ငါးတကာ ယိုသည့်ချေး ပုစွန်ဆိတ်ခေါင်းမှာစု

ဝီကီပီးဒီးယား မှ

ငါးတကာ ယိုသည့်ချေး ပုစွန်ဆိတ်ခေါင်းမှာစု ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ပုစွန်ဆိတ်၏ ခေါင်း၌ အညစ်အကြေးများ ပြည့်နေသဖြင့် ငါးတကာ၏ချေးသည် ပုစွန်ဆိတ်၏ခေါင်း၌ စုနေသည်ဟု ပြောစမှတ် ဖြစ်သကဲ့သို့ အများတကာပြုလုပ်သော အပြစ်များသည် တစ်ဦးတည်း အပေါ်တွင်သာ ပုံ၍ ကျရောက်သည်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "ပြည်သူပြည်သား၊ ရှင်လူများတို့၊ တရားယွင်းခွ၊ ပျက်ကုန်ကြသော်၊ ထိုမှတစ်သွန်၊ ငါးများ ဝန်ကို၊ ပုစွန်ဆိတ်ခေါင်း၊ ခံရရှောင်းသို့၊ မကောင်းသမျှ၊ မင်းတွင် ကျ၏။" [၁၂၆၆] မဃ * ၂၂၉။
  • "မင်းဟာ ထင်ရာတော့ လုပ်တဲ့ လူပဲ။ ငါးတကာ ယိုတဲ့ ချေး ပုစွန်ဆိတ်ရဲ့ ခေါင်းပေါ်ချည်း ပုံတာပေါ့။" [၁၂၉၆] ဘိက္ခုနီ။ ၁၆၈။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၅၂