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ရေငုပ်လျှင် သဲတိုင်အောင်ငုပ်၊ သစ်ပင်တက်လျှင် အဖျားတိုင်အောင် တက်သကဲ့သို့ အလုပ်တစ်ခုကို မဆုတ်မနစ်သော ဇွဲဖြင့်လုပ်လျှင် ဆုံးခန်းတိုင် ပြီးမြောက်သည်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "မညောင်းမကျင်၊ သစ်ပင်အဖျား၊ ငုပ်သွားသဲထိ၊ လုပ်မိကနား၊ ရှောင်ရှားမညှာ၊ လိုရာဖြစ်စေ၊" [၈၅၃] ပါမီ ၁၀၃။
  • "ဟယ် ငုပ်မိသဲတိုင်၊ တက်နိုင်ဖျားရောက်၊ ဘယ်အတွက် ကြောက်ရမတုံး။" [၁၂၇၅] စံပယ်။ ၅၀။
  • "ငုပ်မိသဲတိုင်၊ တက်နိုင်ဖျားရောက် အစွမ်းပေါက်သော လုံ့လဝီရိယ ..." [၁၂၉၆] မဉ္စရီ၊ ဒု၊ ၁၃၆။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစကားပုံ (စတုတ္ထအကြိမ်တည်းဖြတ်ထုတ်ဝေခြင်း ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ ဇွန် ၂၀၀၈။ p. နှာ-၅၆။