ငါးမျှားခြင်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ငါးမျှားကြိုးဖြင့် ငါးမျှားနေပုံ

မြေပြင်၌ တောလိုက်သူသည် မိမိလိုက်လံပစ်ခတ်သည့် သားကောင်များ၏အကြောင်း၊ တော၏ အကြောင်းကို သိထား ရပြီးလျှင် မိမိအသုံးပြုသော သေနတ် အစရှိသော လက်နက် များကို ကျွမ်းကျင်နိုင်နင်းစွာ ပစ်ခတ် ကိုင်တွယ်တတ်ရန် လိုသကဲ့သို့ ငါးမျှားသူတို့သည်လည်း မိမိရှာဖွေ ဖမ်းဆီးရမည့် ငါးအကြောင်း၊ အင်း၊ အိုင်၊ ချောင်း၊ မြောင်း အကြောင်းတို့ကို နားလည်ထားပြီးလျှင် မိမိကိုင်တွယ်မည့် ငါးမျှားတံ၊ ငါးမျှား ကြိုး၊ ငါးမျှားချိတ် စသည်တို့ကိုလည်း ကောင်းမွန်နိုင်နင်းစွာ ကိုင်တွယ် အသုံးပြုတတ်ရန် လိုပေသည်။ ငါးမျှားရာတွင် ၁၁ ပေမှ ၁၃ ပေအထိ ရှည်သော ငါးမျှား တံ၌ ခိုင်မာပျော့ပျောင်းသော ကြိုးကိုတပ်ပြီးလျှင် ထိုကြိုးအဖျား ၌ ငါးမျှားချိတ်ကို တပ်ရ၏။ ထိုငါးမျှားချိတ်တွင် ငါးကို မျှားရန်အတွက် အစာတပ်၍ ရေ၌ချထားရသည်။ ရေ၌ ချရာတွင် ရေ၏ အတိမ်အနက်ကို ချင့်၍ မိမိ၏ ငါးမျှားချိတ် ရောက်စေလိုသသော နေရာနှင့် ရေမျက်နှာပြင် အကွာအဝေး လောက်တွင် ရေပေါ်၌ ပေါလောပေါ်နေသော ဖော့များတပ်၍ ငါးဟပ်သည်မဟပ်ကို စောင်ကြည့်နေရလေသည်။ ငါးစာအဖြစ် တီကောင်၊ ယင်ကောင်နှင့် အခြားပိုးမွှားများ၊ ငါးငယ်ကလေး များကို အသုံးပြုနိုင်သည်။ စနစ်တကျ ပြုလုပ်ထားသည့် ငါးမျှားတံတွင် ကြိုးအတိုအရှည်ကို လိုသလောက် ရစ်ယူနိုင်ရန် ရစ်လုံးငယ်တစ်ခုကို အရင်းတွင် တပ်ဆင်ထားသည်။ ငါးမျှားရာတွင် အချုပ်အားဖြင့် မြစ်ချောင်း အစရှိသည့် ရေချို၌ မျှားခြင်း၊ (၁) ရေမျက်နှာပြင်ပေါ်၌ မျှားခြင်း၊ (၂) ရေ မျက်နှာပြင်နှင့် ရေအောက်ခြေ၏ အလယ်၌မျှားခြင်း၊ (၃) ရေအောက်ခြေ၌ မျှားခြင်းဟူ၍ သုံးမျိုးခွဲထားပြန်သည်၊ ရေပြင် နှာပြင်ပေါ်၌ မျှားခြင်းတွင် အစာတပ်ထားသော ငါးမျှားချိတ် ကို ရေမျက်နှာပြင်၌ ရှိနေစေခြင်းဖြစ်၍ အသုံးပြုရသော ငါးစာ မှာ ယင်ကောင်နှင့် အခြားပိုးမွှားဖြစ်သည်။ ငါးများသည် ရေ ပေါ်၌ ကျနေသော ပိုးမွှားကို ဟပ်၍ စားတတ်သဖြင့် ထိုကဲ့သို့ ရေမျက်နှာပြင်ပေါ်ရှိ အစာတပ် ငါးမျှားချိတ်ချသောနည်းသည် ငါးအများကို ဖမ်းမိတတ်သောနည်း ဖြစ်သည်။ ဒုတိယနည်းဖြစ်သော