ငါးမြင်း

ဝီကီပီးဒီးယား မှ
ငါးမြင်း (Proeutropiichthys taakree)

ငါးမြင်း (Proeutropiichthys taakree) ၏ ပါဏဗေဒအမည်မှာ 'ပရန်တြိုပီအစ်ခသစ် တက္ကရီ'(Proeutropiichthys taakree)ဖြစ်သည်။ အသွင်အားဖြင့် ငါးမြင်းသည် ငါးမြင်းက ကလောင်နှင့်တူ၏။ သို့သော် ငါးမြင်းကလောင်ထက်ပိုရှည်၍ ဦးခေါင်းသည်လည်း ပိုချွန်၏။ အထက်မေးရိုးနှင့် အောက် မေးရိုးတို့ရှိ နှုတ်သီးမွေးများသည် ငါးမြင်းက ကလောင်မှာ ထက်ရှည်လေ၏။ စအိုဆူးတောင်သည် အမြီးဆူးတောင်နှင့် ထိလုနီးပါး ရှည်လျား၏။ ငါးသံချိန် ငါးမြင်းအုပ်ဖားတို့မှာ ငါးမြင်းနှင့် အမျိုးတူ အမည်ကွဲဖြစ်၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)