ငါးလွန်မှ ကွန်စွန့်

ဝီကီပီးဒီးယား မှ

ငါးလွန်မှ ကွန်စွန့် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ငါး အဝေးသို့ ရောက်သွားသောအခါမှ ငါးဖမ်းရန် ကွန်ပစ်သကဲ့သို့ အချိန်အခါ ကုန်လွန်သွားခါမှ အားထုတ်လုပ်ကိုင်သည်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "သူမိုက်တို့ ဉာဏ်ပေါက်မှာ၊ စစ်ရောက်မှမြားချွန်၊ မိုးလွန်မှထွန်ချငြား၊ ငါးလွန်မှ ကွန်စွန့်မျိုး။" [၁၁၈၀] ဥက္ကံ။ ၂၅။

ဆိုလိုရင်းတူညီသောအခြားစကားပုံ[ပြင်ဆင်ရန်]

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစကားပုံ (စတုတ္ထအကြိမ်တည်းဖြတ်ထုတ်ဝေခြင်း ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ ဇွန် ၂၀၀၈။ p. နှာ-၅၅။