ရေလယ်၌ မျှားနည်းတွင် ဆိုခဲ့သည့် နည်းအတိုင်း အစာတပ်ထားသည့်ချိတ်ကို ရေလယ်၌ ထားခြင်း ဖြစ်၍ အသုံးပြုသောအစာမှာ ရေသတ္တဝါအငယ်စားကလေးများ ဖြစ်သည့် ငါးငယ်၊ ရေပိုးမွှားကလေးများ ဖြစ်သည်။ ငါးတို့ သည် ရေ၌တွေ့သော မိမိနိုင်နင်းသည့် သတ္တဝါမှန်သမျှကို ဟပ်မျို၍ စားတတ်သောကြောင့် ငါးမျှားချိတ်များ၌ မိတတ် လေသည်။ အောက်ခြေ၌မျှားရာတွင် ငါးမျှားချိတ်ကို ရေအောက် ခြေအထိ ချ၍မျှားခြင်း ဖြစ်၏။ အသုံးပြုသည့်ငါးစာမှာ တီကောင် ဖြစ်၏။ တီကောင် စားတတ်သောငါးများသည် ရေအောက်ခြေ၌သာ အစာရှာကြပေမည်။ ထိုကဲ့သို့ ရေ၏ အနေအထားနှင့် ရေသတ္တဝါများ၏ သဘောကို သုံးသပ်ကာ နည်းအမျိုးမျိုးဖြင့်လှည့်၍ အသုံးချတတ်သောကြောင့် ငါးမျှား ခြင်းသည် အတတ်တစ်ခုဟု ဆိုနိုင်ပေသည်။ ပင်လယ်သို့ထွက်၍ ငါးမျှားခြင်းသည် ရေချို၌မျှားခြင်း ကဲ့သို့ပင် ကျွမ်းကျင်မှုလိုသော်လည်း ရေချင်းမတူသကဲ့သို့ ငါး များ၏ သဘာဝမှာလည်း ရေချိုငါးများနှင့် များစွာ ကွာခြား သောကြောင့် ပိုမိုခိုင်မာသော ကိရိယာများနှင့် ကျွမ်းကျင်မှု လို ပေသည်။ ပင်လယ်ဖက်တွင် မြစ်၊ ချောင်း၊အင်းအိုင်များ၌ကဲ့သို့ မဟုတ်ဘဲ အလွန်ကြီးသောငါးများကို ချိတ်တွင်မိတတ်ရာ အခက်အခဲနှင့် မကြာခဏ တွေ့ရတတ်သဖြင့် ငါးမျှားတံ၊ ငါးမျှားကြိုးနှင့် ချိတ်များကို ပိုမိုခိုင်ခံ့အောင် ပြုလုပ်ရပေသည်။ ငါးမျှားချိတ်ချနည်းသည် အချို့နေရာများ၌ ရေချို၌ မျှားသကဲ့ သို့ပင် ရေမျက်နှာပြင်ပေါ်၌ မျှားခြင်း၊ ရေလယ်၌မျှားခြင်း၊ အောက်ခြေ၌ မျှားခြင်းဟူ၍ သုံးမျိုးပင်ရှိသော်လည်း ပင်လယ် ဘက်၌ အချိန်အခါ ရာသီဥတုနှင့် နေရာဌာနတို့အလိုက်သာ လျှင် အသုံးပြုနိုင်လေသည်။ ပင်လယ်ဖက်၌ ငါးမျှားထွက်သူ တို့သည် အကြောင်းအားလျော်စွာ အလွန်ကြီးမားသော ငါးကြီးများကို ချိတ်မိလျှင် ထိုငါးကြီးများကို လှေပေါ်သို့ ဖြစ်စေ၊ ကုန်းပေါ်သို့ ဖြစ်စေ၊ အရောက်ဆွဲတင်နိုင်ရန် ခဲယဉ်း လေသည်။ ၁၉၄၁ ခုနှစ်တွင် 0x100သစတြေလျကျွန်းအနီးတွင် ၁၉၁၉ ပေါင် အလေးချိန်ရှိသော လူသားစားတတ်သည့် ငါးကြီးတစ်ကောင်ကို ငါးမျှားတံ ကိရိယာနှင့်ပင် ဆွဲတင်ရရှိခဲ့ ဘူး၏။ သို့သော် ထိုကဲ့သို့သော ငါးကြီးများကို ဖမ်းမိခဲသည်။ အင်အားကြီးမားသော ငါးကြီးများသည် ချိတ်၌မိနေသည့် တိုင်အောင် လှေသို့ တင်၍ မရနိုင်ရုံမက ငါးမျှားသူ၏လှေကို ပင် ဆွဲယူသွားတတ်လေသည်။ ထိုအခါမျိုးတွင် မြေပြင်၌ တောလိုက်သည့်အခါ အင်အားကြီးမား၍ လက်နက်အားနှင့် မမျှသော ဆင်ကြီးများ၊ ပြောင်ကြီးများ အစရှိသည်ဖြင့် တိရစ္ဆာန်ကြီးများနှင့် တွေ့သောအခါ တောလိုက်သူအဖို့ ဘေး အန္တရာယ်များသကဲ့သို့ပင် ဖြစ်ချေသည်။ ရေချို၌ ငါးမျှားသူတို့သည် ငါးခုံးမ၊ ငါးပြေမမှအစ ငါးသိုင်း၊ ငါးကြင်း၊ ငါးထွေနှင့် ငါးသလောက်များကိုသာ ရနိုင်ရာ ပင်လယ်သို့ထွက်၍ မျှားသူများသည် အများအားဖြင့် ပင်လယ်ငါးကြီးများကို ဖမ်းမိကြသည်။ ငါးမျှားတံ၊ငါးမျှားကြိုး၊ ငါးမျှားချိတ်များဖြင့် ကြီးမားသော ငါးကြီးများကို မိအောင် ဖမ်းရခြင်း၊ နိုင်အောင်ဆွဲတင်ရခြင်းမှာ အံ့0x100သစရာပင်ဖြစ်ရာ ကျွမ်းကျင်မှုရှိလာသောအခါ သေးငယ်သောငါးမျှား ကိရိယာ ကလေးများဖြင့်ပင် ငါးမျှားသူ၏နှစ်ကိုယ်စာမျှရှိသော ငါးကြီး များကိုရအောင် ဖမ်းယူနိုင်၏။ မြန်မာနိုင်ငံ၌ ငါးမျှားရာတွင် အရှင်းဆုံးနှင့် အရိုးဆုံး ငါးမျှားနည်းမှာ ကိုင်းထောက်ခြင်း ဖြစ်သည်။ ထိုနည်းသည် ဝါး သို့မဟုတ် ကြိမ် ငါးမျှားတံကို ကမ်းစပ်၌ဖြစ်စေ၊ ရေတိမ် ၌ ဖြစ်စေ အသေထောက်၍မျှားခြင်း ဖြစ်သည်။ ငါးမျှားချိန် ၆ ခု ထက်မများ တပ်ထားသော ငါးမျှားကြိုးကို ငါးမျှားတံ၌ ချည်ထားပြီးလျှင် ငါးစာတပ်၍ မျှားရသည်။ ဖွဲဲနုလုံး၊ ဖားငယ်၊ ငှက်မွေးနှင့် ငဖြင်းသလက်နှင့် ငှက်မွေးတို့ကို ငါးရံ့နှင့် ငမြင်းရင်းဖမ်းရန် အသုံးပြုသည်။ ကိုင်းမထောက်ဘဲ ငါးမျှားချိန်အများပါသော ငါးမျှားကြိုးကို လှေလှော်စဉ် ရေသို့ချကာ မျှားခြင်းကို လက်တွန်းဟု၎င်း၊ လက်သပ်ဟု၎င်း၊ သပ်မျှားဟု၎င်း၊ ချိတ်ဟု၎င်း အမျိုးမျိုး ခေါ် ကြသည်။ အကယ်၍ ထိုနည်းအတိုင်း ငှက်မွေးကို ငါးစာ ဟပ်၍ ငမြင်းရင်းကိုမျှားက ဗွတ်ဟု၎င်း၊ ဗန်းဟု၎င်း၊ စကြာ မျှားဟု၎င်း ခေါ်ဆိုကြပြန်သည်။ ငါးစာချကာ ငါးမျှားကြိုးတွင် ဝါးဆစ်ဖော့ချည်၍ မျှားသော အခါ ငါးမျှားစကြာ၊ တိုင်ထောင်ငါးများ၊ ခြင်းပဲ့ဟု အမျိုးမျိုး ခေါ်ကြသည်။ ထိုနည်းတွင် စိုက်ထားသော တိုင်ခြေ၌ ရွှံ့စေးနှင့် ဖွဲဲနုရောထားသော ငါးစာပါသည့် ခြင်းကို