ငဝဲရောင်

ဝီကီပီးဒီးယား မှ

ပါဏဗေဒအလိုအားဖြင့် ငဝဲရောင်ကို'ဆူဒိုဆီအင်နာ ဒိုင် အာကင်သပ်'ဟုခေါ်သည်။ ငဝဲရောင်ကို တနင်္သာရီ ကမ်းရိုးတန်း နှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်၌ တွေ့ရသည်။ ငဝဲရောင်၏ နှာတံမှာ အနည်းငယ်ပွ၏။ နှာတံအရင်းတွင် အပေါက်ကလေး ၃ ခုပါရှိ၏။ ထို့အပြင် အောက်မေးရိုးအောက်ဘက်တွင်လည်း အပေါက်ကလေး ၅ ခု ပါရှိ၏။ အမြီးဆူးတောင်သည် သပ်ပုံ သဏ္ဌာန်ရှိသည်။ ထိုငါးအရောင်မှာ ညိုမှိုင်းမှိုင်းဖြစ်၍ ကျော ဘက်တွင် ငွေရောင်ရှိသည်။ ဆူးတောင်များ၌ ရွှေရောင်ရှိသည်။ ငဝဲရောင်ကလေးများတွင် အရောင်အမျိုးမျိုးရှိ၍ ထောင်လိုက် အစင်းများလည်း ပါရှိတတ်သည်။ ငဝဲရောင် အကောင်ကြီး များသည် အရှည် ၅ ပေအထိ ကြီးထွားကြသည်။

ငဝဲရောင်မှ ငါးစည်ဖောင်းကော် ရရှိသည်။ ငပုတ်သင်၊ ငါးစားဖား၊ ကျောက်ငါးရံ့တို့သည် ငဝဲရောင်နှင့် မျိုးချင်းနွှယ် သော ငါးများဖြစ်ကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)