ငါ့သားရွှေတောင် ရေကိုရှောင်၊ အောင်စံဖြိုး ရေချိုးရက်
ပုံပန်းသွင်ပြင်
ငါ့သားရွှေတောင် ရေကိုရှောင်၊ အောင်စံဖြိုး ရေချိုးရက် သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[၁] အချို့နေရာတွင် အောင်စံဖြိုး ရေချိုးတော့ ဟုလည်း သုံးနှုန်းကြသည်။
အဓိပ္ပာယ်
[ပြင်ဆင်ရန်]ငါ့သားရွှေတောင် ရေကိုရှောင်၊ အောင်စံဖြိုး ရေချိုးရက် ဆိုသည်မှာ ရှေးမြန်မာ့ အယူအဆအရ နာလန်ထစ လူမမာများသည် တနင်္လာ၊ သောကြာ၊ ဗုဒ္ဓဟူးနှင့် စနေနေ့များတွင် ရေမချိုးသင့်ဘဲ တနင်္ဂနွေ၊ အင်္ဂါနှင့် ကြာသပတေးနေ့များတွင် ရေချိုးသင့်သည်ဟု ဆိုလိုသည်။ ဤဆိုရိုးစကားသည် ရှေးခေတ် မြန်မာလူမျိုးတို့၏ ဗေဒင်ယုံကြည်မှုနှင့် ဆေးပညာဆိုင်ရာ အယူအဆများ ရောယှက်နေသည်ကို ဖော်ပြသည်။
- ငါ့ = တနင်္လာ
- သား = သောကြာ
- ရွှေ = ဗုဒ္ဓဟူး
- တောင် = စနေ
- အောင် = တနင်္ဂနွေ
- စံ = အင်္ဂါ
- ဖြိုး = ကြာသပတေး
ဤသို့ အက္ခရာများနှင့် နေ့များကို ဆက်စပ်ထားခြင်းဖြင့် မှတ်သားရလွယ်ကူစေရန် ရည်ရွယ်သည်။ ယခုခေတ်တွင် ဤအယူအဆကို တင်းတင်းကျပ်ကျပ် လိုက်နာသူ နည်းပါးသော်လည်း ရှေးရိုးအစဉ်အလာကို ထိန်းသိမ်းသောအားဖြင့် လူကြီးသူမများက ပြောဆိုဆုံးမလေ့ရှိကြသည်။
ကိုးကားချက်များ
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
- ↑ [၁၂၂၅-ခန့်] လောကီညွန့်။ ၅၄။ ကိုးကား အမှား - Invalid parameter "'lawkinyunt54" in
<ref>tag. The supported parameters are: dir, follow, group, name. - ↑ [၁၃၃၆] လောကီစုံ။ ၁၁။ ကိုးကား အမှား - Invalid parameter "'lawkisone11" in
<ref>tag. The supported parameters are: dir, follow, group, name.