ငါးကြော်မကြိုက် ကြောင်မိုက်

ဝီကီပီးဒီးယား မှ

ငါးကြော်မကြိုက် ကြောင်မိုက် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ငါးကြော်ကို တွေ့ပါလျက် မစားသော ကြောင်သည် ကြောင်မိုက်သာ ဖြစ်သကဲ့သို့ အခွင့်ကောင်းရပါလျက် မယူလိုက်သူသည် လူမိုက်သာ ဖြစ်သည်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "ငါးကြော်မကြိုက်၊ တရော်နှင့် တိုက်လိမ့်မည်၊ ကြောင်မိုက်ကြီးထင်ပါ့နော်ဟု ဆိုလတ်သော်၊" [၁၂၆၆] မန်လည်။ ၉၂။
  • "ငါးကြော်မကြိုက်တဲ့ ကြောင်မိုက်လိုပဲ၊ ကိုယ်က မရှက်ဘဲ လိုက်စားနေတာတောင် ယောင်နနကြီး လုပ်နေသေးတယ်။" [၁၂၉၀] ဒဂုန်၊ ၉၊ ၉၇။ ၂၂၉။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၅၀