ငိုချင်လျက် လက်တို့

ဝီကီပီးဒီးယား မှ

ငိုချင်လျက် လက်တို့ ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ငိုတော့မည့်ဆဲဆဲ ကလေးငယ်သည် လက်ဖြင့် အတို့ခံရရုံမျှဖြင့် ငိုဖြစ်သွားသကဲ့သို့ တစ်စုံတစ်ရာပြုလုပ်ရန် ထက်သန်နေသူ တစ်ဦးကို အနည်းငယ် တို့လိုက်ရုံမျှဖြင့် လုပ်ဖြစ်သွားသည်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "နှစ်ယောက်ကယ်မိခင်၊ ရပ်ရွာကို မြင်သောအခါ၊ ငိုချင်လျက် သူငယ်ကို လက်တို့ကာ ပြယ်သည့်နှယ်၊" [၁၂၂၅]ခန့် ပုည။ ၁၆၀။
  • "မေညွန့်မှာ ငိုချင်လျက် လက်တို့လိုက်သလို နဂိုက ဝမ်းနည်းနေရာတွင် ချစ်သူက ဤသို့ မေးသောအခါတွင် သာလွန်ဝမ်းနည်းပြီး" [၁၂၉၃] ဒဂုန်၊ ၁၂၊ ၁၄၅။ ၄၁။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစကားပုံ (စတုတ္ထအကြိမ်တည်းဖြတ်ထုတ်ဝေခြင်း ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ ဇွန် ၂၀၀၈။ p. နှာ-၅၅။