ငါးမျက်ဆန်ကျယ်

ဝီကီပီးဒီးယား မှ

ငါးမျက်ဆန်ကျယ် (Hisha elongata) သည် ငါးသလောက်မျိုးတွင် ပါသည်။ ငါးမျက်ဆန်ကျယ်ကို ငသိုင်းကြီးဟူ၍လည်း ခေါ်သည်။ ငါးမျက်ဆန်ကျယ်၏ သိပ္ပံအမည်မှာ 'ဟစ်ရှာအီလောင်ဂေးတား' ဖြစ်သည်။ ငါးမျက်ဆန်ကျယ်၏ ကိုယ်မှာပြား၍ ဝမ်းပိုင်းတွင်လွှသွားကဲ့သို့ အထစ်များရှိသည်။ ပါးဟက်ပေါက်ကျယ်သည်။ ဦးခေါင်းဘေးဖက်တွင် မျက်စိရှိ၍ မျက်ခွံ၌ အဆီပြည့်ဝလျက် ရှိသည်။ နှုတ်သီးမွေး မပါချေ။ တစ်ကိုယ်လုံး အကြေးခွံများ ညီညာစွာ ရှိ၏။ ပင်လယ်ကမ်းရိုးတန်းတွင် ကျက်စားသော ငါးမျိုး ဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)