ချည်ထားသည်။ တိုင်ထိပ်၌ ငါးမျှားကြိုးနှင့် ချည်ထားသည့် ဝါးဆစ်ဖော့ တင်ထားရသည်။ ငါးမျှားကြိုးတွင် ငါးမျှားချိတ်သုံးခုရှိ၍ ယင်းတို့ကို ခြင်း၏ ရှေ့နားတွင် တွဲလောင်းချထားသည်။ ထိုငါးမျှားနည်းတွင် တိုင်ထိပ်နှင့် ဝါးဆစ်ဖော့တို့သာ ရေပေါ်၌ ပေါ်နေကြသည်။ ငါးမျှားချိတ်တွင် ငါးတိုးသော အခါ တိုင်ထိပ်မှ ဝါးဆစ်ဖော့သည် လွတ်ကျကာ ငါးဆွဲသို့ ပါသွားသည်။ ငါးကြင်းမျှားရန်အတွက် ငါးမျှားစကြာကို အသုံးများသည်။ ရေနက်ရာများ၌ ငါးမျှားနည်း အမျိုးမျိုးရှိသည့်အနက် အရိုးဆုံးနှင့် အရှင်းဆုံးမှာ ငါးမျှားတန်းဖြစ်သည်။ ငါးမျှား တန်းသည် တစ်ထောင်ခန့်ရှိ၍ ငါးမျှားချိတ်တပ်ပြီး ကြိုးတို များကို ငါးမျှားကြိုးတွင် တစ်ထောင့်ခန့်စီခြား၍ ချည်ထား သည်။ ငါးစာတပ်ငါးမျှားတန်းနှင့် ငါးစာမတပ် ငါးမျှားတန်း ဟူ၍ နှစ်မျိုးခွဲထား၍ နှစ်မျိုးစလုံးကို မြစ်ချောင်းများနှင့် ပင်လယ်တို့၌ အသုံးပြုသည်။ သို့ရာတွင် ငါးစာမတပ်သော ငါးမျှားတန်းကို ပင်လယ်၌သာ အများအားဖြင့် အသုံးပြု သည်ကို တွေ့ရှိရပေသည်။ ပင်လယ်တွင် ငါးစာမတပ်သော ငါးမျှားတန်းနှင့် ငါးမျှား သောအခါ ငါးမျှားကြိုးတွင် ဖော့များချည်ပြီး ရေပြင်အောက်၌ တန်း၍ ချထားရသည်။ ငါးမျှားတန်းကို အကန့်အကန့်ပြု၍ ထောင်လေ့ရှိရာ များသောအားဖြင့် အကန့် ၃ဝ၊ ၄ဝ ခြား၍ မျှားကြသည်။ တစ်ကန့်တစ်ကန့်တွင် ငါးမျှားကြိုးသည် အတောင် ၁၂ဝ ခန့်ရှည်သည်။ ငါးစာမတပ်သော ငါးမျှားတန်း ဖြင့် အမိများသောငါးများမှာ ငမန်းနှင့် ငလိပ်ကျောက်တို့ ဖြစ်သည်။ မြစ်ချောင်းတို့တွင် ငါးစာတပ်ငါးမျှားတန်းနှင့် မျှားလေ့ရှိသည်။ ငါးမျှားချိတ်တွင် ငါးဖြင်းသလက်အရှင်ကို ချိတ်၍ ငါးရံ့များကို မျှားသည်။ ငါးမျှားတန်းကို စိုက်ထား သော ဝါးတိုင်နှစ်ခုအကြား ရေပြင်ပေါ်၌ တန်း၍ ချည်ထား လေ့ ရှိသည်။ တစ်ခါတစ်ရံ ရေပြင်အောက်ဖြစ်စေ၊ ရေပြင်တွင် ဖြစ်စေ ငါးမျှားတန်းကို ချ၍ မျှားတတ်ကြသည်။ ပင်လယ် တွင်မူ ပင်လယ်ကန်းစွန်းကို ငါးစားအဖြစ် အသုံးပြု၍ ရေတိမ် သည့်နေရာ၌ ရေပြင်တွင် ဖော့များချည်ထားကာ မျှားလေ့ရှိ သည်။ ငလိပ်ကျောက်၊ ငါးဇလုံနှင့် ငမန်းငယ်များကို ဖမ်းမိ တတ်သည်။ ငါးစားတပ် ငါးမျှားတန်းကို