ငါ (နာမ်စား)

ဝီကီပီးဒီးယား မှ
(ငါ မှ ပြန်ညွှန်းထားသည်)

ငါ (တရုတ်: 我; ‌ဝို(ဝေါ်)၊ ရှေးဟောင်းအသံထွက်: ငါ)ဟူသည် ကြီးသူက ငယ်သူကို ဖြစ်စေ၊ ရွယ်တူတန်းတူချင်း ဖြစ်စေ ‌ပြောဆိုရာ၌ မိမိကိုယ်ကို ရည်ညွှန်းသော စကားလုံး ဖြစ်သည်။

ဖြစ်ပေါ်လာပုံ[ပြင်ဆင်ရန်]

သည် ခေတ်သစ်တရုတ်ဘာသာတွင် ဝို(ဝေါ်)ဟု အသံထွက်ပြီး ငါဟု အဓိပ္ပာယ်ရသည်။ ရှေးဟောင်းတရုတ်ဘာသာ၌ ငါဟု အသံထွက်ခဲ့သည်။ ဤသို့ဖြင့် မြန်မာဘာသာ‌၌ မိမိကိုယ်ကို ရည်ညွှန်းသော ငါစကားလုံး ဖြစ်ပေါ်လာသည်။

အဓိပ္ပာယ်တူများ[ပြင်ဆင်ရန်]

  • ကျွန်ုပ်
  • ကျွန်တော် (အမျိုးသား) (အထက်မြန်မာပြည်၌ အမျိုးသမီးများပါ အသုံးပြု)
  • ကျွန်မ (အမျိုးသမီး)
  • ကျုပ်
  • ကိုယ် (အမျိုးသား)
  • သူများ (အမျိုးသမီး)

အသုံးပြုပုံ[ပြင်ဆင်ရန်]

ငါကို စကား‌ပြောရာတွင် ကဖြင့် တွဲ၍ ငါကဟူ၍ လည်းကောင်း၊ စာ‌ရေးရာနှင့် သစ္စာဆိုရာတွင် သည်ဖြင့် တွဲ‌၍ ငါသည်ဟူ၍ လည်းကောင်းအသုံးပြုသည်။ စကားပြောရာ၊ စာ‌ရေးရာနှင့် သစ္စာဆိုရာ အစရှိသော နေရာများ၌ ဟာဖြင့် တွဲ၍ ငါဟာဟု အသုံးပြုနိုင်သည်။

ကိုးကား[ပြင်ဆင်ရန်]

  • ငါ‌၏ အဓိပ္ပာယ်= ခရီးဆောင် မြန်မာအဘိဓာန် (၂၀၂၁ခုနှစ် စက်တင်ဘာလ)