ငါး မရ ရေချိုး ပြန်

ဝီကီပီးဒီးယား မှ

ငါး မရ ရေချိုး ပြန် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ငါး ရှာသူသည် ငါး မရေသော်လည်း လာရကျိုး နပ်စေရန် ရေချိုး၍ ပြန်သကဲ့သို့ ရည်ရွယ်ရင်းအကျိုး မပြီးမြောက်သော်လည်း အချည်းအနှီး မဖြစ်စေရန် အခြား လွယ်လွယ်ကူကူ ရနိုင်သော အကျိုးကို ရယူခံစားသည်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "ငါး မရလျှင် ရေချိုး ပြန်တော့ဟု သာသာထိုးထိုးနှင့် နှင်တတ်သော ပညာတွင် စမ်းစမ်းစိမ့်က ကျောင်းမတက်ဘဲ လက်တွေ့ ကွင်းဆင်းရင်း အောင်လက်မှတ်ရပြီး ဖြစ်သည်။" [၁၃၃၂] မြဝတီ၊ ၁၈၊ ၆။ ၁၇၅။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစကားပုံ (စတုတ္ထအကြိမ်တည်းဖြတ်ထုတ်ဝေခြင်း ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ ဇွန် ၂၀၀၈။ p. နှာ-၅၄။