ငါးပွက်ရာ ငါးစာ ချ

ဝီကီပီးဒီးယား မှ

ငါးပွက်ရာ ငါးစာ ချ ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ငါးစာတပ်ထားသော ငါးမျှားချိတ်ကို တစ်နေရာတည်းတွင် မချဘဲ ငါးပွက်တိုင်း ငါးပွက်ရာသို့ ပြောင်းရွှေ့ချလျှင် ငါးမမိသကဲ့သို့ အလုပ်တစ်ခုကို စွဲစွဲမြဲမြဲ မလုပ်ဘဲ အကျိုးရှိနိုးနိုးနှင့် အမျိုးမျိုးပြောင်းလဲလုပ်လျှင် အရာမရောက်ဖြစ်တတ်သည်။ အခြားဆိုလိုရင်းတစ်ခုမှာ ငါးအားလုံးအတွက် ငါးစာ ကျွေးခြင်းမဟုတ်ဘဲ ငါးပွက်သည့် နေရာသို့ လိုက်၍ ငါးစာချသကဲ့သို့ ပြဿနာတစ်ခုလုံးကို အရင်းအမြစ်မှစ၍ ပြေလည်အောင် စူးစိုက်၍ မဖြေရှင်းဘဲ လတ်တလော ဖြစ်ပေါ်လာသည့် ပြဿနာများကိုသာ လတ်တလော ပြေလည်ရုံမျှ လိုက်လံဖြေရှင်းသည်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "သမာဓိန္ဒြေ မတည်၊ မငြိမ်သက်ဘဲ လောဘကြီးလျက် ငါးပွက်ရာ ငါးစာချ ဟူသကဲ့သို့ ဝိတက်ဝိစာရနှင့် ကြောင့်ကြဗျာပါတွေ များနေပါလျှင်..." [၁၂၈၀-ခန့်] ထိလက်စွဲ၊ ဒု။ ၇၂။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစကားပုံ (စတုတ္ထအကြိမ်တည်းဖြတ်ထုတ်ဝေခြင်း ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ ဇွန် ၂၀၀၈။ p. နှာ-၅၃။