ငါးလွှတ်ပွဲ

ဝီကီပီးဒီးယား မှ

ငါးလွှတ်ပွဲ[ပြင်ဆင်ရန်]

ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုး အများစုက နှစ်ဆန်းတစ်ရက်နေ့တွင် ဇီဝိတဒါနအလှူပွဲများ စုပေါင်းကျင်းပလေ့ရှိကြရာ ထင်ရှားသော ပွဲတစ်ပွဲမှာ ငါးလွှတ်ပွဲ ဖြစ်သည်။ ရန်ကုန်မြို့ ဘောက်ထော်ရပ် ကန်ဘဲ့ရွာ တောင်ပိုင်းတွင် မစ္ဆသမူဟ အဘယဒါနအသင်းခေါ် ငါးလွှတ်ပွဲကျင်းပရန် အသင်းတစ်သင်းပင် ဖွဲ့စည်းထားခဲ့သည်။ ယင်းအသင်းကို ၁၉၂၆ ခုနှစ်ကပင် ဖွဲ့စည်းခဲ့သည်။ ၁၃၀၀ ပြည့်နှစ်ဆန်း တစ်ရက်နေ့ကဆိုလျှင် ၁၃ ကြိမ်မြောက် ငါးလွှတ်ပွဲအဖြစ် လှည်းများဖြင့် ကခုန်တီးမှုတ်ကြလျက် အင်းလျားကန်သို့ သွားရောက်ကာ ငါးလွှတ်ပွဲ ကျင်းပခဲ့ကြကြောင်း (၂၃-၄-၁၉၃၈) ရက်စွဲပါ သူရိယသတင်းစာတွင် သတင်းဖော်ပြ ပါရှိသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. (၂၃-၄-၁၉၃၈) ရက်စွဲပါ သူရိယသတင်းစာ