ငါးတု ခရုပွက် အိုင်ပျက်

ဝီကီပီးဒီးယား မှ

ငါးတု ခရုပွက် အိုင်ပျက် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

သဘာဝအားဖြင့် ငါးကဲ့သို့ မပွက်နိုင်သော ခရုက ငါးကို တုပ၍ ပွက်သဖြင့် အိုင်၌ ငါးရှိသည်ထင်ပြီး ပက်ခြင်းကြောင့် ရေအိုင် ပျက်စီးရသကဲ့သို့ မတုပသင့်သည်ကို တုပ ယှဉ်ပြိုင်သဖြင့် မိမိရော ပတ်ဝန်းကျင်ပါ ထိခိုက်ပျက်စီးရသည်။

ဆိုလိုရင်းတူညီသောအခြားစကားပုံ[ပြင်ဆင်ရန်]

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "ဘယ်မှာ ချမ်းသာနိုင်ပါ့တော့မလဲ။ ငါးတုပြီး ခရုပွက် အိုင်ပျက်ရုံ ရှိတာပေါ့ သီသီရဲ့။" [၁၂၉၁] ကဝိမှန်၊ ၄၊ ၁။ ၂၀၇။
  • "ရန်အမှုကို မာန်ခုပြီး အန်မတုလေနှင့်။ ငါးတုလို့ ခရုပွက် အိုင်ပျက်ဆိုတဲ့ စကားကိုလည်း ဤနေရာ၌ နှိုင်းယှဉ်ပြီး ထင်မြင်အောင် စဉ်းစားမိပါစေ။" [၁၂၉၁] ကဝိမှန်၊ ၅၊ ၁၀။ ၂၄၄။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၅၂