ငါးရိုးမျက် လက်တို

ဝီကီပီးဒီးယား မှ

ငါးရိုးမျက် လက်တို ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

လည်ချောင်း၌ စူးနေသော ငါးရိုးကို လက်ဖြင့် နှိုက်ထုတ်ယူရန် ကြိုးပမ်းသော်လည်း လက်တိုသဖြင့် မထုတ်ယူနိုင်သကဲ့သို့ ဖြစ်မြောက်နိုင်သည့်နည်းလမ်းကို သိ၍ ဆောင်ရွက်လိုပါလျက် မဖြည့်ဆည်းနိုင်သည့် ချို့တဲ့မှုကြောင့် မဆောင်ရွက်နိုင်ဖြစ်သည်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "ဆင်ခြင်လေ ဉာဏ်မကိုးနှင့်၊ ငါးရိုးမျက် လက်တို၊ မတော်လျှင် အကော်ခက်နိုင်မျှ၊ အိမ်ထောင်ဖက် လေးတဲ့ဝန်ကို၊" [၁၂၈၀-ခန့်] ဂီပေါင်း။ ၂၃၅။
  • "အရေးကြုံလာလျှင် ငါးရိုးမျက် လက်တို ဆိုသကဲ့သို့ အခက်ကြုံနေကြစမြဲပေပေါ့။" [၁၂၉၃] ဒဂုန်၊ ၁၂၊ ၁၄၄၊ ၂၄၅။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစကားပုံ (စတုတ္ထအကြိမ်တည်းဖြတ်ထုတ်ဝေခြင်း ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ ဇွန် ၂၀၀၈။ p. နှာ-၅၄။