မြစ်ချောင်းတို့တွင် အသုံးပြုသောအခါ မျှားတန်းဟု၎င်း၊ တန်းမျှားဟု၎င်း၊ ကြိုး တန်း၊ ရေမှုန်တန်း၊ ရေပေါ်တန်ဟု၎င်း အမျိုးမျိုး ခေါ်ကြသည်။ ပင်လယ်တွင် အသုံးပြုသောအခါတွင် ပိုင်းဟု၎င်း၊ မျှားပိုင်းဟု ၎င်း၊ အမျိုးမျိုး ခေါ်ကြသည်။ ဗူးမျှောဆိုသည်မှာ အမှန်အားဖြင့် ငါးမျှားချိတ်တစ်ခုစီကို ဖော့ချည်၍ မျှားခြင်းဖြစ်သည်။ ဗူးတွင် ငါးစာတပ်ပြီး ငါးမျှား ချိတ်ရှိသော ငါးမျှားကြိုးကို ပတ်ထားရသည်။ ထိုဗူးများကို ရေစုန်မျှောပြီး လှေပေါ်မှ စောင့်ကြည့်ရသည်။ ငါးမိသောအခါ ငါးမျှားကြိုးကို ဆွဲထားသောကြောင့် ဗူးသည် ရေပြင်တွင် လည်၍ နေသည်။ ငါးထွေနှင့် ငါးတန်တို့ကို ဗူးမျှောဖြင့် အဖမ်းများသည်။ ဗူးမျှောကို ဗူးမျှောကျင်၊ မျှောဗူးဘော၊ မြစ်ခြင်းလုံးဟူ၍ အမျိုးမျိုး ခေါ်ကြသည်။ ငါးကို မမျှားဘဲ အသေထိုး၍လည်း ဖမ်းယူနိုင်သေးသည်။ သို့သော် ဤနည်းကို အထက်မြန်မာနိုင်ငံ အင်းလေးကန်၌ သာ အသုံးပြုလေ့ရှိသည်။ အင်းလေးကန်တွင် ရှဉ့်စူးနှင့် ခက်ရင်း ဟု ခေါ်သော မှိန်းနှစ်မျိုးကို အသုံးပြုသည်။ ရှဉ့်စူးသည် စူးနှစ်ခွ ဖြစ်၍ ၅ ပေခန့်ရှည်သော ဝါးလုံးအဖျားတွင် တပ် ထားပြီး ငရှဉ့်ထိုးရန်အတွက် အသုံးပြုသည်။ ခက်ရင်းသည် စူး ၅ ခွ ရှိ၍ ၁ဝ ပေခန့်ရှည်ပြီး ငါးသိုင်းထိုးရန်အတွက် အသုံး များသည်။ အသုံးပြုသောအခါ ခက်ရင်းချည်းသက်သက်ကို ဖြစ်စေ၊ ဝါးပြောင်းရှည်နှင့်တွဲ၍ဖြစ်စေ အသုံးပြုလေ့ရှိသည်။ အခြားနည်းတွင် ပြောင်းရှည်ကို ငါးရှိသည့် နေရာပေါ်သို့ ပထမ ချပေးရသည်။ ထို့နောက် ပြောင်းထိပ်ရှိ အပေါက်မှနေ၍ ငါးကို စူးနှင့် ထိုးရသည်။ အချို့ဒေသများတွင် ငါးကို ည အခါ၌ လှံရှင်နှင့် ထိုးလေ့ရှိသည်။ ထိုနည်းတွင် ညအချိန်၌ လက်နှိပ်ဓာတ်မီးနှင့် ရေကို ထိုးကြည့်သောအခါ ငါးသည် လှံသွားနှင့်တကွ ထွက်ပြေး သွားသည်။ လှံသွားများတွင် ကြိုးချည် ထားရာ ငါးမော၍ အပြေးရပ်သောအခါ ကြိုးကို ငင်ပြီး ငါးကို ဖမ်းယူရသည်။ ငါးကိုမမျှားဘဲ အသေထိုး၍ ဖမ်းနည်းကို လှံထိုးဖမ်းနည်းဟုခေါ်လေ့ရှိသည်။ ထိုကဲ့သို့ ဖမ်းနည်းကို လှံထိုး၊ စူးထိုး၊ စင်းထိုး၊ မိဖောင်ထိုးဟူ၍လည်း အမျိုးမျိုးကြသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)